Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စတော်ဘယ်ရီ၏ အကျိုးကျေးဇူးများ

စတော်ဘယ်ရီကို အအေးပိုင်းဒေသတွေမှာစိုက်လေ့ရှိပြီး သူ့ရဲ့အနံ့အရသာ၊ အရောင်အသွေးကြောင့် မြင်သူတိုင်းဆွဲဆောင်နိုင်တဲ့ စတော်ဘယ်ရီသီးရဲ့ အကျိုးကျေးဇူးများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်၊ ပြင်ဦးလွင်တို့မှာအစိုက်များပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလကစလို့ ဧပြီလ၊ မလထိ တွေ့ရပါတယ်။ ပြင်ဦးလွင် သွားလည်တဲ့သူတွေကို အပြန်စတော်ဘယ်ရီသီးလက်ဆောင်မှာရတာလည်း ထုံးစံတစ်ခုလိုဖြစ်နေပါတယ်။

 

မြန်မာပြည်မှာတော့ စတော်ဘယ်ရီသီးကို ပုံမှန်အားဖြင့် အကြီး၊ အသေး ၂ မျိုးတွေ့ရပြီး အသေးကတော့ စတော်ဘယ်ရီရဲ့ အရသာစစ်စစ်ကို ပိုခံစားမိစေပါတယ်။ ဒါပေမယ့် တစ်နေရာကနေ တစ်နေရာကို သယ်တဲ့အခါ မခံဘဲ ပျက်စီးလွယ်တာမို့ အခုနောက်ပိုင်း စိုက်တဲ့သူတွေက ပိုမာပြီးအကြမ်းခံတဲ့ နိုင်ငံခြားမျိုး စတော်ဘယ်ရီးသီးအကြီးတွေကို အစိုက်များလာပါတယ်။

 

စတော်ဘယ်ရီကို အစားအသောက်တွေမှာ ထည့်သုံးလေ့ရှိကြပြီး အထူးသဖြင့် ရေခဲမုန့်၊ ယို၊ ဂျယ်လီ၊ ချောကလက်၊ အချိုရည်၊ ပေါင်မုန့်တို့အပြင် အခုနောက်ပိုင်း ဆေးဝါးတွေမှာပါ ရောနှောသုံးလာကြပါပြီ။

Read More >>>>> အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

အမြင်လှရုံတင်မကပဲ အနံ့အရသာပါပြည့်စုံတဲ့ စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း များပြားလွန်းပါတယ်။

 

ဘယ်ရီသီးအနွယ်ဝင်ဖြစ်တာမို့ ကင်ဆာရောဂါကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ သွေးတိုး၊ ဂေါက်ရောဂါတွေကိုပါ သက်သာစေတဲ့အပြင် အမြင်အာရုံ၊ အာရုံကြောစနစ်နဲ့ ကိုယ်ခံစွမ်းအားကိုပါ မြင့်တင်ပေးနိုင်တဲ့အသီးဖြစ်ပါတယ်။

 

စတော်ဘယ်ရီးသီးရဲ့ ပင်ကိုယ်ကိုက ထိခိုက်လွယ်တဲ့အသီးမို့ မစားသေးဘူးဆိုရင် ရေဆေးပြီး အညှာချွေတာမျိုး မလုပ်ထားပဲ တစ်ရှူးနဲ့သုတ်ပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။ နွေရာသီမှာ အမောပြေဖို့ သံပရာရည်တစ်ခွက်အစား စတော်ဘယ်ရီဖျော်ရည်တစ်ခွက်က သင့်ကိုလန်းဆန်းသွားစေပါတယ်။

 

စတော်ဘယ်ရီသီးကို အသီးအတိုင်းစားတာထက်စာရင် ဖျော်ရည်ဖျော်သောက်တာက အနံ့အရသာပိုပေါ်လွင်စေပါတယ်တဲ့။ ဒါဆိုရင် အရသာရှိတဲ့ စတော်ဘယ်ရီဖျော်ရည် ဖျော်နည်းလေး ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

စတော်ဘယ်ရီသီးတွေကို အညှာချွေပြီး ရေအေးနဲ့သန့်စင်ထားပါ။ သန့်စင်ပြီးသား စတော်ဘယ်ရီသီးတွေကို အနေတော် အပိုင်းလေးတွေလှီးထားပါ။ လှီးထားတဲ့စတော်ဘယ်ရီသီးရယ်၊ သံပရာရည်အနည်းငယ်နဲ့ သကြားတို့ကိုရောပြီး ဖျော်စက်ထဲထည့်ဖျော်ပါ။

 

အားလုံးညက်သွားပြီဆိုရင် ရေခဲတုံး၊ ရေအနည်းငယ်ထည့်ပြီး ထပ်ဖျော်လိုက်ရင် နီရဲပြီး မွှေးပျံတဲ့ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကို အရသာရှိစွာ သုံးဆောင်လို့ ရပါပြီ။

 

Ref: Organic Facts, Spice up the curry

Read times
Rate this item
(1 Vote)