Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နေ့ကို ချင်း ဘယ်လောက်စားသင့်သလဲ

ချင်းဟာ အစာခြေဖျက်နိုင်ခြင်း၊ ပျို့အန်ခြင်းကိုသက်သာစေခြင်း၊ အရောင်ကျစေခြင်း စတဲ့အာနိသင်တွေရှိတာကြောင့် အသုံးဝင်တဲ့ဆေး တစ်ခုအဖြစ် မှတ်ယူခဲ့ကြပါတယ်။

 

ဒါပေမယ့် သုံးစွဲပုံသုံးစွဲနည်း မှန်ကန်မှုမရှိပါက တချို့လူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေပါတယ်။

 

ကလေးများအတွက်


ယေဘုယျအားဖြင့် အသက် နှစ်နှစ်မှ ခြောက်နှစ်အရွယ် ကလေးတွေဟာချင်းကို တစ်နေ့ နှစ်မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။

 

ဒါကြောင့် ကလေးငယ်ကိုချင်း အား ဖြည့်စွက်အစားအစာဖြစ်ကျွေးမယ်ဆိုပါက ကလေးဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

 

လူကြီးများအတွက်


ချင်းကို တစ်နေ့လျှင် လေးဂရမ် (စားပွဲတင်ဇွန်း တစ်ဇွန်း) ထက်ပိုမစားသင့်ကြောင်း သုတေသီတွေကအဆိုပြုထားပါတယ်။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ တစ်နေ့ကို ချင်း တစ်ဂရမ် ထက်ပိုမစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ပျို့အန်ခြင်းအတွက် တစ်နေ့လျှင် ချင်း တစ်ဂရမ်ကိုလေးကြိမ်ခွဲပြီးသုံးဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။

 

Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်

 

ချင်းကို သုံးဆောင်ရန် မသင့်သူများမှာ နှစ်နှစ်အောက် ကလေးငယ်များ၊ သည်းခြေကျောက်တည်နေသူများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူများ၊ သွေးကျဲဆေး (warfarin) သောက်နေသူများ၊သွေးအားနည်းရောဂါ ရှိသူများ၊ သွေးတိုးထိန်းဆေးမှီဝဲနေသူများ တို့ ဖြစ်ပါတယ်။

 

ချင်းကို လိုအပ်တာထက်ပိုပြီး သုံးစွဲခြင်းရဲ့ဘေးထွက်ဆိုးကျိုးများမှာ ရင်ပူခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ လေချဉ်တက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ၀မ်းပျက်ခြင်း၊ လေပွလေထခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

 

Source: Dr. Htet Htet Aung

Read times Last modified on Monday, 29 April 2019 13:06
Rate this item
(1 Vote)