Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တုပ်ကွေးမဖြစ်အောင် များများစားပေးသင့်တဲ့ အစားအစာများ

မိုးရာသီကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ မိုးတွင်းမှာ များများစားသုံးပေးသင့်တဲ့ အစားအစာတွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 ချင်း

ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်တဲ့ ချင်းဟာ ဆိုရင် အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အအေးမိ၊ ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးပူပူထဲ ချင်း လက်တစ်ဆစ်ခန့် ပါးပါး လှီးထည့်ပြီး သောက်သုံးပေးခြင်းဟာ ဖျားနာမှုတွေကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။

 

 ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ Antioxidants ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့  ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေနိုင်ပါတယ်။ အခုလို မိုးတွင်းကာလမှာ ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

 

 နနွင်း

ဟင်းတွေ ချက်ပြုတ်ရာမှာ ထည့်သွင်းလေ့ ရှိတဲ့ နနွင်းဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်တာကြောင့် မိုးရာသီမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

 

ငရုတ်ကောင်း

ငရုတ်ကောင်းမှုန့်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့အပြင် မိုးရာသီမှာ ဖြစ်တတ်တဲ့ ချောင်းဆိုး၊ နှာစေးခြင်းတွေကိုလည်း အလျင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။

 

Read More >>>>>   အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချက် (၅)ချက်

 

ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစားအစာဖြစ်ပါတယ်။


ဒိန်ချဉ်

ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစားအစာဖြစ်ပါတယ်။

 

ပန်းသီး

ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းရှိတာကြောင့် မိုးရာသီမှာ ဖျားနာခြင်းကင်းဝေးဖို့ စားသုံးပေးသင့်ပါတယ်။

 

Ref. www.stylecraze.com

Read times Last modified on Thursday, 20 June 2019 14:20
Rate this item
(1 Vote)