Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရိုနာရောဂါဖြစ်ပွားမှု့ကအစားအစာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုထိခိုက်မှု့ရှိစေပါသလား

ကမ္ဘာ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က Lockdown ချခံထားရကာ အိမ်ထဲမှာ နေကြရပါတယ်။ကိုယ်တွေရဲ့ ဆိုရှယ်မီဒီယာ မျက်နှာပြင်ဟာ နည်းလမ်း အပြည့်ဖြည့် ပြည်တွင်း ဆူပါမားကတ် အလား အထင်မှားလောက်စရာပါပဲ။

 

သို့ပေမဲ့ စားသောက်ဆိုင်တွေ အတော်များများနဲ့ ဆေးရုံဆေးခန်း တော်တော်များများဟာ ပိတ်ထားခဲ့ပါပြီ။အစားအသောက် ထုတ်လုပ်သူတွေဟာ အတော်လေး အပိုအလျံတွေ များလာပြီး စွန့်ပစ်ရတဲ့ ကိစ္စ တွေပါရှိလာတယ်သိရပါတယ်။

 

ထိုအခြင်းအရာ ကိုကြည့်ခြင်းဖြင့် ကိုရိုနာ ဗိုင်းရစ်က ကမ္ဘာ့ အစားအစာနယ်ပယ်ကို အတော်လေး ထိခိုက်မှု့ရှိတယ်ဆိုတာ သိသာပါတယ်။

 

၁ . နွားနို့တွေ သွန်ပြစ်ရတဲ့ အနေအထား ရှိနေ

 

တိုင်းပြည်တိုင်းမှာ ထသွားထလာ လူတွေသောက်တဲ့ကော်ဖီဆိုင်တွေ မရှိတော့ပဲ ပိတ်ထားကြရပါတယ် , ထို့ကြောင့် နွားနို့ အသုံးပြုမှု့ နည်းပြီး နို့ အပိုများစွာ ရေမြောင်းထဲ သွန်ပြစ်နေရတယ်သိရပါတယ်။အမေရိကန် ကျေးလက်ဒေသနေ လယ်သမားတစ်ဦးရဲ့ ပြောကြားချက်အရဆို သွန်ပြစ်ရတဲ့ နွားနို့ ပမာဏက တစ်ရက်လျင် ၃ . ၇ ဂါလီယွန် ( ၁၄ မီလီယံ လီတာ ) ပါတဲ့။ထိုအချင်းအရာက အမေရိကမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး ဗြိတိန်ရဲ့ ကျေးလက်ဒေသမှာရှိတဲ့ လယ်သမားတစ်ဦးဖြစ်တဲ့ Peter Alivis ပြောစကားအရ တစ်ရက်လျင်နွားနို့ ( ၅ မီလီယံ လီတာ) သွန်ပြစ်နေရပါတယ်တဲ့။စကော့တလန်နိုင်ငံရဲ့ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကြီး တစ်ခုဆို နွားနို့ထုတ်ဝေခြင်းကို ရပ်တန့်လိုက်ပါသတဲ့။

 

၂ . ကောက်ပဲသီးနှံများ နှင့်စားသုံးကုန်များ စွန့်ပြစ်ရခြင်း

 

ဆိုင်တွေအားလုံး ပိတ်ရတဲ့ အချိန်မှာ ကောက်ပဲသီးနှံတို့ကိုလည်း ဝယ်ယူသူ အင်မတန်မှ နည်းပါးပါတယ်။တကယ်တန်းမှာ ကောက်ပဲ သီးနှံရယ်လို့ ဈေးကွက်မှာရပ်တည်နိုင်တာ လမ်းဘေးဆိုင်အသေးတွေနဲ့ ဈေးတွေ ကြောင့်ပါ အခုဈေးပိတ်ရတယ်ဆိုတော့ကား အတော်လေး ဝယ်ယူမှု့တွေ ရပ်ဆိုင်းခဲ့ပါတယ်၊ စီးပွါးရေးလုပ်ငန်းတိုင်းဟာ အွန်လိုင်း ကနေ ဈေးမရောင်းနိုင်ကြပါဘူး။Newyork times မဂ္ဂဇင်းမှ အမေရိကရှိ မွေးမြူရေးခြံတစ်ခုမှာ ကြက်ဥ ပေါင်း ၇ သိန်းကျော် ထိုင်ခွဲပြီး လွင့်ပြစ်နေရတယ် သိရပါတယ်။ကိတ်မုန့်ဆိုင်တွေ ပိတ်ထားတာကြောင့်ဖြစ်မယ်လို့လည်းသိရပါတယ်။ကြက်သွန် ကောက်သမားတွေဆိုလျှင် လုံးဝ သုံးမရပဲ မှိုတက်ကုန်ပါသတဲ့။ကုလားပြည်မှာဆိုရင် လက်ဖက်တွေ ကို ခူးစွတ်မည့်သူ မရှိသဖြင့် အတော်လေး အခက်တွေ့ နေရတယ်သိရပါတယ်။

