Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရှေ့တိုင်းသားများ ကြိုက်နှစ်ကြတဲ့ ပြင်သစ်ပေါင်မုန့် ရှည်နဲ့ ဂဏန်းသား

Unicode

အရှေ့တိုင်းသားများ ကြိုက်နှစ်ကြတဲ့ ပြင်သစ်ပေါင်မုန့် ရှည်နဲ့ ဂဏန်းသား


အရှေ့တိုင်းသားများ ကြိုက်နှစ်ကြတဲ့ ပြင်သစ်ပေါင်မုန့် ရှည်နဲ့ ဂဏန်းသားပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့  သံပယိုမရောနိစ်ဆော့စ်၊ သံပယိုရည်၊ သံပယိုသီးအခွံ၊ ပူစီနံရွက်၊ ဂဏန်းသား၊ သီဟိုဠ်စေ့၊ ဆော်လမွန်ဥ၊ ပြင်သစ်ပေါင်မုန့်ရှည်၊ မာဂျရင်း၊ ခရမ်းချဉ်သီး၊ ထောပတ်၊ စမုံနက်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး သံပယိုမရောနိစ်ဆော့စ်အတွက် သံပယိုမရောနစ်ဆော့စ်၊ သံပယိုရည်၊ သံပယိုသီးအခွံ၊ ပူစီနံရွက်တို့ကို ရောမွှေပြီး အအေးခံထားပါ။

 

Read More >>>>>   အစားအသောက်နဲ့ပတ်သက်တဲ့ လိပ်စာ၊ ဖုန်းနံပါတ်များသိချင်ရင် ဤနေရာကိုနှိပ်ပါ။

 

ပြီးလျှင် ဂဏန်းသား၊ ဆော်လမွန်ဥနှင့် သီဟိုဠ်စေ့တို့ကိုပန်းကန်ထဲထည့်ပြီး သမအောင်မွှေပေးထားပါ။

 

ပြီးနောက် သံပယိုမရောနိစ်ဆော့စ် တို့ကိုထည့်ပြီးမွှေ၍ာအအေးခံထားပါ။

 

 ပြီးလျှင် ပေါင်မုန့်တစ်ခြမ်းစီကို ထောပတ်နှင့်သုတ်ပါ။ ထောပတ်သုတ်ထားသောပေါင်မုန့်များကို ရွှေညိုရောင်သန်းသည်အထိ မီးကင်ပါ။


 
ပြီးရင်တော့ မီးကင်ထားသော ပေါင်မုန့်ပေါ်တွင် ရောမွှေထားတဲ့ ဂဏန်းသားကို တင်ပေးထားပါ။

 

နောက်ဆုံးမှ  ဆလတ်ရွက် ဖြင့်အလှဆင်ပြီးရင်တော့ စားချင်စားဖွယ်  ပြင်သစ်ပေါင်မုန့် ရှည်နဲ့ ဂဏန်းသားကို သုံးဆောင်နိုင်ပါပြီ။

 

#MFID

 

 

 




 




 


 

Read More >>>>>   အစားအသောက်နဲ့ပတ်သက်တဲ့ လိပ်စာ၊ ဖုန်းနံပါတ်များသိချင်ရင် ဤနေရာကိုနှိပ်ပါ။

 


 



 

 


 

#MFID

Read times Last modified on Monday, 03 February 2020 16:23
Rate this item
(1 Vote)