Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

Unicode

 


ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်


မိုးရာသီ အစမှာ ကျောင်းတွေလည်းဖွင့်တော့မယ်ဆိုတော့ ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ အဝတ်အစားအသစ်၊ ထီး၊ ဖိနပ်နဲ့ ထမင်းဘူး၊ရေဘူးတွေ ဝယ်ပေးတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်ရတော့မယ်ဆိုတော့ ကလေးတွေစိတ်အလှုပ်ရှားဆုံးအချိန်ပေါ့။ အိမ်ကနေ ခွဲခွာပြီး

ကျောင်းတက်ရတော့မှာဖြစ်လို့ ငိုယိုနေတဲ့ အိမ်ပျော်လေးတွေလည်း ရှိသေးတယ်။


အခုမှကျောင်းစတက်မယ့် ကလေးတွေအတွက် စီစဉ်ရင်းနဲ့ ဖေဖေမေမေ တို့လည်း အလုပ်တွေရှုပ်နေမှာပါ။ ဒါပေမယ့် တခြားအရာတွေထက် အလေးထားသင့်တဲ့ တကယ်အရေးကြီးတဲ့အချက်ရှိနေသေးတာကို မမေ့လိုက်ပါနဲ့နော်။ အဲဒါကတော့ ကလေးအတွက် ဘေးကင်းစိတ်ချရတဲ့ အစာအာဟာရ ပေးနိုင်ဖို့ပါ။


အိမ်မှာရှိနေတုန်းတော့ အရိပ်တကြည့်ကြည့်နဲ့ ကျွေးလို့မွေးလို့ရနိုင်ပေမယ့် မိဘနဲ့ခွဲပြီး ကျောင်းစတက်ရမယ့်ကလေးဟာ အရင်လောက် အာဟာရပြည့်ဝအောင် အစားဝင်နိုင်ပါ့မလား။ ထမင်းခွံ့မယ့်အမေ မပါတော့ မစားဖြစ်ရင် ဘယ်လိုလုပ်ပါ့မလဲ တွေးပူကြပါလိမ့်မယ်။ သရေစာကြိုက်တဲ့ကလေးက မုန့်စားဆင်းချိန်မှာ ဘေးကင်းမကင်း မသိရတဲ့မုန့်တွေ ဝယ်စားရင်ရော။ ဒီလိုတွေ တွေးပူမနေရဖို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေ ပြောပြမယ်နော်။

 

Rice Mills ဆန္စက္ေပါင္း ၈၃ ခုကိုရွာရန္ႏွိပ္ပါ။


အာဟာရပြည့်တဲ့ မနက်စာ ကျွေးခြင်း

မနက်စာ ကောင်းကောင်းစားတဲ့ ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်းပြီး ခွန်အားပြည့်ဝတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခွန်အားပြည့်ဝမှုအတွက် ကွေကာ၊ နို့၊ ကြက်ဥ၊ အသားနဲ့ငါး၊ပဲနို့တို့လို  ပရိုတင်းဓာတ်ပါဝင်မှုများတဲ့မနက်စာ ပြင်ဆင်ပေးသင့်ပါတယ်။ ဥပမာ – ဆီမများတဲ့ ထမင်းကြော်၊ ကြာဇံကြော် ဒါမှမဟုတ် ပေါင်မုန့်ကြက်ဥကြော်၊ အာဟာရ၊ အသားညှပ်ပေါင်မုန့်နဲ့ နို့


ကျန်းမာရေးနဲ့ညီတဲ့ သရေစာမုန့်တွေ စီစဉ်ပေးခြင်း

ဆီမသန့်တဲ့ အာလူးကြော်တွေ၊ စံမမီတဲ့ မုန့်ပဲသရေစာတွေဝယ်စားမိတာမျိုး မဖြစ်စေဖို့ အသီးအနှံ လေးတွေကို ချစ်စဖွယ်ပုံဖော်လှီးဖြတ်ပေးလိုက်တာ၊ ကိုယ်တိုင်လုပ်ပေးတဲ့ မုန့်(ပူတင်း၊ ကိတ်မုန့်၊ စတာတွေ) နဲ့ အိုဗာတင်း/မိုင်လို တို့လို အာဟာရဖြစ်မယ့် သောက်စရာတစ်ခုခု သို့မဟုတ် အသီးဖျော်ရည် ဖျော်ပြီးထည့်ပေးလိုက်တာတွေ လုပ်ပေးသင့်ပါတယ်။


