Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရိုးတွင်းခြင်ဆီကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Unicode

ရိုးတွင်းခြင်ဆီကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


အမဲစွပ်ပြုပ် ၊ ဆိတ်စွပ်ပြုပ် ၊ ကြက်စွပ်ပြုပ် စားဖူးတဲ့သူတိုင်း အရိုးထဲက ရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားခြင်း ၊ ခြစ်စားခြင်းတာတို့ စားဖူးကြမယ် ထင်ပါတယ်။

 

ရိုးတွင်းခြင်ဆီက ပါတာကလည်း နည်းနည်းလေနဲ့ အရသာကိုရှိလို့ စားလို့ကလည်းကောင်း စားရတာလည်း မဝဘူးမလား။ အခုပြောပြပေးမှာကတော့ ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာ ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

ရိုးတွင်းခြင်ဆီက အရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ပေးတဲ့သွေးနီဥ ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥ နဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကို ထုတ်လုပ်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

ရိုးတွင်းခြင်ဆီမှာ ကယ်လိုရီ ၁၁ဝ ၊ အဆီဓာတ် ၁၂ ဂရမ် ၊ ပရိုတင်း ၁ ဂရမ် ၊ ဗီတာမင် ဘီ 12 - ၇ ရာခိုင်နှုန်း ၊ ဗီတာမင် ဘီ 2 - ၆ ရာခိုင်နှုန်း ၊ သံဓာတ် ၄ ရာခိုင်နှုန်း ၊ ဗီတာမင် အီ ၂ ရာခိုင်နှုန်း ၊ ဖော့စ်ဖောရစ် ၁ ရာခိုင်နှုန်း ၊ ဗီတာမင် ဘီ 1 - ၁ ရာခိုင်နှုန်း ၊ ဗီတာမင် အေ ၁ ရာခိုင်နှုန်း အဓိကပါဝင်ပါတယ်။

 

ရိုးတွင်းခြင်ဆီမှာ ကော်လာဂျင် ပရိုတင်းပါဝင်မှုလည်းများတာကြောင့် အသားအရေတင်းရင်းဖို့ နဲ့ အရိုးအဆစ်နာကျင်တာတွေအတွက် စားပေးသင့်တဲ့ အစားအသောက်တစ်ခုလည်း ဖြစ်ပါတယ်။

 

 
Read More >>>>>    မနက်စာ ကြက်ဥစားခြင်း၏ ကောင်းကျိုးများ

 

နွား ၊ ဆိတ် ၊ သိုး တို့ကနေရတဲ့ ရိုးတွင်းခြင်ဆီက ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ခုခံအားကို မြင့်တက်စေတဲ့ conjugated linoleic acid (CLA) ပါဝင်ပါတယ်။

 

အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ glycine, glucosamine, and chondroitin တွေလည်းပါဝင်တာကြောင့် အရိုးအဆစ်သန်မာဖို့အတွက် များစွာ အထောက်ကူ ဖြစ်စေပါတယ်။

 

glycine, glucosamine, and chondroitin တို့လို့ ဓာတ်တွေပါဝင်တာကြောင့် ရိုးတွင်းခြင်ဆီဟာ အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပြင် ရိုးတွင်းခြင်ဆီမှာပါတဲ့ glycine နဲ့ conjugated linoleic acid (CLA) တို့ဟာ ကိုယ်တွင်းမှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

 

Food နဲ့သက်ဆိုင်တဲ့ Catagories များကိုရှာချင်ရင် ဒီကိုနှိပ်ပါ။

 

ပါဝင်တဲ့ ကော်လာဂျင်ကြောင့် အသားအရေတင်းရင်းအောင် သူက ထိန်းသိမ်းပေးမယ့်အပြင် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးအဆစ်နာကျင်တာတွေ  ဒူးခေါင်းအရွတ်ပါးခြင်းကိုလည်း သက်သာစေပါတယ်။

 

Source: Hellosayarwon

 

 

 


 


 


 


 


 


 

 
Read More >>>>>    မနက်စာ ကြက်ဥစားခြင်း၏ ကောင်းကျိုးများ

 


 


 


 

Food နဲ့သက်ဆိုင်တဲ့ Catagories များကိုရှာချင်ရင် ဒီကိုနှိပ်ပါ။

 


 

Source: Hellosayarwon

Read times Last modified on Thursday, 06 February 2020 14:58
Rate this item
(0 votes)