Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကာလ အရက်ပိတ်ပင်သဖြင့် နာနတ်သီးရောင်းအား ၉ ဆ တက်

အရက်ဘားတွေ၊ လိုင်စင်မဲ့ အရက်ရောင်းတာတွေ အကုန်လုံးကို ကိုဗစ်ကာလ

စီမံချက်တစ်ရပ်အဖြစ် တောင်အာဖရိကမှာ လုံးဝပိတ်ပင်လိုက်တဲ့အခါ နာနတ်သီး ရောင်းအား ၉ ဆ တက်သွားခဲ့တယ်။ အကြောင်းရင်းက ရိုးရာနာနတ်ခေါင်ရည်ကို အိမ်မှာ ချက်ပြီး အရက်အစားထိုးအဖြစ် သောက်ကြလို့ ဖြစ်ပါတယ်။

အိမ်မှာ သောက်သုံးဖို့ နာနတ်ခေါင်ရည် ဖန်တီးကြတဲ့အပြင် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ပြီး အွန်လိုင်းကနေ ရောင်းချကြတာတွေလည်း ရှိပါတယ်။
တောင်အာဖရိကရဲ့ မြို့တော် Johannesburg မှာ နေ့စဉ် နာနတ်သီး ကီလို တစ်သောင်းကနေ တစ်သိန်းအထိ အဝယ်လိုက်တယ်။ ဈေးနှုန်း ၂ ဆ ခုန်တက်သွားတယ်။
Cape Town home-brew club South Yeasters ရဲ့ ဥက္ကဌဖြစ်သူ Samantha Nolan က
"တစ်နေကုန် တစ်နေခန်း အိမ်မှာ နေရပြီးတဲ့အခါ ညနေစောင်းရင် ယမကာ မှိဝဲချင်ကြတယ်။ lockdown က တင်းကျပ်တော့ အရက် ဝယ်မရဘူး။ ငါးပတ် ကြာပြီးချိန်မှာ နည်းလမ်း ရှာကြံလာကြတယ်။ နာနတ်သီးကနေ ရှေးရိုးရာ ခေါင်ရည်ချက်နည်းကို စလုပ်ကြတော့တာပဲ" လို့ ပြောပြတယ်။
"ဆိုရှယ်မီဒီဘာမှာ ပျံ့သွားတယ်။ အဲဒီမှာ နာနတ်သီးတွေ ရောင်းမလောက် ဖြစ်ကုန်တယ်။ ချက်နည်းက လွယ်ကူတယ်။ အိုးတစ်ခုထဲ နာနတ်သီးရယ်၊ သကြားတွေ အများကြီးရယ်၊ ရေရယ် ထည့်ပြီး နှပ်ရုံပဲ။ အဲဒီမှာ ခေါင်ရည် ရတယ်"
နာနတ်သီး ၂ လုံး အခွံနွှာ အစေ့ဖယ် လက်မ လက်တစ်ဆစ်သာသာ အရွယ်ရှိ အတုံးလေးတွေ လှီး၊ ရေနွေး ၆ လီတာထဲမှာ ထည့်နှစ်။ အပေါ်မှ စပျစ်သီးခြောက် ဖန်ခွက်တစ်ခွက်စာ ထည့်ပြီး ဖိပေး။ တစ်နေ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မွှေပေး။ သုံးရက်ကြာရင် နာနတ်ခေါင်ရည် ရပါတယ်။ တချို့က တစေးတည့်ပြီး ဖောက်ပါတယ်။ စပျစ်သီးခြောက် မထည့်ရင်လည်း ရပါတယ်။
ရက်ကြာကြာထားလေ ပိုပြင်းလေ ဖြစ်ပါတယ်။ တစ်ပတ်ထားပြီးရင် ပလတ်စတစ်ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားရပါတယ်။ ဖန်ပုလင်းသုံးရင် ကွဲထွက်တတ်လို့ ပလတ်စတစ်ပုလင်းကိုပဲ သုံးကြတယ်။ အဖုံးကို အလုံမပိတ်ဘဲ ဂက်စ်တွေ ထွက်လို့ရဖို့ လိုအပ်ပါတယ်။

အခုလို နာနတ်သီးခေါင်ရည် ချက်နေကြတော့ စူပါမားကက်တွေက အဆင်ပြေအောင် လုပ်ပေးကြတယ်။ နာနတ်သီးတွေနဲ့အတူ တဆေးခုပ်နဲ့ သကြားထုပ်တွေကို တစ်နေရာတည်းမှာ စုပြီး ထားပေးကြတယ်။

 