ဒါပြီး ဒါပဲ အမြဲကျွေးမနေခြင်း

ကလေးအများစုက သူတို့ကြိုက်တဲ့အစားအစာဆို များများစားတတ်ပြီး မစားဖူးသေးတဲ့အရာတွေကို ခေါင်းခါတတ်ပါတယ်။ သိပ်မစားတော့မှာစိုးတာနဲ့ပဲ ဒီအချိန်ဆို အမြဲဒါပဲကျွေးတာမျိုးလုပ်ဖို့မလိုပါဘူး။ အပြောင်းအလဲလေးတွေ၊ အဆန်းအပြားလေးတွေ လုပ်ကျွေးပါ။ ဥပမာ အသားပေါင်းကြိုက်တဲ့ကလေးအတွက် မုန်လာဥနီထည့်ပြီးအသားပေါင်းပေးတာမျိုး အသီးအရွက်လေးတွေ မသိမသာထည့်ကျွေးပါ။ မုန့်ဆိုလည်း အိမ်သုံးမုန့်လုပ်နည်းလေးတွေကို လေ့လာပြီး ကိုယ်တိုင်လုပ်ကျွေးပါ။ သူကြိုက်တတ်တဲ့မုန့်ထဲမှာ အာဟာရပြည့်မယ့်အရာတွေ ပြုပြင်ပေါင်းထည့်လို့ရတာပေါ့။

 

အချိုရည်ဘူးတွေ တံဆိပ်မျိုးစုံ ဝယ်မတိုက်ခြင်း

ကလေးကြိုက်တတ်တဲ့ အချိုရည်တွေကို ကတ်လိုက်ဝယ်ထားပြီး တစ်နေ့တစ်ဗူး ကျောင်းထည့်ပေးလိုက်တာမျိုးမလုပ်သင့်ပါဘူး။ တစ်ခါတလေက ကိစ္စမရှိပေမယ့် နေ့တိုင်းဆိုရင် ကောင်းကျိုးမရှိနိင်ပါဘူး။ နေ့တိုင်းအတွက်ဆိုရင်တော့ ဒါတွေတိုက်မယ့်အစား အသီးအနှံတွေဝယ်ထားပြီး ကိုယ်တိုင်ကြိတ်ဖျော်တဲ့ဖျော်ရည်ထည့်ပေးတာမျိုး၊ အသီးဖျော်ရည်ဝယ်ပြီး အချိုပေါ့ပေါ့ ကိုယ်တိုင်ဖျော်ပေးလိုက်တာမျိုးက ပိုကောင်းပါတယ်။


အချိုလုံးဝမစားနဲ့ဆိုတာမျိုး မပိတ်ပင်ခြင်း

မစားရဘူးဆို ပိုစားချင်တာမျိုးက ကလေးသဘာဝမို့ အတင်းမပိတ်ပင်ပါနဲ့။ သကြားဓာတ်က မလွန်ကဲဘူးဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်ပဲဆိုတော့ ကလေးစားမယ့်အစားအစာထဲမှာ အချိုမလွန်ကဲဘဲ ထိုက်သင့်သလောက်သာ ပါစေဖို့က မိဘတာဝန်ပါ။ ဆေးသကြားနဲ့ ဆိုးဆေးမပါတဲ့ သကြားလုံးလေးတွေ စည်းနဲ့ကမ်းနဲ့ ကျွေးပါ။ သူကြိုက်တတ်တဲ့အစားအသောက်လေးတွေ ကျောင်းကိုထည့်ပေးလိုက်ပါ။ ကြိုက်တာလေးတွေစားရလို့ ကျေနပ်နေတဲ့ကလေးက အိမ်ကမုန့်တွေနဲ့ တူနေတဲ့ အပြင်စာကိုတောင့်တနေတော့မှာမဟုတ်ပါဘူး။


ဆီကြော်အစားအစာတွေ၊ အချိုပွဲတွေ၊ အချိုရည်ဘူးတွေ၊ ပြုပြင်စီမံထားတဲ့အစားအသောက်တွေက ကလေးတွေမှာ စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေတိုးစေပါတယ်။ တစ်နေ့ကို အချိုရည်လေးကြိမ်သောက်တဲ့ကလေးက စိတ်ကျရောဂါဖြစ်နိုင်ခြေများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖင်းကလည်း ဒီအတိုင်းပါပဲ။

