Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရေစင်ရေမန်းတော်ကြီးမှာ သောက်သုံးရန်မသင့်ကြောင်း FDA ထုတ်ပြန်

 ရေစင်ရေမန်းတော်ကြီးမှာ သောက်သုံးရန်မသင့်ကြောင်း FDA ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ “ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ် သောက်ရေသန့်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူ တို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

 

“ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ် သောက်ရေသန့်များသည် ဓာတ်ခွဲစစ်ဆေးချက်အရ အဏုဇီဝနှင့် ဓာတုသတ်မှတ်ချက်တို့ဖြင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသောက်ရေသန့်သည် သောက်သုံးရန်မသင့်သော သောက်ရေသန့်ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

Source: FDA

298661463_5581821295174075_3175125715155568109_n.jpg

 

Read times Last modified on Monday, 15 August 2022 14:18
Rate this item
(1 Vote)