Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီး အစိမ်းရဲ့ လူသိနည်းတဲ့ ကောင်းကျိုးများ

Unicode


ငှက်ပျောသီး အစိမ်းရဲ့ လူသိနည်းတဲ့ ကောင်းကျိုးများ


ငှက်ပျောသီးစိမ်းကို ဟင်းချက်ပြုတ်စားနိုင်သလို ဖျော်ရည်အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်ပါတယ်။ ငှက်ပျောသီး အမှည့်မှာတင် မဟုတ်ဘဲ မမှည့်သေးတဲ့ ငှက်ပျောသီး အစိမ်းမှာပါ ကျန်းမာရေး ကောင်းကျိုး တွေများစွာရှိတယ် ဆိုတာကို လူအများစုက သတိမထားမိတတ်ကြပါဘူး။


ဒါကြောင့်မို့လို့ ငှက်ပျောသီးအစိမ်းက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိစေနိုင်သလဲဆိုတာ ဗဟုသုတအနေနဲ့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သုတေသန လေ့လာချက်တွေအရ ငှက်ပျောသီးစိမ်းတွေမှာ ငှက်ပျောသီးမှည့်တွေထက် Resistant Starch ပိုမို ပါဝင်တာကြောင့် အူအတွင်းပိုင်းကို သန့်စင်ပေးနိုင်ပြီး အူရောင်ခြင်းနဲ့ အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၂) ငှက်ပျောသီးစိမ်းမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရော တွေကို ကျဆင်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင်တာကြောင့် နှလုံးရဲ့လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေနိုင်ပြီး နှလုံးသွေးကြောကျဉ်းခြင်းနဲ့ Heart Attack ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၃) သွေးတွင်း သကြားဓာတ်လည်ပတ်မှုကို ပုံမှန်ဖြစ်စေတာကြောင့် ဆီးချို သွေးချို ပမာဏကို ထိန်းချုပ်ပေးနိုင်ပြီး ဆီးချို ဝေဒနာရှင်တွေအတွက် စားသုံးဖို့ သင့်တော်ပါတယ်။

 

Read More >>>>>   အေရွ ႔တိုင္းသားမ်ား ႀကိဳက္ႏွစ္ၾကတဲ့ ျပင္သစ္ေပါင္မုန္႔ ရွည္နဲ႔ ဂဏန္းသား

 

(၄) ငှက်ပျောသီး အစိမ်းမှာ ပါဝင်တဲ့ Lectins ဓာတ်ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ Lectins ဓာတ်ဟာ အမှည့်လွန်နေတဲ့ ငှက်ပျောသီးတွေမှာတော့ ပါဝင်မှုနှုန်းအား နည်းသွား တတ်ပါတယ်။

 

(၅) အစားအသောက် ပျက်နေသူတွေအနေနဲ့ ငှက်ပျောသီးစိမ်းကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။ ငှက်ပျောသီးစိမ်းကို ဟင်းချက်ပြုတ် စားနိုင်သလို ဖျော်ရည်အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်ပါတယ်။

 

Credit: Ayeyarwaddy

 

 

ငွက္ေပ်ာသီး အစိမ္းရဲ႕ လူသိနည္းတဲ့ ေကာင္းက်ိဳးမ်ား

 

ငွက္ေပ်ာသီးစိမ္းကို ဟင္းခ်က္ျပဳတ္စားႏိုင္သလို ေဖ်ာ္ရည္အျဖစ္လည္း ျပဳလုပ္ေသာက္သုံးႏိုင္ပါတယ္။ ငွက္ေပ်ာသီး အမွည့္မွာတင္ မဟုတ္ဘဲ မမွည့္ေသးတဲ့ ငွက္ေပ်ာသီး အစိမ္းမွာပါ က်န္းမာေရး ေကာင္းက်ိဳး ေတြမ်ားစြာရွိတယ္ ဆိုတာကို လူအမ်ားစုက သတိမထားမိတတ္ၾကပါဘူး။

 

ဒါေၾကာင့္မို႔လို႔ ငွက္ေပ်ာသီးအစိမ္းက က်န္းမာေရးအတြက္ ဘယ္လိုေကာင္းက်ိဳးေတြ ရွိေစႏိုင္သလဲဆိုတာ ဗဟုသုတအေနနဲ႔ ေရးသား ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) သုေတသန ေလ့လာခ်က္ေတြအရ ငွက္ေပ်ာသီးစိမ္းေတြမွာ ငွက္ေပ်ာသီးမွည့္ေတြထက္ Resistant Starch ပိုမို ပါဝင္တာေၾကာင့္ အူအတြင္းပိုင္းကို သန႔္စင္ေပးႏိုင္ၿပီး အူေရာင္ျခင္းနဲ႔ အူမႀကီး ကင္ဆာေရာဂါ ျဖစ္ပြားျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

 

(၂) ငွက္ေပ်ာသီးစိမ္းမွာ ကယ္လိုရီ အနည္းငယ္သာ ပါဝင္ပါတယ္။ ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ ကိုလက္စထေရာ ေတြကို က်ဆင္းေစႏိုင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ပိုတက္ဆီယမ္ ျမင့္မားစြာ ပါဝင္တာေၾကာင့္ ႏွလုံးရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကို ေကာင္းမြန္ေစႏိုင္ၿပီး ႏွလုံးေသြးေၾကာက်ဥ္းျခင္းနဲ႔ Heart Attack ျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

 

Read More >>>>>   အေရွ ႔တိုင္းသားမ်ား ႀကိဳက္ႏွစ္ၾကတဲ့ ျပင္သစ္ေပါင္မုန္႔ ရွည္နဲ႔ ဂဏန္းသား

 

(၃) ေသြးတြင္း သၾကားဓာတ္လည္ပတ္မႈကို ပုံမွန္ျဖစ္ေစတာေၾကာင့္ ဆီးခ်ိဳ ေသြးခ်ိဳ ပမာဏကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ဆီးခ်ိဳ ေဝဒနာရွင္ေတြအတြက္ စားသုံးဖို႔ သင့္ေတာ္ပါတယ္။

 

(၄) ငွက္ေပ်ာသီး အစိမ္းမွာ ပါဝင္တဲ့ Lectins ဓာတ္ဟာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္ၿပီး ခႏၶာကိုယ္ရဲ႕ ခုခံအား စနစ္ကို ေကာင္းမြန္ေစႏိုင္ပါတယ္။ Lectins ဓာတ္ဟာ အမွည့္လြန္ေနတဲ့ ငွက္ေပ်ာသီးေတြမွာေတာ့ ပါဝင္မႈႏႈန္းအား နည္းသြား တတ္ပါတယ္။

 

(၅) အစားအေသာက္ ပ်က္ေနသူေတြအေနနဲ႔ ငွက္ေပ်ာသီးစိမ္းကို ေဖ်ာ္ရည္ျပဳလုပ္ၿပီး ေသာက္သုံးေပးျခင္းအားျဖင့္ အစာစားခ်င္စိတ္ကို ျပန္လည္ျဖစ္ေပၚေစႏိုင္ပါတယ္။ ငွက္ေပ်ာသီးစိမ္းကို ဟင္းခ်က္ျပဳတ္ စားႏိုင္သလို ေဖ်ာ္ရည္အျဖစ္လည္း ျပဳလုပ္ေသာက္သုံးႏိုင္ပါတယ္။

 

Credit: Ayeyarwaddy

Read times Last modified on Thursday, 06 February 2020 16:44
Rate this item
(1 Vote)

Media