 

Read More >>>>>    တည္သီး ကို ၃ႏွစ္ေအာက္ကေလးမ်ား မေကၽြးသင့္


ကလေးရဲ့ ကျောင်းသားဘဝ စစချင်းမှာ ဘေးကင်းကျန်းမာအောင် အခုလိုကြိုးစားစီစဉ်ပေးမယ်ဆိုရင်  ရောဂါဘယကင်းဝေးပြီး စာတော်ထက်မြက်တဲ့ သားသမီးရတနာလေးတွေအဖြစ် ကြီးပြင်းလာမှာသေချာပါတယ်။ အလေ့အကျင့်ကောင်းတွေ ရသွားပြီဆိုရင် နောင်အသက်ကြီးလာတဲ့အခါလည်း ကျန်းမာရေးနဲ့ညီအောင် စားသောက်နေထိုင်နိုင်ကြမှာပါ။

Source: hellosayawon

 

 

ေက်ာင္းစတက္မယ့္ ကေလးေတြအတြက္ အစာအာဟာရေဘးကင္းေအာင္ စီစဥ္ေပးၾကမယ္

 

မိုးရာသီ အစမွာ ေက်ာင္းေတြလည္းဖြင့္ေတာ့မယ္ဆိုေတာ့ ေက်ာင္းသံုးပစၥည္းေလးေတြဝယ္၊ အဝတ္အစားအသစ္၊ ထီး၊ ဖိနပ္နဲ႔ ထမင္းဘူး၊ေရဘူးေတြ ဝယ္ေပးတဲ့အခ်ိန္၊ သူငယ္ခ်င္းေတြနဲ႔ေက်ာင္းတက္ရေတာ့မယ္ဆိုေတာ့ ကေလးေတြစိတ္အလႈပ္ရွားဆံုးအခ်ိန္ေပါ့။ အိမ္ကေန ခြဲခြာၿပီး

ေက်ာင္းတက္ရေတာ့မွာျဖစ္လို႔ ငိုယိုေနတဲ့ အိမ္ေပ်ာ္ေလးေတြလည္း ရွိေသးတယ္။

 


အခုမွေက်ာင္းစတက္မယ့္ ကေလးေတြအတြက္ စီစဥ္ရင္းနဲ႔ ေဖေဖေမေမ တို႔လည္း အလုပ္ေတြရႈပ္ေနမွာပါ။ ဒါေပမယ့္ တျခားအရာေတြထက္ အေလးထားသင့္တဲ့ တကယ္အေရးႀကီးတဲ့အခ်က္ရွိေနေသးတာကို မေမ့လိုက္ပါနဲ႔ေနာ္။ အဲဒါကေတာ့ ကေလးအတြက္ ေဘးကင္းစိတ္ခ်ရတဲ့ အစာအာဟာရ ေပးနိုင္ဖို႔ပါ။

 


အိမ္မွာရွိေနတုန္းေတာ့ အရိပ္တၾကည့္ၾကည့္နဲ႔ ေကြ်းလို႔ေမြးလို႔ရနိုင္ေပမယ့္ မိဘနဲ႔ခြဲၿပီး ေက်ာင္းစတက္ရမယ့္ကေလးဟာ အရင္ေလာက္ အာဟာရျပည့္ဝေအာင္ အစားဝင္နိုင္ပါ့မလား။ ထမင္းခြံ႔မယ့္အေမ မပါေတာ့ မစားျဖစ္ရင္ ဘယ္လိုလုပ္ပါ့မလဲ ေတြးပူၾကပါလိမ့္မယ္။ သေရစာႀကိဳက္တဲ့ကေလးက မုန္႔စားဆင္းခ်ိန္မွာ ေဘးကင္းမကင္း မသိရတဲ့မုန္႔ေတြ ဝယ္စားရင္ေရာ။ ဒီလိုေတြ ေတြးပူမေနရဖို႔ အသံုးဝင္မယ့္ အႀကံျပဳခ်က္ေလးေတြ ေျပာျပမယ္ေနာ္။

 

