Food & Health
×
Warning
JUser: :_load: Unable to load user with ID: 540
မုန်ညှင်းဆီအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
Unicode ဖြင့်ဖတ်ရန်
မုန်ညှင်းဆီအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
မုန်ညှင်းဆီကို စားသုံးခြင်းဖြင့် ကောင်းကျိုးများပေးစွမ်းသလို ခန္ဓာကိုယ်လိမ်းကြံခြင်းဖြင့်လည်း များစွာအသုံးဝင်ပါတယ်။
မုန်ညှင်းဆီကိုအရေပြားတွင်လိမ်းခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ
၁။ အရေပြားပေါ်ရှိ ထိခိုက်ရှနာများတွင် လိမ်းပါကရောဂါပိုးမွှား (Bacteria infection) အန္တရာယ်မှကာကွယ်ပေးခြင်း၊ မှိုရောဂါ (Fungal infection) များကိုသက်သာပျောက်ကင်းစေခြင်း
၂။ မုန်ညှင်းဆီတွင် ဗီတာမင်အီး (Vitamin E ) ကြွယ်ဝစွာပါဝင်းခြင်းကြောင့် အရေပြားပေါ်တွင် ပွတ်လိမ်းခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
၃။ သွားဖုံးရောင်သွားကိုက် ဝေဒနာရှင်များတွင် မုန်ညှင်းဆီလိမ်းပေးပါက သက်သာပျောက်ကင်းစေခြင်း
၄။ ဒူးနာ၊ ခါးနာရောဂါများတွင် မုန်ညှင်းဆီ ကိုပွတ်လိမ်းခြင်းဖြင့် နာကျဉ်မှု ဝေဒနာများကိုသက်သာစေခြင်း
၅။ ကြွက်သားနာကျဉ်ကိုက်ခဲခြင်း၊ အကြာတင်းခြင်း၊ ကြွက်တက်ခြင်းများတွင် မုန်ညှင်းဆီဖြင့်လိမ်း၍ နှိပ်နယ်ပေးပါက သက်သာပျောက်ကင်းစေခြင်း
၆။ မုန်ညှင်းဆီကို ရနံ့ဆီတစ်မျိုးမျိုးဖြင့်ရောကာ ခန္ဓာကိုယ်အနှံ့လိမ်းကာနှိပ်နယ်ပေးပါက သွေးလည်ပတ်မှုကိုကောင်းစေပြီး စိတ်ဖိစီးမှု ကိုလျော့ကျစေခြင်း တို့အပြင်
Read More >>>>>   ဝိတ်မတက်အောင် အချိုပွဲကို ဘယ်လို စားကြမလဲ
မုန်ညှင်းဆီကိုစားသုံးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
၁။ ကင်ဆာ (Cancer) ရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း
၂။ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
၃။ သွေးတွင်း မကောင်းသောအဆီ (LDL cholesterols) ကိုလျော့ကျစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ကောင်းသောအဆီ (HDL cholesterols) ကိုမြှင့်တင်ပေးခြင်း
၄။ မုန်ညှင်းဆီတွင် အိုမီဂါ ၃ (Omega 3 fatty acid) ပါဝင်ခြင်းကြောင့် ဆံကေသာ ကျန်းမာသန်စွမ်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
Bakeries မုန့်ဖုတ်လုပ်ငန်းပေါင်း ၅၆၆ ခုကိုရှာရန်နှိပ်ပါ။
Credit: ဆေးမြီးတိုမှတ်စု
Read More >>>>>   ဝိတ်မတက်အောင် အချိုပွဲကို ဘယ်လို စားကြမလဲ
Bakeries မုန့်ဖုတ်လုပ်ငန်းပေါင်း ၅၆၆ ခုကိုရှာရန်နှိပ်ပါ။
Read times Last modified on Tuesday, 11 February 2020 11:49
Rate this item
(0 votes)