Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက်များကို အာဟာရမပျက်အာင် ချက်ပြုတ်နည်း

Unicode

ဟင်းသီးဟင်းရွက်များကို အာဟာရမပျက်အာင် ချက်ပြုတ်နည်း


ဟင်းသီးဟင်းရွက်များကို ရေတွင် အကြာကြီးစိမ်ပြီး မထားသင့်ပါ။ ချက်ပြုတ်ခါနီးမှ ရေဆေးပြီး လှီးဖြတ်၍ ချက်ပြုတ်သင့်ပါတယ်။ ရေတွင် ကြာရှည်စွာ စိမ်ထားပါက ဗီတာမင်ဘီနှင့် စီဓာတ်များ ရေတွင် ပျော်ဝင်တဲ့အတွက် အာဟာရဓာတ်များ ဆုံးရှုံးနိုင်ပါတယ်။

 

ဟင်းသီးဟင်းရွက်များကို အပူဓာတ်များစွာ မပေးသင့်ပါ။ အရည်ကို ဦးစွာကြိုချက်ထားပြီး ကျက်ခါနီးမှ ဟင်းသီးဟင်းရွက်ကို ခတ်လိုက်ပါ။  ကျက်ပြီးရင်လည်း မီးဖိုပေါ်တွင်မထားဘဲ ပူပူနွေးနွေး စားသုံး သင့်ပါတယ်။ ကျန်တဲ့ဟင်းကို ပန်းကန်ထဲသို့ထည့်၍ လှယ်ထားပါ။ ဗီတာမင်စီကို အပူဓာတ်က ပျက်စီးစေသောကြောင့် သိရပါတယ်။

 

Chilli, Chilli Powder ငရုတ္သီးႏွင့္ ငရုတ္သီးမႈန္႔ထုတ္လုပ္ငန္းေပါင္း ၁၃၈ ခုကိုရွာရန္ႏိွပ္ပါ။

 

ဆလတ်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ မြင်းခွာရွက်စတဲ့ ငါးပိရည်နှင့် တို့စရာတို့ကို အစိမ်းလိုက် စားသောက်ကြပါတယ်။ ရေမစိမ်ဘဲ လှုပ်ခါ၍ ရေဆေးပြီး စားလည်းရပါတယ်။ အရွက်နုများက အရွက်ရင့်များထက် အာဟာရဓာတ်ပိုပါကြောင်း တွေ့ရပါတယ်။

 

ပဲပင်ပေါက်တွင် ဗီတာမင် ဘီတူးပါဝင်တဲ့အတွက်ကြောင့် အစိမ်းအတိုင်းစားခြင်း (သို့) မိနစ်အနည်းငယ်သာချက်ပြုတ်၍ ကြော်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

 

သစ်သီးများကိုလည်း စားခါနီးမှ အခွံခွာခြင်း၊ လှီးဖြတ်ခြင်းပြုရပါတယ်။ အခွံမရှိသော အသားအပေါ်မှ ဗီတာမင်ဓာတ်များဟာ လေထိလျှင် ပျက်စီးပျောက်ဆုံး သွားတတ်ပါတယ်။

 

ဟင်းသီးဟင်းရွက်က လတ်ဆတ်မှဗီတာမင်ဓာတ်ပြည့်ဝစွာ ရရှိမှာဖြစ်ပါတယ်။ ထို့ကြောင့် နွမ်းနေတဲ့ ဟင်းသီးဟင်းရွက်များကို မစားသင့်ပါ။

 

ဆန်ကိုလည်း ရေတစ်ထပ်သာဆေးပြီးထမင်းရည်မငှဲ့ဘဲ ရေခမ်းချက်သင့်ပါတယ်။ ထမင်းရည်ငှဲ့ချက်ပါက အရည်အသောက်ဟင်းတစ်မျိုးမျိုးတွင် ထမင်းရည်ကို ပြန်၍ သုံးသင့်ပါတယ်။ ဆန်လုံးညိုကို စားနိုင်လျှင်  ပို၍ ကောင်းကြောင်း သိရပါတယ်။

 

ဗီတာမင်ဓာတ်ရေသို့ပါသွားပြီး ဆုံးရှုံးနိုင်သော သီးနှံများကို ဆီနဲ့လူးပြီးမှ ချက်ချင်းဆီသတ်၍ ချက်ပြုတ်ခြင်းများပြုလုပ်စားသုံးသင့်ပါတယ်။