Rice Mills ဆန္စက္ေပါင္း ၈၃ ခုကိုရွာရန္ႏွိပ္ပါ။


အာဟာရျပည့္တဲ့ မနက္စာ ေကြ်းျခင္း

မနက္စာ ေကာင္းေကာင္းစားတဲ့ ကေလးေတြဟာ မွတ္ဥာဏ္ပုိေကာင္းျပီး ခြန္အားျပည့္ဝတယ္လို႔ ေလ့လာမႈေတြက ေဖာ္ျပပါတယ္။ ၾကီးထြားဖြံ႔ျဖိဳးမႈနဲ႔ ခြန္အားျပည့္ဝမႈအတြက္ ေကြကာ၊ ႏို႔၊ ၾကက္ဥ၊ အသားနဲ႔ငါး၊ပဲနို႔တို႔လို  ပရိုတင္းဓာတ္ပါဝင္မႈမ်ားတဲ့မနက္စာ ျပင္ဆင္ေပးသင့္ပါတယ္။ ဥပမာ – ဆီမမ်ားတဲ့ ထမင္းေၾကာ္၊ ၾကာဇံေၾကာ္ ဒါမွမဟုတ္ ေပါင္မုန္႔ၾကက္ဥေၾကာ္၊ အာဟာရ၊ အသားညွပ္ေပါင္မုန္႔နဲ႔ ႏို႔

 


က်န္းမာေရးနဲ႔ညီတဲ့ သေရစာမုန္႔ေတြ စီစဥ္ေပးျခင္း

ဆီမသန္႔တဲ့ အာလူးေၾကာ္ေတြ၊ စံမမီတဲ့ မုန္႔ပဲသေရစာေတြဝယ္စားမိတာမ်ိဳး မျဖစ္ေစဖုိ႔ အသီးအႏွံ ေလးေတြကို ခ်စ္စဖြယ္ပံုေဖာ္လွီးျဖတ္ေပးလိုက္တာ၊ ကိုယ္တိုင္လုပ္ေပးတဲ့ မုန္႔(ပူတင္း၊ ကိတ္မုန္႔၊ စတာေတြ) နဲ႔ အိုဗာတင္း/မိုင္လို တို႔လို အာဟာရျဖစ္မယ့္ ေသာက္စရာတစ္ခုခု သို႔မဟုတ္ အသီးေဖ်ာ္ရည္ ေဖ်ာ္ၿပီးထည့္ေပးလိုက္တာေတြ လုပ္ေပးသင့္ပါတယ္။

 


ဒါၿပီး ဒါပဲ အၿမဲေကြ်းမေနျခင္း

ကေလးအမ်ားစုက သူတို႔ႀကိဳက္တဲ့အစားအစာဆို မ်ားမ်ားစားတတ္ၿပီး မစားဖူးေသးတဲ့အရာေတြကို ေခါင္းခါတတ္ပါတယ္။ သိပ္မစားေတာ့မွာစိုးတာနဲ႔ပဲ ဒီအခ်ိန္ဆို အၿမဲဒါပဲေကြ်းတာမ်ိဳးလုပ္ဖို႔မလိုပါဘူး။ အေျပာင္းအလဲေလးေတြ၊ အဆန္းအျပားေလးေတြ လုပ္ေကြ်းပါ။ ဥပမာ အသားေပါင္းႀကိဳက္တဲ့ကေလးအတြက္ မုန္လာဥနီထည့္ၿပီးအသားေပါင္းေပးတာမ်ိဳး အသီးအရြက္ေလးေတြ မသိမသာထည့္ေကြ်းပါ။ မုန္႔ဆိုလည္း အိမ္သံုးမုန္႔လုပ္နည္းေလးေတြကို ေလ့လာၿပီး ကိုယ္တိုင္လုပ္ေကြ်းပါ။ သူႀကိဳက္တတ္တဲ့မုန္႔ထဲမွာ အာဟာရျပည့္မယ့္အရာေတြ ျပဳျပင္ေပါင္းထည့္လို႔ရတာေပါ့။

 

