Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးစိမ်ရေလေးလုပ်ပြီး သောက်ကြရအောင်

အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။  


သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် နေ့စဉ်လူတိုင်း စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေပြီး  ကျန်းမာလာစေမှာပါ။

 

Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

 

Apple Cider Vinegar Detox Water
ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။

 

Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။

 

Simple Detox Water
သံပရာသီး၊ သံပယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိတ်လောက် ညှစ်ထည့်၍ သောက်ပါ။

 

Cucumber Lemon Mint Detox Water
ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။

 

Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ချပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။

 

Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ၀ိတ်ကိုလည်း ကျစေပါတယ်။

 

Fruits Detox Water
ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။

 

ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။ အနည်းဆုံး ၆ နာရီမှ ၁၀ နာရီခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို ၂ရက်(၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။ ဒီထက် ပိုကြာသွားလျှင် မလတ်ဆတ်တော့ပါ။

 

ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံးဝမစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။ စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။

 

ဝမ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကြောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုတော့ပါ။

 

သကြားနှင့် ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

Read times Last modified on Friday, 12 April 2019 10:23
Rate this item
(2 votes)