Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအစာနှင့်ပတ်သက်ပြီး ခန္ဓာကိုယ်မှလိုအပ်သော အခြေခံလိုအပ်ချက်များ

ခန္ဓာကိုယ်ဟာ ကျွန်တော်တို့ စားသုံးသော အစားအစာများ (အဆိပ်အတောက် ဖြစ်စေသော ပိုးသတ်ဆေးများပါ၀င်သည့် အစားအစာများလည်းပါဝင်သည်)၊ ပတ်ဝန်းကျင်မှကျွန်တော်တို့ ရှူရှိုက်မိသည့်လေထု၊ ယမကာနှင့် ဆေးဝါးများမှ သဘာဝအလျောက် တည်ဆောက်ပါတယ်။

 

ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက စိတ်ဖိစီးမှု ကဲ့သို့သော စိတ်အခြေအနေများမှလည်း အဆိပ်အတောက်များကို ရရှိနိုင်ပါတယ်။

 

ခန္ဓာကိုယ်က ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှု၊ အစာခြေပြဿနာများ၊ စိတ်ရှုပ်ထွေးမှုများ၊ ခေါင်းမူးခြင်းနှင့် အရေပြားပြဿနာများ စသည့်အချက်ပြမှုတွေကိုပေးတာကြောင့် ၎င်းအချက်ပြမှုတွေက ခန္ဓာကိုယ် သန့်ရှင်းအောင် ပြုလုပ်ရန်လိုအပ်ကြောင်းကို သိနိုင်ပါတယ်။


ထို့ကြောင့် ဆီးချိုရောဂါနှင့်ကင်ဆာ ကဲ့သို့သော ရောဂါများကိုတားဆီးနိုင်ရန်အတွက် သင့်တော်ပြီး အာဟာရပြည့်ဝတဲ့အစားအစာကို စားသုံးခြင်းဖြင့် ပုံမှန်သန့်စင်အောင် ပြုလုပ်ဖို့က အရေးကြီးပါတယ်။

 

အစားအသောက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Lydia Aisu Pedun ရဲ့အဆိုအရ သန့်စင်တဲ့အစားအစာက အဆိပ်အတောက်၊ ကိုယ်တွင်းအညစ်အကြေးနှင့် ခန္ဓာကိုယ်အတွင်းရှိဆဲလ်များ၊ တစ်သျှူးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အဆစ်တွေမှာ သို့မဟုတ် သွေးစီးဆင်းလည်ပတ်မှုတွေမှာ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

"ကိုယ်ခန္ဓာမှအဆိပ်များကို သန့်စင်လိုက်တဲ့အခါ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်လာပြီး ရောဂါဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ သင်ဟာ စိတ်ခံစားမှု တည်ငြိမ်လာပြီး ခန္ဓာကိုယ်အတွင်းမှာ အာဟာရဓာတ်တွေနဲ့ဓာတ်သတ္တုတွေကို စုပ်ယူမှုအားပိုကောင်းလာပါလိမ့်မယ်” လို့ Lydia Aisu Pedunက ပြောကြားခဲ့ပါတယ်။

 

မီးဖိုချောင်သုံးအစားအစာတွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့က ခန္ဓာကိုယ် ဆဲလ်တွေရဲ့အောက်ဆီဂျင်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ရောင်စုံဟင်းသီးဟင်းရွက်နှင့်သစ်သီးများကို ပေါင်းစပ်စားသုံးခြင်းက ကိုယ်ခံစွမ်းအားစနစ်မှာ မရှိမဖြစ်လိုအပ်သောဓာတ်များကို ပံ့ပိုးပေးပြီး အဆိပ်အတောက်တွေကို သင့်လျော်စွာ ဖယ်ရှားနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

 

ဒါ့အပြင် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝသောအစားအစာတွေက သွေးဖိအားနှင့်ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းခြင်းအန္တရာယ်တွေကို လျော့နည်းစေပါတယ်။

 

"အပင်ကို အခြေခံသောအစားအစာရင်းမြစ်တွေက အစာခြေစနစ်ကို သန့်ရှင်းပေးပြီး ကျန်းမာရေးအတွက် အကူအညီပေးပါတယ်။ ၎င်းတို့က အူသိမ်အူလှုပ်ရှားမှုတွေကို လျှော့ချပေးပြီး ခန္ဓာကိုယ်မှ ကိုလက်စထရောနှင့် အခြားအဆိပ်အတောက်ဖြစ်စေသော အရာများကို ထုတ်ပစ်ပေးဖို့ ကူညီပေးပါတယ်"လို့ အာဖရိကဆန်းသစ်တီထွင်မှုအင်စတီကျုရဲ့ အာဟာရဆိုင်ရာသုတေသနတွဲဖက် Lilian Nyanziက ပြောကြားခဲ့ပါတယ်။

 

Source:Daily Monitor

Read times
Rate this item
(0 votes)