 

၃ . အလုပ်သမား မလုံလောက်ခြင်း

 

ပြောရရင်တော့ Lockdown ချတော့အလုပ်သမားတွေ မလုံလောက်တော့ဘူးပေါ့ တော်ရုံအလုပ်သမားကလည်း အလုပ်မလုပ်ကြတော့သလို တချို့ဆိုင်တွေကျ ပိတ်ထားပြီး ပါဆယ် စနစ်နဲ့ ရောင်းချနေပေမဲ့ အလုပ်သမားအင်အား နည်းနေတာမို့ အရည်သွေးကောင်းကောင်း အစားအစာတွေ ထုတ်လုပ်ဖို့ ခက်ခဲနေပါသတဲ့။

 

တကယ်တော့ ထိုအချင်းအရာတွေက အစားအစာနှင့်ပတ်သက်လို့ ထိခိုက်မှု့တွေပါ သို့ပေမဲ့ ကိုရိုနာရောဂါ မဖြစ်အောင် ဗီတာမင်စီ သောက်ရ မယ်ဆိုတော့ အမေရိကမှာ လိ မ္မော်သီး ဖျော်ရည်ရောင်းအားကတော့ ၃၈ ရာခိုင်နှုန်းမနှစ်ကထက် ပိုမိုတက်လာပါသတဲ့။

 

<<< Zawgyi >>> 

 

ကို႐ိုနာေရာဂါျဖစ္ပြားမႈ႕ကအစားအစာပိုင္းဆိုင္ရာကိစၥရပ္ေတြကိုထိခိုက္မႈ႕ရွိေစပါသလား

-------------------------------------------

 

ကမာၻ႔ လူဦးေရရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္က Lockdown ခ်ခံထားရကာ အိမ္ထဲမွာ ေနၾကရပါတယ္။ကိုယ္ေတြရဲ႕ ဆိုရွယ္မီဒီယာ မ်က္ႏွာျပင္ဟာ နည္းလမ္း အျပည့္ျဖည့္ ျပည္တြင္း ဆူပါမားကတ္ အလား အထင္မွားေလာက္စရာပါပဲ။

 

သို႔ေပမဲ့ စားေသာက္ဆိုင္ေတြ အေတာ္မ်ားမ်ားနဲ႔ ေဆး႐ုံေဆးခန္း ေတာ္ေတာ္မ်ားမ်ားဟာ ပိတ္ထားခဲ့ပါၿပီ။အစားအေသာက္ ထုတ္လုပ္သူေတြဟာ အေတာ္ေလး အပိုအလ်ံေတြ မ်ားလာၿပီး စြန္႔ပစ္ရတဲ့ ကိစၥ ေတြပါရွိလာတယ္သိရပါတယ္။

 

ထိုအျခင္းအရာ ကိုၾကည့္ျခင္းျဖင့္ ကို႐ိုနာ ဗိုင္းရစ္က ကမာၻ႔ အစားအစာနယ္ပယ္ကို အေတာ္ေလး ထိခိုက္မႈ႕ရွိတယ္ဆိုတာ သိသာပါတယ္။

 

၁ . ႏြားႏို႔ေတြ သြန္ျပစ္ရတဲ့ အေနအထား ရွိေန

 

တိုင္းျပည္တိုင္းမွာ ထသြားထလာ လူေတြေသာက္တဲ့ေကာ္ဖီဆိုင္ေတြ မရွိေတာ့ပဲ ပိတ္ထားၾကရပါတယ္ , ထို႔ေၾကာင့္ ႏြားႏို႔ အသုံးျပဳမႈ႕ နည္းၿပီး ႏို႔ အပိုမ်ားစြာ ေရေျမာင္းထဲ သြန္ျပစ္ေနရတယ္သိရပါတယ္။အေမရိကန္ ေက်းလက္ေဒသေန လယ္သမားတစ္ဦးရဲ႕ ေျပာၾကားခ်က္အရဆို သြန္ျပစ္ရတဲ့ ႏြားႏို႔ ပမာဏက တစ္ရက္လ်င္ ၃ . ၇ ဂါလီယြန္ ( ၁၄ မီလီယံ လီတာ ) ပါတဲ့။ထိုအခ်င္းအရာက အေမရိကမွာပဲ ျဖစ္ေနတာ မဟုတ္ပါဘူး ၿဗိတိန္ရဲ႕ ေက်းလက္ေဒသမွာရွိတဲ့ လယ္သမားတစ္ဦးျဖစ္တဲ့ Peter Alivis ေျပာစကားအရ တစ္ရက္လ်င္ႏြားႏို႔ ( ၅ မီလီယံ လီတာ) သြန္ျပစ္ေနရပါတယ္တဲ့။စေကာ့တလန္ႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းႀကီး တစ္ခုဆို ႏြားႏို႔ထုတ္ေဝျခင္းကို ရပ္တန္႔လိုက္ပါသတဲ့။

