Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အသက် ၆၀ ကျော်အရွယ်တွေအတွက် အကောင်းဆုံးသောအာဟာရဓာတ်များ

အသက် ၆၀ ကျော်လာပြီဆိုတာနဲ့ ကိုယ်ခံအားတွေကျဆင်းလာပြီဖြစ်တဲ့ အတွက် ရောဂါတစ်ခုခု ၀င်လာတဲ့အခါ အသက်ငယ်ရွယ်စဉ်အချိန်တုန်းကလို ရောဂါကိုခုခံတွန်းလှန်နိုင်စွမ်းအားတွေ မကောင်းတော့ တာကြောင့် ရောဂါကို အချိန်ကြာကြာခံစားရတတ်ပါတယ်။

 

တချို့လူကြီးတွေအနေနဲ့ အသက် ၆၀ ကျော်တာတောင် သန်မြန်နေ ဆဲဆိုပေမယ့် စိတ်နဲ့ကိုယ်ထပ်ကြပ်မကွာတစ်သားတည်ဖြစ်ကာ စိတ်သွားတိုင်းကိုယ်ပါဆိုတဲ့ စကားနဲ့မညီနိုင်တော့ပါဘူး။

 

ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် စိတ်ကသာလုပ်လိုစိတ်ပြင်းပြနေပေမယ့် ခန္ဓာက မှန်းဆထားသလောက် လုပ်ကိုင်နိုင်စွမ်းမရှိတော့တဲ့အတွက် အလုပ်ပြီးမြောက်ခြင်းမရှိတာကိုတွေ့လာကြရပါတယ်။

 

အသက်ကြီးသူတွေအနေနဲ့ ကျန်းမာရေးကို အလေးထားဂရုစိုက်ခြင်းမရှိပါက အရိုးသန်မာမှု အားနည်းလာကာ အရိုးပါးရောဂါဖြစ်နိုင်ခြေမြင့်မားလာပြီး နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းဝေဒနာ ခံစားရနိုင်ခြေများလာမှာ ဖြစ်ပါတယ်။

 

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ကိုက်လန်၊ ဆလပ်ရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း ကြက်ဥ၊ ဘဲဥ၊ လိမ္မော်သီး၊ မုန်လာဥနီ၊ ပြောင်းဖူးကို စားပေးသင့်တဲ့အပြင် မျက်သားခြောက်ခြင်းဖြစ်နိုင်ခြေကို လျော့ချပေးနိုင်စွမ်းရှိတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝသော အဆီထူငါး(ငါးသလောက်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ တူနာငါး) တို့ကို စားပေးဖို့ လိုအပ်ပါတယ်။

 

တကယ်လို့ ငါးမကြိုက်သူဖြစ်မယ်ဆိုရင်တော့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါတဲ့ သစ်ကြားသီး၊ နှမ်းစေ့ စတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

 

ဝိုင်တစ်ခွက်လောက်ကိုလည်း ဆေးဝါးအဖြစ်မှီဝဲပေးသင့်တယ်လို့ သုသေသီတွေက ဆိုပါတယ်။ ၀ိုင်ကို ဆေးဖြစ်ဝါးဖြစ်သောက်ပါက အစာစားချင်စိတ်ကိုဖြစ်စေပြီး နှလုံးရောဂါကာကွယ်ပေးနိုင်ပါတယ်။

 

သို့ပေမယ့် ၀ီစကီ၊ ဗော့ဂါ၊ အရက်ပြင်းတွေကို နေ့စဉ်သောက်ပါက မသောက်ရမနေနိုင်ဖြစ်ပြီး အရက်ကျေးကျွန်ဘ၀ရောက်သွားကာ လေဖြတ်ရောဂါ၊ အရိုးပါးရောဂါနဲ့ ကင်ဆာအချို့ဖြစ်နိုင်ချေ များလာပါလိမ့်မယ်။

 

ကိုယ်ခံအားကောင်းစေပြီး ကြွက်သားလှုပ်ရှားနိုင်စွမ်းကောင်းစေဖို့အပြင် အရိုးနဲ့သွားသန်မာစေဖို့ အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူမှုအားကောင်းစေဖို့အတွက် ဗီတာမင်ဒီလိုအပ်ပါတယ်။

 

နေခြည်နုနု ကိုနေ့စဉ်မနက်တိုင်းခံယူပေးခြင်းဖြင့် ဗီတာမင်ဒီ ရယူသင့်သလို အဆီထူငါး၊ ကြက်ဥ၊ ဆီရီယာယ်၊ ဒိန်ချဉ်၊ ပဲနို့စတဲ့ အစားအစာတွေမှ ဗီတာမင်ဒီ ရနိုင်ပါတယ်။

 

Read More >>>>> တစ်နေ့တာ စားသုံးသင့်တဲ့ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစာများ

 

သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းဝေဒနာ ကာကွယ်နိုင်ဖို့၊ နှလုံးကျန်းမာစေဖို့၊ ကင်ဆာရောဂါအန္တရာယ်မှ ကင်းဝေးစေဖို့အတွက် အဆီထူငါး၊ အဆီးနည်းအသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်စတဲ့ အစားအစာတွေကို အဓိကထား စားပေးဖို့လိုအပ်ပါတယ်။

 

အမျှင်ဓာတ်က ဦးနှောက်စွမ်းရည်ကောင်းစေပြီး နှလုံး ကျန်းမာရေးကောင်းစေတဲ့အတွက် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကိုစားပေးသင့်ပါတယ်။ ကောက်နှံနဲ့ လုပ်ထားတဲ့ ကွေကာ၊ ဆန်လုံးညို၊ ခေါက်ဆွဲအညို၊ အညိုရောင်ပေါင်မုန့်စတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

 

အာလူး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးစတဲ့ ပိုတက်ဆီယမ်ပါတဲ့ အစားအစာတွေကို လည်း စားပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားကိုပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်တွေကို အားကောင်းစေတာကြောင့်ဖြစ်ပါတယ်။

 

Source: drmyanmar

 

Read times
Rate this item
(1 Vote)