Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်တွင် ဆန် ATM များထားရှိပေးထား

ဗီယက်နမ်မှာ ကိုရိုနာ ရောဂါဖြစ်ပွါးမှု့ကြောင့် အလုပ်တွေ ပိတ်ထားသဖြင့် အစိုးရမှ ၎င်းတို့ရဲ့ တိုင်းသူပြည်သားများကို ထမင်းအလကားစားစေနိုင်ရန် အလို့ဌာ ဆန်များကို ATM စက်ဖြင့် လူသွားလူလာ လွယ်ကူစေတဲ့ လမ်းမကြီးတွေပေါ်တွင်ထားကာ စားဆန်ထောက်ပံ့လျက်ရှိပါတယ်။

 

ATM ဆိုတာကတော့ At The Moment (ခဏလေးနဲ့ အလွယ်တကူရနိုင်) လို့ အဓိပ္ပာယ် ရပြီး Rice ATM အဖြစ် Social Distancing ကြောင့် ဖြစ်လာပုံပါပဲ။ ငွေထုတ်တဲ့ စက်တွေဖြစ်တဲ့ ATM စက် တွေကတော့   Auto Teller Machine ကို အတိုကောက် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

 

အခုအချိန်မှာတော့ ဗီယက်နမ်မှာ ကိုရိုနာရောဂါဖြစ်ပွါးနေသူ ၂၆၅ ဦး ရှိပြီး သေဆုံးသူတော့ မရှိသေးပါဘူး ဗီယက်နမ်အစိုးရကတော့ လူတွေ ခွဲနေဖို့ , လူစုလူဝေးရှောင်ဖို့ အလုပ်တွေ ပိတ်ခိုင်း ဆိုင်တွေ ပိတ်ခိုင်းနေပါပြီ။ထို့ကြောင့် အလုပ်လက်မဲ့ များတဲ့ ပြည်သူတွေကို အစိုးရက ကူညီတဲ့သဘောပါတဲ့။

 

ထို့အပြင် စီးပွါးရေးလုပ်ငန်းရှင်များကလည်း ဆန်များကို လှ ူတမ်းကာ ဗီယက်နမ်ရဲ့ မြို့တော် တိုင်းလိုလိုမှာ ဆန်စက်တွေထားပေးထားပါပြီ။

 

ဟနွမ်း မြို့မှာ ဆိုရင်ဖြင့် ရေသန့်ကို မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ ပေးနေတယ်သိရပြီးလူတွေကို လက်ဆေး ပိုးသတ်ဆေး Hand Sanitizer များအသုံးပြုခိုင်းထားကာ ၆ ပေအကွာ မှ တန်းစီ ခိုင်းတယ်သိရပါတယ်။


သူတို့တွေ အနေနဲ့ ဆန်မရခင် လက်အရင် ဆေးရပါတယ်လို့ ဗီယက်နမ် ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။အိမ်တစ်အိမ်ကို ၂ ကီလိုဂရမ် , ပေါင်ချိန်အားဖြင့် ၄.၄ ပေါင် ဆန်ပမာဏ ကို အလကားပေးဝေနေတယ်သိရပါတယ်

 

ဟိုချီမင်း မြို့တော်မှာတော့ အချိန်မရွေး ထုတ်ပေးနေတယ်သိရပြီး ဒနောင်းမှာတော့ ရှေံအပတ်ထဲမှာ ဆန်ပေးဝေရေး ATM နှစ်ခု ထက်မံ ထားရှိသွားမယ်သိရပါတယ်။

 

<<< Zawgyi >>>

 


-------------------------

 


 

ATM ဆိုတ-ာကတော့ At The Moment (ခဏလေးနဲ့ အလွယ်တကူရနိုင်) လို့ အဓိပ္ပာယ် ရပြီးငွေထုတ်တဲ့ စက်တွေ အဖြစ်သာ သုံးစွဲခဲ့တာပါ။အခုတစ်ခါမှာတော့ Rice ATM အဖြစ် Social Distancing ကြောင့် ဖြစ်လာပုံပါပဲ။

 


 


 




 

ဟိုချီမင်း မြို့တော်မှာတော့ အချိန်မရွေး ထုတ်ပေးနေတယ်သိရပြီး ဒနောင်းမှာတော့ ရှေံအပတ်ထဲမှာ ဆန်ပေးဝေရေး ATM နှစ်ခု ထက်မံ ထားရှသွားမယ်သိရပါတယ်။

 

Source from CNN

 

Myanmar Food Industry Directory

 

Read times Last modified on Tuesday, 14 April 2020 14:45
Rate this item
(0 votes)