အခ်ိဳရည္ဘူးေတြ တံဆိပ္မ်ိဳးစံု ဝယ္မတိုက္ျခင္း

ကေလးႀကိဳက္တတ္တဲ့ အခ်ိဳရည္ေတြကို ကတ္လိုက္ဝယ္ထားၿပီး တစ္ေန႔တစ္ဗူး ေက်ာင္းထည့္ေပးလိုက္တာမ်ိဳးမလုပ္သင့္ပါဘူး။ တစ္ခါတေလက ကိစၥမရွိေပမယ့္ ေန႔တိုင္းဆိုရင္ ေကာင္းက်ဳိးမရွိနိင္ပါဘူး။ ေန႔တိုင္းအတြက္ဆိုရင္ေတာ့ ဒါေတြတိုက္မယ့္အစား အသီးအႏွံေတြဝယ္ထားၿပီး ကိုယ္တိုင္ႀကိတ္ေဖ်ာ္တဲ့ေဖ်ာ္ရည္ထည့္ေပးတာမ်ိဳး၊ အသီးေဖ်ာ္ရည္ဝယ္ၿပီး အခ်ိဳေပါ့ေပါ့ ကိုယ္တိုင္ေဖ်ာ္ေပးလိုက္တာမ်ိဳးက ပိုေကာင္းပါတယ္။

 


အခ်ိဳလံုးဝမစားနဲ႔ဆိုတာမ်ိဳး မပိတ္ပင္ျခင္း

မစားရဘူးဆို ပိုစားခ်င္တာမ်ိဳးက ကေလးသဘာဝမို႔ အတင္းမပိတ္ပင္ပါနဲ႔။ သၾကားဓာတ္က မလြန္ကဲဘူးဆိုရင္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ဓာတ္ပဲဆိုေတာ့ ကေလးစားမယ့္အစားအစာထဲမွာ အခ်ိဳမလြန္ကဲဘဲ ထိုက္သင့္သေလာက္သာ ပါေစဖို႔က မိဘတာဝန္ပါ။ ေဆးသၾကားနဲ႔ ဆိုးေဆးမပါတဲ့ သၾကားလံုးေလးေတြ စည္းနဲ႔ကမ္းနဲ႔ ေကြ်းပါ။ သူႀကိဳက္တတ္တဲ့အစားအေသာက္ေလးေတြ ေက်ာင္းကိုထည့္ေပးလိုက္ပါ။ ႀကိဳက္တာေလးေတြစားရလို႔ ေက်နပ္ေနတဲ့ကေလးက အိမ္ကမုန္႔ေတြနဲ႔ တူေနတဲ့ အျပင္စာကိုေတာင့္တေနေတာ့မွာမဟုတ္ပါဘူး။

 


ဆီေၾကာ္အစားအစာေတြ၊ အခ်ိဳပြဲေတြ၊ အခ်ိဳရည္ဘူးေတြ၊ ျပဳျပင္စီမံထားတဲ့အစားအေသာက္ေတြက ကေလးေတြမွာ စိုးရိမ္ပူပန္စိတ္နဲ႔ စိတ္ဓာတ္က်ျခင္း ျဖစ္နုိင္ေျခတိုးေစပါတယ္။ တစ္ေန႔ကို အခ်ိဳရည္ေလးႀကိမ္ေသာက္တဲ့ကေလးက စိတ္က်ေရာဂါျဖစ္နိုင္ေျခမ်ားေစတယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ အားျဖည့္အခ်ိဳရည္ေတြမွာပါတဲ့ ကဖင္းကလည္း ဒီအတိုင္းပါပဲ။

 

Read More >>>>>    တည္သီး ကို ၃ႏွစ္ေအာက္ကေလးမ်ား မေကၽြးသင့္

 


ကေလးရဲ႕ ေက်ာင္းသားဘဝ စစခ်င္းမွာ ေဘးကင္းက်န္းမာေအာင္ အခုလိုႀကိဳးစားစီစဥ္ေပးမယ္ဆိုရင္  ေရာဂါဘယကင္းေဝးၿပီး စာေတာ္ထက္ျမက္တဲ့ သားသမီးရတနာေလးေတြအျဖစ္ ႀကီးျပင္းလာမွာေသခ်ာပါတယ္။ အေလ့အက်င့္ေကာင္းေတြ ရသြားၿပီဆိုရင္ ေနာင္အသက္ႀကီးလာတဲ့အခါလည္း က်န္းမာေရးနဲ႔ညီေအာင္ စားေသာက္ေနထိုင္နိုင္ၾကမွာပါ။

 

Source: hellosayawon

Read times Last modified on Friday, 21 February 2020 16:33
Rate this item
(1 Vote)