 

ပဲစင်းငုံ၊ ကုလားပဲကဲ့သို့ နူးနပ်လွယ်အောင် ရေစိမ်ရမည်ဆိုလျှင် နောက်ဆုံးစိမ်သောရေကိုပါ ဟင်းထဲထည့်၍ ချက်သင့်ပါတယ်။ သို့မှသာ စိမ်ထားတဲ့ရေတွင်ပျော်ဝင်သွားတဲ့ ဗီတာမင် ဘီဓာတ်ကို ပြန်လည် ရရှိမှာဖြစ်ပါတယ်။  ပဲကြီးကို ရေစိမ်ထားလျှင် ထိုရေတွင် အဆိပ်အတောက်ပျော်ဝင်နေသဖြင့် ပြန်လည်မသုံးသင့်ပါ။

 

ဟင်းသီးဟင်းရွက်များကို နုတ်နုတ်စင်းပစ်လျှင် သြဇာဓာတ်ပျက်စီးဆုံးရှုံးတတ်ပါတယ်။ အတတ်နိုင်ဆုံး အဖတ်ကြီးကြီး ချက်ပြုတ်သင့်ပါတယ်။

 

Read More >>>>>  အသက္ႀကီးသူေတြ ပိုစားသင့္တဲ့ အေကာင္းဆံုးအာဟာရ(၁၀)မ်ိဳး

 

ဟင်းသီးဟင်းရွက်များကို ဆိုဒါထည့်၍ ချက်ပြုတ်လျှင် သြဇာဓာတ်အချို့ဆုံးရှုံးတတ်ပါတယ်။

 

Myanmar Food Industry Directory

 

 

 

ဟင္းသီးဟင္းရြက္မ်ားကို အာဟာရမပ်က္အာင္ ခ်က္ျပဳတ္နည္း

 

ဟင္းသီးဟင္းရြက္မ်ားကို ေရတြင္ အၾကာႀကီးစိမ္ၿပီး မထားသင့္ပါ။ ခ်က္ျပဳတ္ခါနီးမွ ေရေဆးၿပီး လွီးျဖတ္၍ ခ်က္ျပဳတ္သင့္ပါတယ္။ ေရတြင္ ၾကာရွည္စြာ စိမ္ထားပါက ဗီတာမင္ဘီႏွင့္ စီဓာတ္မ်ား ေရတြင္ ေပ်ာ္ဝင္တဲ့အတြက္ အာဟာရဓာတ္မ်ား ဆံုး႐ႈံးႏိုင္ပါတယ္။

 

ဟင္းသီးဟင္းရြက္မ်ားကို အပူဓာတ္မ်ားစြာ မေပးသင့္ပါ။ အရည္ကို ဦးစြာႀကိဳခ်က္ထားၿပီး က်က္ခါနီးမွ ဟင္းသီးဟင္းရြက္ကို ခတ္လိုက္ပါ။  က်က္ၿပီးရင္လည္း မီးဖိုေပၚတြင္မထားဘဲ ပူပူေႏြးေႏြး စားသံုး သင့္ပါတယ္။ က်န္တဲ့ဟင္းကို ပန္းကန္ထဲသို႕ထည့္၍ လွယ္ထားပါ။ ဗီတာမင္စီကို အပူဓာတ္က ပ်က္စီးေစေသာေၾကာင့္ သိရပါတယ္။

 

Chilli, Chilli Powder ငရုတ္သီးႏွင့္ ငရုတ္သီးမႈန္႔ထုတ္လုပ္ငန္းေပါင္း ၁၃၈ ခုကိုရွာရန္ႏိွပ္ပါ။

 

ဆလတ္ရြက္၊ နံနံပင္၊ ၾကက္သြန္ၿမိတ္၊ ျမင္းခြာရြက္စတဲ့ ငါးပိရည္ႏွင့္ တုိ႕စရာတို႕ကို အစိမ္းလိုက္ စားေသာက္ၾကပါတယ္။ ေရမစိမ္ဘဲ လႈပ္ခါ၍ ေရေဆးၿပီး စားလည္းရပါတယ္။ အရြက္ႏုမ်ားက အရြက္ရင့္မ်ားထက္ အာဟာရဓာတ္ပိုပါေၾကာင္း ေတြ႔ရပါတယ္။

