Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲသည် ဆီးချိုရောဂါအတွက် ကောင်းပါသလား

မြေပဲသည် ဆီးချိုရောဂါအတွက် ကောင်းပါသလား TimesOfIndia

၂၀၁၇ခုနှစ် အချက်အလက်များအရ အိန္ဒိယတွင် ၇၂ သန်းကျော်ရှိတဲ့ လူဦးရေသည် ဆီးချိုရောဂါခံစားနေရပြီး ကမ္ဘာပေါ်တွင် ဆီးချိုရောဂါအများဆုံးဖြစ်တဲ့ မြို့တော်ဖြစ်လာပါတယ်။

 

လက်ရှိ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပေါ်တွင်စုစုပေါင်းဆီးချိုရောဂါဖြစ်ပွားမှု၏ ၄၉ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

 

သက်ကြီးရွယ်အိုများ သာမက ကလေးများအကြား ဆီးချိုရောဂါသည် ၄လမှ ၃လအရွယ်ရှိ ကလေးတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ဆီးချိုရောဂါကို အကောင်းဆုံးကုသနိုင်တဲ့နည်းကတော့ ကျန်းမာစွာစားသောက်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းပဲဖြစ်ပါတယ်။

 

အချို့လူတွေက သူတို့၏သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရန် အင်ဆူလင်ဆေးများ သို့မဟုတ် အခြားဆေးဝါးများကို သုံးစွဲကြသော်လည်း သန့်ရှင်းသော အစားအစာနှင့် တက်ကြွသောလူနေမှုပုံစံကသာ ရေရှည်အတွက် အသုံးဝင်ပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

 

ရောဂါနဲ့ ပတ်သက်ပြီး အစားအစာအကြောင်းကို ပြောရမယ်ဆိုရင် မြေပဲသည် ကျန်းမာသော ဓာတ်စာတစ်ခုဖြစ်ပါတယ်။ မြေပဲသည် ပဲအမျိုးအစားတစ်မျိုးဖြစ်ပြီး ပဲ၊ ပဲပုပ်စတာတွေနဲ့ ဆက်စပ်နေသည်။

 

အချို့သော ပဲအမျိုးမျိုးက (ဆီးချိုရောဂါအတွက်မကောင်းဟုယူဆရသော) carbsများရှိသော်လည်း carbsအားလုံးက မကောင်းတာတော့ မဟုတ်ပါဘူး။ ပဲအမျိုးမျိုးမှာ သင်ရဲ့ သွေးသကြားပမာဏကို အထောက်အကူပြုထိန်းချုပ်ပေးနိုင်တဲ့ carbsများရှိပါသည်။

 

အမျိုးသားမြေပဲ ဘုတ်အဖွဲ့ရဲ့ အဆိုအရ ဆီးချိုရောဂါရှိသူများသည် ရောဂါအတွက် မြေပဲနှင့်မြေပဲထောပတ်တို့ကို စားသုံးပေးသင့်တယ်လို့ သိရပါတယ်။ မြေပဲနှင့်မြေပဲထောပတ်သည် glycemic index ပါဝင်မှု နည်းပါးပါတယ်။

 

၎င်းသည် ဆီးချိုရောဂါခံစားနေရသူများအတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်တဲ့ အကျိုးပြု ပဲတစ်မျိုးဖြစ်ပါတယ်။ သို့သော် အလွန်အကျွံစားသုံးခြင်းကို ရှောင်ရပါမယ်။

 

Yadanar-Aung-HeinNoodles--Vermicelli-Assorted_0090_Food.png

 

By Myanmar Food Industry Guide

 

Ref:TimesOfIndia

Read times Last modified on Monday, 24 August 2020 17:35
Rate this item
(0 votes)