 

၂ . ေကာက္ပဲသီးႏွံမ်ား ႏွင့္စားသုံးကုန္မ်ား စြန္႔ျပစ္ရျခင္း

 

ဆိုင္ေတြအားလုံး ပိတ္ရတဲ့ အခ်ိန္မွာ ေကာက္ပဲသီးႏွံတို႔ကိုလည္း ဝယ္ယူသူ အင္မတန္မွ နည္းပါးပါတယ္။တကယ္တန္းမွာ ေကာက္ပဲ သီးႏွံရယ္လို႔ ေစ်းကြက္မွာရပ္တည္ႏိုင္တာ လမ္းေဘးဆိုင္အေသးေတြနဲ႔ ေစ်းေတြ ေၾကာင့္ပါ အခုေစ်းပိတ္ရတယ္ဆိုေတာ့ကား အေတာ္ေလး ဝယ္ယူမႈ႕ေတြ ရပ္ဆိုင္းခဲ့ပါတယ္၊ စီးပြါးေရးလုပ္ငန္းတိုင္းဟာ အြန္လိုင္း ကေန ေစ်းမေရာင္းႏိုင္ၾကပါဘူး။Newyork times မဂၢဇင္းမွ အေမရိကရွိ ေမြးျမဴေရးၿခံတစ္ခုမွာ ၾကက္ဥ ေပါင္း ၇ သိန္းေက်ာ္ ထိုင္ခြဲၿပီး လြင့္ျပစ္ေနရတယ္ သိရပါတယ္။ကိတ္မုန္႔ဆိုင္ေတြ ပိတ္ထားတာေၾကာင့္ျဖစ္မယ္လို႔လည္းသိရပါတယ္။ၾကက္သြန္ ေကာက္သမားေတြဆိုလွ်င္ လုံးဝ သုံးမရပဲ မႈိတက္ကုန္ပါသတဲ့။ကုလားျပည္မွာဆိုရင္ လက္ဖက္ေတြ ကို ခူးစြတ္မည့္သူ မရွိသျဖင့္ အေတာ္ေလး အခက္ေတြ႕ ေနရတယ္သိရပါတယ္။

 

၃ . အလုပ္သမား မလုံေလာက္ျခင္း

 

ေျပာရရင္ေတာ့ Lockdown ခ်ေတာ့အလုပ္သမားေတြ မလုံေလာက္ေတာ့ဘူးေပါ့ ေတာ္႐ုံအလုပ္သမားကလည္း အလုပ္မလုပ္ၾကေတာ့သလို တခ်ိဳ႕ဆိုင္ေတြက် ပိတ္ထားၿပီး ပါဆယ္ စနစ္နဲ႔ ေရာင္းခ်ေနေပမဲ့ အလုပ္သမားအင္အား နည္းေနတာမို႔ အရည္ေသြးေကာင္းေကာင္း အစားအစာေတြ ထုတ္လုပ္ဖို႔ ခက္ခဲေနပါသတဲ့။

 

တကယ္ေတာ့ ထိုအခ်င္းအရာေတြက အစားအစာႏွင့္ပတ္သက္လို႔ ထိခိုက္မႈ႕ေတြပါ သို႔ေပမဲ့ ကို႐ိုနာေရာဂါ မျဖစ္ေအာင္ ဗီတာမင္စီ ေသာက္ရ မယ္ဆိုေတာ့ အေမရိကမွာ လိ ေမၼာ္သီး ေဖ်ာ္ရည္ေရာင္းအားကေတာ့ ၃၈ ရာခိုင္ႏႈန္းမႏွစ္ကထက္ ပိုမိုတက္လာပါသတဲ့။

 

Source from Newyork Time

Myanmar Food Industry Directory

Read times
Rate this item
(0 votes)