Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ယမကာတွေ အိမ်မှာ ဘယ်လောက်ကြာကြာ အထားခံသလဲ

ယမကာ လုပ်ငန်းကဏ္ဍမှာ ထူးထူးခြားခြားတွေ ဖြစ်ပေါ်နေတယ်။

lockdown ပြဌာန်းမှုတွေကြောင့် ဘားတွေ၊စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ပိတ်ထားကြရတယ်။ ဆိုင်မှာ ထိုင်သောက်ကြတာကို ခွင့်မပြုဘူး။ အိမ်မှာပုလင်းလိုက် ဘူးလိုက် ဝယ်ထားကြရတယ်။

ဘီယာလုပ်ငန်းတွေ ဖြန့်ချိရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရလို့ စက်ရုံမှာ ဘီယာတွေ ပိုလျှံကုန်တာမို့ မြို့မှာ နေထိုင်သူတွေကို ကြိုက်သလောက်ယူပါဆိုပြီး အလကားပေးပစ်ရတယ်။

ဂျာမနီမှ Willinger  ဘီယာချက်စက်ရုံက ဘီယာ လီတာ ၂၆၀၀ ကို အလကားဝေပေးခဲ့တယ်။ ပို့နေကျ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကို ပေးပို့လို့ မရတာကြောင့် ဖြစ်ပါတယ်။ 

 

ထိုင်းမှာ ယမကာ ရောင်းချခြင်းကို lockdown ပြဌာန်းမှုနဲ့အတူ ပိတ်ပင်ထားရာမှ ပြန်ဖွင့်ပေးလိုက်တော့ စူပါမားကက်တွေမှာ အရက်တွေ ဘီယာတွေ ဝယ်ပြီး အိမ်မှာ သိမ်းဆည်းထားကြတယ်။

 

အဲဒီလို အိမ်မှာ ဝယ်ထားတဲ့ အရက်တွေ ဘီယာတွေ အိမ်မှာ ဘယ်လောက်ကြာကြာ အထားခံသလဲ

 

whiskey, vodka,  rum စတဲ့ အရက်မျိုးတွေက ပုလင်းဖွင့်ပြီးရင် အကြာကြီး ထားလို့ရတယ်။ ပျက်စီးမသွားဘူး။ အနံ့အရသာကတော့ တဖြည်းဖြည်း လျော့ကျသွားတယ်။ ပုလင်းဖွင့်ပြီးရင် ၆ လ မှ ၈ လကြာပြီးချိန်မှာ အနံ့အရသာ စတင်ဆုံးရှုံးပါတယ်။

 

ဘီယာက အရက်လို မဟုတ်ဘူး။ သုံးလကြာပြီးရင် မလတ်ဆတ်တော့ဘူး။ တကယ်လို့ ထားသိုတာ စနစ်မကျရင် အထဲမှာ ပျက်စီးကုန်တယ်။ အချဉ်ပေါက်တယ်။  အနံ့လည်း ပျက်တယ်။  အနံ့ဆိုးသွားတယ်။

Sell-by date သို့မဟုတ်  best-by date ကို သေသေချာချာ ကြည့်ပြီး ဝယ်ကြတယ်။ အဲဒီ ရက်စွဲထက် သုံးလ ကျော်နေရင် အထဲမှာ ပျက်ချဉ်နေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

 

ဘီယာ ရှန်ပိန်တို့ဟာ ကာဘွန်နိတ်အရည်တွေ ဖြစ်တာမို့ ကာဘွန်နိတ်ပါတဲ့ အချိုရည်တွေ နည်းတူ ဖွင့်ဖောက်လိုက်ပြီးရင် ကာဘွန်နိတ်တွေ လေထဲ ရောက်ကုန်တယ်။ ဒီတော့ ဖွင့်ဖောက်ပြီးရင် ကုန်အောင် သောက်ဖို့ပဲ ရှိပါလိမ့်မယ်။ နေ့ဖို့ညစာ ထားထားလို့ မရနိုင်ဘူး။

 

 