ကိုဗစ္ကာလ အရက္ပိတ္ပင္သျဖင့္ နာနတ္သီးေရာင္းအား ၉ ဆ တက္

အရက္ဘားေတြ။ လိုင္စင္မဲ့ အရက္ေရာင္းတာေတြ အကုန္လုံးကို ကိုဗစ္ကာလ စီမံခ်က္တစ္ရပ္အျဖစ္ ေတာင္အာဖရိကမွာ လုံးဝပိတ္ပင္လိုက္တဲ့အခါ နာနတ္သီး ေရာင္းအား ၉ ဆ တက္သြားခဲ့တယ္။ အေၾကာင္းရင္းက ႐ိုးရာနာနတ္ေခါင္ရည္ကို အိမ္မွာ ခ်က္ၿပီး အရက္အစားထိုးအျဖစ္ ေသာက္ၾကလို႔ ျဖစ္ပါတယ္။
အိမ္မွာ ေသာက္သုံးဖို႔ နာနတ္ေခါင္ရည္ ဖန္တီးၾကတဲ့အျပင္ တစ္ႏိုင္တစ္ပိုင္ ထုတ္လုပ္ၿပီး အြန္လိုင္းကေန ေရာင္းခ်ၾကတာေတြလည္း ရွိပါတယ္။
ေတာင္အာဖရိကရဲ႕ ၿမိဳ႕ေတာ္ Johannesburg မွာ ေန႔စဥ္ နာနတ္သီး ကီလို တစ္ေသာင္းကေန တစ္သိန္းအထိ အဝယ္လိုက္တယ္။ ေဈးႏႈန္း ၂ ဆ ခုန္တက္သြားတယ္။
Cape Town home-brew club South Yeasters ရဲ႕ ဥကၠဌျဖစ္သူ Samantha Nolan က
"တစ္ေနကုန္ တစ္ေနခန္း အိမ္မွာ ေနရၿပီးတဲ့အခါ ညေနေစာင္းရင္ ယမကာ မွိဝဲခ်င္ၾကတယ္။ lockdown က တင္းက်ပ္ေတာ့ အရက္ ဝယ္မရဘူး။ ငါးပတ္ ၾကာၿပီးခ်ိန္မွာ နည္းလမ္း ရွာႀကံလာၾကတယ္။ နာနတ္သီးကေန ေရွး႐ိုးရာ ေခါင္ရည္ခ်က္နည္းကို စလုပ္ၾကေတာ့တာပဲ" လို႔ ေျပာျပတယ္။
"ဆိုရွယ္မီဒီဘာမွာ ပ်ံ႕သြားတယ္။ အဲဒီမွာ နာနတ္သီးေတြ ေရာင္းမေလာက္ ျဖစ္ကုန္တယ္။ ခ်က္နည္းက လြယ္ကူတယ္။ အိုးတစ္ခုထဲ နာနတ္သီးရယ္၊ သၾကားေတြ အမ်ားႀကီးရယ္၊ ေရရယ္ ထည့္ၿပီး ႏွပ္႐ုံပဲ။ အဲဒီမွာ ေခါင္ရည္ ရတယ္"
နာနတ္သီး ၂ လုံး အခြံႏႊာ အေစ့ဖယ္ လက္မ လက္တစ္ဆစ္သာသာ အ႐ြယ္ရွိ အတုံးေလးေတြ လွီး၊ ေရေႏြး ၆ လီတာထဲမွာ ထည့္ႏွစ္။ အေပၚမွ စပ်စ္သီးေျခာက္ ဖန္ခြက္တစ္ခြက္စာ ထည့္ၿပီး ဖိေပး။ တစ္ေန႔ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေမႊေပး။ သုံးရက္ၾကာရင္ နာနတ္ေခါင္ရည္ ရပါတယ္။ တခ်ိဳ႕က တေစးတည့္ၿပီး ေဖာက္ပါတယ္။ စပ်စ္သီးေျခာက္ မထည့္ရင္လည္း ရပါတယ္။
ရက္ၾကာၾကာထားေလ ပိုျပင္းေလ ျဖစ္ပါတယ္။ တစ္ပတ္ထားၿပီးရင္ ပလတ္စတစ္ဘူးထဲ ထည့္ၿပီး ေရခဲေသတၱာထဲ သိမ္းထားရပါတယ္။ ဖန္ပုလင္းသုံးရင္ ကြဲထြက္တတ္လို႔ ပလတ္စတစ္ပုလင္းကိုပဲ သုံးၾကတယ္။ အဖုံးကို အလုံမပိတ္ဘဲ ဂက္စ္ေတြ ထြက္လို႔ရဖို႔ လိုအပ္ပါတယ္။

အခုလို နာနတ္သီးေခါင္ရည္ ခ်က္ေနၾကေတာ့ စူပါမားကက္ေတြက အဆင္ေျပေအာင္ လုပ္ေပးၾကတယ္။ နာနတ္သီးေတြနဲ႔အတူ တေဆးခုပ္နဲ႔ သၾကားထုပ္ေတြကို တစ္ေနရာတည္းမွာ စုၿပီး ထားေပးၾကတယ္။



 

Read times
Rate this item
(0 votes)