Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အကျက်လွန်အစားအစားတွေကို စားတဲ့အခါ ဘာတွေဖြစ်နိုင်မလဲ

Overcook ဆိုတာ အဘိဓာန်ထဲကြည့်လိုက်လျှင် အကျက်လွန်တယ်။ လိုတာထက် ပိုချက်တယ်လို့တွေ့ရမှာပါ။ အကျက်လွန်အစားအစားတွေကို စားတဲ့အခါ ဘာတွေဖြစ်နိုင်မလဲ။

 

Switzerland (ဆွတ်ဇလန်) က ၁၉၃၀ မှာ ပြုလုပ်ခဲ့တဲ့ သုသေတနတွေမှာ ပြုပြင်ထားတဲ့ အစားအစာတွေ နှင့် အကျက်လွန်နေတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွင်း သွေးဖြူဥတွေ မြင့်တက်စေတယ်ဆိုပါတယ်။

 

ဒီလိုအခြေအနေကို digestive leucocytosis လို့ခေါ်ပါတယ်။ ရောဂါပိုးတွေ နှင့် ရောငိကိုင်းခြင်းတွေကြောင့် ထိုကဲ့သို့ သွေးဖြူဥမြင့်တက်တဲ့ အခြေအနေ(digestive leucocytosis) ဖြစ်နိုင်တယ်ဆိုပါတယ်။ အပူချိန်ပြင်းပြင်းမှာ အချိန်အကြာကြီးချက်ထားတဲ့ အစားအစာတွေကို ခန္ဓာကိုယ်က ချေဖျက်စုပ်ယူဖို့ အချိန်အကြာကြီးလိုအပ်ပြီး ကျန်းမာရေးအတွက် မကောင်းဘူးဆိုပါတယ်။

 

အသားတွေကို အပူချိန်ပြင်းပြင်းနှင့် အချိန်အကြာကြီးချက်တဲ့အခါ HCAs (heterocyclic amines) နှင့် PAHs (polycyclic aromatic hydrocarbons) လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းတွေထွက်လာတတ်ပါတယ်။ ချက်ပြုတ်နေစဉ် မီးခိုး နှင့် ထိတွေ့တဲ့အစားအစာတွေနှင့် တူးသွားတဲ့အစားအစာတွေမှာ ဒီဓာတ်နှစ်မျိုးပိုဖြစ်တယ်ဆိုပါတယ်။

 

သုသေတနတွေမှာလည်း ကင်ဆာနှင့် အကျက်လွန်တဲ့ အစားအစာတွေဆက်စပ်နေကြောင်း ရေးထားတာမြောက်မြားစွာတွေ့ရပါတယ်။ တိရစ္ဆာန်တွေကို စမ်းသပ်တဲ့ သုသေတနတွေမှာ HCAs များပြားစွာပါဝင်တဲ့ အစာတွေကို ကျွေးကြည့်တဲ့အခါ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နှင့် အသည်းကင်ဆာတွေ ပိုဖြစ်တယ်ဆိုပါတယ်။

 

ပညာရှင်တွေက အစားအစာတွေကို ကင်မစားဖို့ နှင့် အပူချိန်ပြင်းပြင်းနှင့် အချိန်အကြာကြီးချက်မစားဖို့ အကြံပေးကြပါတယ်။ အကင်ကြိုက်တဲ့ ကျွန်တော့်အတွက် ဆင်ခြင်စရာတွေပါ။ ကဆီဓာတ်များတဲ့ ပေါင်မုန့်မီးကင်တို့၊ ပြင်သစ်အာလူးကြော်တို့မှာ ကင်ဆာဖြစ်စေတဲ့ acrylamide ဓာတ်ပေါင်းတွေသိပ်များတယ်ဆိုပါတယ်။

 

ကင်ဆာဖြစ်စေတဲ့ acrylamide ဓာတ်ပေါင်းတွေက အစားအစာတွေကို အပူချိန် 120'C လောက်အပူပေးမှ ထွက်လာတတ်ပေမည့် acrylamide ဓာတ်ပေါင်းတွေအစားအစာတွေမှာ ပါဝင်မှုများလာတာနှင့်အမျှ ကင်ဆာဖြစ်နိုင်ချေတိုးလာတာကြောင့် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ကတောင် acrylamide ဓာတ်ပေါင်းတွေကို အထူးအာရုံစိုက်နေရပါပြီ။

 

အကျက်လွန်တဲ့ အစားအစာတွေမှာ ဗိုက်တာမင်တွေချို့တဲ့ကုန်တယ်ဆိုပါတယ်။ အထူးသဖြင့် ဗိုက်တာမင် B1 ၊ B3 နှင့် ဖောလိပ်ဓာတ်တွေ ချို့တဲ့သွားတတ်ပါတယ်။ အထူးသဖြင့် အသီးအရွက်တွေ ချက်ပြုတ်တဲ့အခါ ပိုသတိထားသင့်တယ်ဆိုပါတယ်။ အသီးအရွက်ချက်တဲ့အခါ ပိုးသတ်ဆေးစင်အောင်ဆေးဖို့ နှင့် တတ်နိုင်သမျှ အနိမ်ဆုံးထားဖို့လိုပါလိမ့်မယ်။

 

ကြော်တဲ့ အသီးအရွက် နှင့် ကင်တဲ့အသီးအရွက်မှာ အာဟာရတန်ဖိုးမြန်မြန်ပျောက်သွားတယ်ဆိုတော့ ကျွန်တော်ဘီယာသောက်တဲ့အခါ အမြည်းအနေနှင့်စားတဲ့ ပန်းဂေါ်ဖီစိမ်းကင်မှာ အာဟာရတန်ဖိုးရှိမှ ရှိပါ့မလားတောင်တွေးစရာပါ။ ကျွန်တော်လည်း အတော်ပညာရပါတယ်။

 

Read More >>>>>   စပျစ်သီး၏ အကျိုးကျေးဇူးများ

 

အကျက်လွန်တဲ့ အစားအစာနှင့် candida လို့ခေါ်တဲ့ မှိုတွေကလည်း ဆက်စပ်မှုရှိတယ်ဆိုပါတယ်။ အကျက်လွန်တဲ့ အစားအစာတွေကြောင့် ရင်ပူခြင်းနှင့် အစာနှင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်တယ်ဆိုပါတယ်။

 

ပြုပြင်ထားတဲ့ အသင့်စားအစားတွေကို ရှောင်သလို အကျက်လွန်တဲ့ အစားအစာတွေကိုလည်းရှောင်ပါလို့ ကျန်းမာရေးပညာရှင်တွေပြောပါတယ်။ သဘာဝအစားအစာတောင် မစားတတ်တဲ့ အခါ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ စားတတ်ဖို့လည်း အသိပညာဗဟုသုတရှိဖို့လိုပါတယ်။ အသိပညာနှင့် စားတတ်ကြပါစေ။

 

Credit: Dr. PHYO MAUNG

Read times Last modified on Wednesday, 14 August 2019 14:59
Rate this item
(0 votes)