ယမကာေတြ အိမ္မွာ ဘယ္ေလာက္ၾကာၾကာ အထားခံသလဲ

ယမကာ လုပ္ငန္းက႑မွာ ထူးထူးျခားျခားေတြ ျဖစ္ေပၚေနတယ္။ lockdown ျပဌာန္းမႈေတြေၾကာင့္ ဘားေတြ၊စားေသာက္ဆိုင္ေတြ၊ ဘီယာဆိုင္ေတြ ပိတ္ထားၾကရတယ္။ ဆိုင္မွာ ထိုင္ေသာက္ၾကတာကို ခြင့္မျပဳဘူး။ အိမ္မွာပုလင္းလိုက္ ဘူးလိုက္ ဝယ္ထားၾကရတယ္။
ဘီယာလုပ္ငန္းေတြ ျဖန႔္ခ်ိေရးလမ္းေၾကာင္းေတြ ပိတ္ဆို႔ခံထားရလို႔ စက္႐ုံမွာ ဘီယာေတြ ပိုလွ်ံကုန္တာမို႔ ၿမိဳ႕မွာ ေနထိုင္သူေတြကို ႀကိဳက္သေလာက္ယူပါဆိုၿပီး အလကားေပးပစ္ရတယ္။
ဂ်ာမနီမွ Willinger ဘီယာခ်က္စက္႐ုံက ဘီယာ လီတာ ၂၆၀၀ ကို အလကားေဝေပးခဲ့တယ္။ ပို႔ေနက် စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြကို ေပးပို႔လို႔ မရတာေၾကာင့္ ျဖစ္ပါတယ္။


ထိုင္းမွာ ယမကာ ေရာင္းခ်ျခင္းကို lockdown ျပဌာန္းမႈနဲ႔အတူ ပိတ္ပင္ထားရာမွ ျပန္ဖြင့္ေပးလိုက္ေတာ့ စူပါမားကက္ေတြမွာ အရက္ေတြ ဘီယာေတြ ဝယ္ၿပီး အိမ္မွာ သိမ္းဆည္းထားၾကတယ္။

အဲဒီလို အိမ္မွာ ဝယ္ထားတဲ့ အရက္ေတြ ဘီယာေတြ အိမ္မွာ ဘယ္ေလာက္ၾကာၾကာ အထားခံသလဲ

whiskey, vodka, rum စတဲ့ အရက္မ်ိဳးေတြက ပုလင္းဖြင့္ၿပီးရင္ အၾကာႀကီး ထားလို႔ရတယ္။ ပ်က္စီးမသြားဘူး။ အနံ႔အရသာကေတာ့ တျဖည္းျဖည္း ေလ်ာ့က်သြားတယ္။ ပုလင္းဖြင့္ၿပီးရင္ ၆ လ မွ ၈ လၾကာၿပီးခ်ိန္မွာ အနံ႔အရသာ စတင္ဆုံးရႈံးပါတယ္။

ဘီယာက အရက္လို မဟုတ္ဘူး။ သုံးလၾကာၿပီးရင္ မလတ္ဆတ္ေတာ့ဘူး။ တကယ္လို႔ ထားသိုတာ စနစ္မက်ရင္ အထဲမွာ ပ်က္စီးကုန္တယ္။ အခ်ဥ္ေပါက္တယ္။ အနံ႔လည္း ပ်က္တယ္။ အနံ႔ဆိုးသြားတယ္။
Sell-by date သို႔မဟုတ္ best-by date ကို ေသေသခ်ာခ်ာ ၾကည့္ၿပီး ဝယ္ၾကတယ္။ အဲဒီ ရက္စြဲထက္ သုံးလ ေက်ာ္ေနရင္ အထဲမွာ ပ်က္ခ်ဥ္ေနၿပီလို႔ ယူဆရမွာ ျဖစ္ပါတယ္။

ဘီယာ ရွန္ပိန္တို႔ဟာ ကာဘြန္နိတ္အရည္ေတြ ျဖစ္တာမို႔ ကာဘြန္နိတ္ပါတဲ့ အခ်ိဳရည္ေတြ နည္းတူ ဖြင့္ေဖာက္လိုက္ၿပီးရင္ ကာဘြန္နိတ္ေတြ ေလထဲ ေရာက္ကုန္တယ္။ ဒီေတာ့ ဖြင့္ေဖာက္ၿပီးရင္ ကုန္ေအာင္ ေသာက္ဖို႔ပဲ ရွိပါလိမ့္မယ္။ ေန႔ဖို႔ညစာ ထားထားလို႔ မရႏိုင္ဘူး။

Read times
Rate this item
(0 votes)