 

ပဲပင္ေပါက္တြင္ ဗီတာမင္ ဘီတူးပါဝင္တဲ႕အတြက္ေၾကာင့္ အစိမ္းအတုိင္းစားျခင္း (သို႕) မိနစ္အနည္းငယ္သာခ်က္ျပဳတ္၍ ေၾကာ္ျခင္းတုိ႕ကို ျပဳလုပ္သင့္ပါတယ္။

 

သစ္သီးမ်ားကိုလည္း စားခါနီးမွ အခြံခြာျခင္း၊ လွီးျဖတ္ျခင္းျပဳရပါတယ္။ အခြံမရွိေသာ အသားအေပၚမွ ဗီတာမင္ဓာတ္မ်ားဟာ ေလထိလွ်င္ ပ်က္စီးေပ်ာက္ဆံုး သြားတတ္ပါတယ္။

 

ဟင္းသီးဟင္းရြက္က လတ္ဆတ္မွဗီတာမင္ဓာတ္ျပည့္ဝစြာ ရရွိမွာျဖစ္ပါတယ္။ ထုိ႕ေၾကာင့္ ႏြမ္းေနတဲ့ ဟင္းသီးဟင္းရြက္မ်ားကို မစားသင့္ပါ။

 

ဆန္ကိုလည္း ေရတစ္ထပ္သာေဆးၿပီးထမင္းရည္မငွဲ႔ဘဲ ေရခမ္းခ်က္သင့္ပါတယ္။ ထမင္းရည္ငွဲ႔ခ်က္ပါက အရည္အေသာက္ဟင္းတစ္မ်ဳိးမ်ဳိးတြင္ ထမင္းရည္ကို ျပန္၍ သံုးသင့္ပါတယ္။ ဆန္လံုးညိဳကို စားႏိုင္လွ်င္  ပို၍ ေကာင္းေၾကာင္း သိရပါတယ္။

 

ဗီတာမင္ဓာတ္ေရသို႕ပါသြားၿပီး ဆံုး႐ႈံးႏိုင္ေသာ သီးႏွံမ်ားကို ဆီနဲ႕လူးၿပီးမွ ခ်က္ခ်င္းဆီသတ္၍ ခ်က္ျပဳတ္ျခင္းမ်ားျပဳလုပ္စားသံုးသင့္ပါတယ္။

 

ပဲစင္းငံု၊ ကုလားပဲကဲ့သုိ႕ ႏူးနပ္လြယ္ေအာင္ ေရစိမ္ရမည္ဆိုလွ်င္ ေနာက္ဆံုးစိမ္ေသာေရကိုပါ ဟင္းထဲထည့္၍ ခ်က္သင့္ပါတယ္။ သို႕မွသာ စိမ္ထားတဲ့ေရတြင္ေပ်ာ္ဝင္သြားတဲ့ ဗီတာမင္ ဘီဓာတ္ကို ျပန္လည္ ရရွိမွာျဖစ္ပါတယ္။  ပဲႀကီးကို ေရစိမ္ထားလွ်င္ ထိုေရတြင္ အဆိပ္အေတာက္ေပ်ာ္ဝင္ေနသျဖင့္ ျပန္လည္မသံုးသင့္ပါ။

 

ဟင္းသီးဟင္းရြက္မ်ားကို ႏုတ္ႏုတ္စင္းပစ္လွ်င္ ၾသဇာဓာတ္ပ်က္စီးဆံုး႐ႈံးတတ္ပါတယ္။ အတတ္ႏိုင္ဆံုး အဖတ္ႀကီးႀကီး ခ်က္ျပဳတ္သင့္ပါတယ္။

 

Read More >>>>>  အသက္ႀကီးသူေတြ ပိုစားသင့္တဲ့ အေကာင္းဆံုးအာဟာရ(၁၀)မ်ိဳး

 

ဟင္းသီးဟင္းရြက္မ်ားကို ဆုိဒါထည့္၍ ခ်က္ျပဳတ္လွ်င္ ၾသဇာဓာတ္အခ်ဳိ ႔ဆံုး႐ႈံးတတ္ပါတယ္။

 

Myanmar Food Industry Directory

 

 

Read times Last modified on Tuesday, 18 February 2020 09:51
Rate this item
(0 votes)