Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥ Half-Friedကြော်က ကျန်းမာရေးအတွက် အထောက်အကူပြုပါသလား။

ကြက်ဥကို ပုံစံမျိုးစုံနဲ့ ချက်ပြုတ်နိုင်သလို ကြက်ဥလောက် အရသာကောင်းပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာဆိုတာ မရှိသလောက်ရှားပါတယ်။

 

ကြက်ဥဟာ ပေါပေါများများရရှိနိုင်တဲ့ ထွက်ကုန် တစ်ခုဖြစ်တာကြောင့် ၎င်းကို တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်ကြမှာ ဖြစ်ပြီး အကြိုက်ဆုံးအစားအစာတစ်ခု အနေနဲ့တောင် ပါဝင်နေနိုင်ပါတယ်။

 

ကြက်ဥတွေကို ဘယ်လိုချက်ပြုတ်သလဲဆိုတာကို သင်သိပါသလား။ ကြက်ဥနဲ့ ပတ်သက်ပြီး ကယ်လိုရီ ပမာဏ များများနဲ့ ကျန်းမာရေးကောင်းစေမယ့် အရသာရှိတဲ့ အစားအစာတွေကို သင်စိတ်ကြိုက် လုပ်စားသင့်ပါတယ်။

 

ကြက်ဥတွေက ပရိုတင်းဓာတ်အပြည့်အဝ ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်ကြောင့် ပရိုတင်းဓာတ်အများဆုံးရရှိစေပြီး ကျန်းမာရေး အရင်းအမြစ်ဖြစ်စေပါတယ်။ ၎င်းအပြင် ဥတွေက ဆယ်လီနီယမ်၊ ဗီတာမင် D၊ B6၊ B12 နှင့် သွပ်၊ သံနှင့်ကြေးနီသတ္တုဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

 

Lutein နှင့် Zeaxanthin ကဲ့သို့သော antioxidants တွေရှိနေခြင်းက အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပြီး ကြွက်သားများ ယိုယွင်းခြင်းနှင့်မျက်စိအတွင်းတိမ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Omega 3 fatty acids ကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး triglycerides ကိုလျော့နည်းစေပါတယ်။

 

ကျန်းမာရေးကျွမ်းကျင်သူများအဆိုအရ ကျန်းမာရေးအခြေခံ ပြဿနာမရှိပါက နေ့စဉ် ကြက်ဥကို စားသုံးသင့်ပါတယ်။ အထူးသဖြင့် ကြက်ဥတွေက ကလေးများအတွက် အကောင်းဆုံးဖြစ်သည့်အပြင် သင်ရဲ့ကြွက်သားတစ်သျှူးများ ပိုမိုအားကောင်းလာစေရန်လည်း ကူညီပေးနိုင်ပါတယ်။ သို့သော် half fried ကြက်ဥကြော်မှာ ပုံမှန်အားဖြင့် ကယ်လိုရီ ၉၀၊ အဆီ ၇.၀၄ ဂရမ်နှင့်ပရိုတင်း ၆.၂၇ ဂရမ်အထိ ပါဝင်နေပါတယ်။

 

အမျိုးသမီးများအတွက် အကောင်းဆုံး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ရန် အနည်းဆုံးကယ်လိုရီ ၁၅၀၀ ခန့်စားသုံးသင့်ပြီး အမျိုးသားများအတွက် တစ်နေ့လျှင် ၂၀၀၀ ကယ်လိုရီအထိ စားသုံးသင့်ပါတယ်။

 

အကယ်၍ သင်က သွေးလွှတ်ကြောပြဿနာများ သို့မဟုတ် ဆီးချိုရောဂါ သို့မဟုတ် အဝလွန်ခြင်းရောဂါများ သို့မဟုတ် နှလုံးပြဿနာများ စတဲ့ ကျန်းမာရေးပြဿနာတွေရှိနေပါက ကြက်ဥကြော်စားသုံးခြင်းက သင်ရဲ့ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။

 

ကြက်ဥတွေကို စားသုံးရန်အကောင်းဆုံးနည်းက ကြက်ဥစားချိန်မှာ အဝါရောင်အနှစ်ကို ဖယ်ပြီး စားခြင်းပဲဖြစ်ပါတယ်။ HDLအဆင့် (မကောင်းသောကိုလက်စထရော)ကို မြင့်တက်စေနိုင်ပါတယ်။

 

သင့်မှာအခြေခံကျန်းမာရေး ပြဿနာမရှိပါက ကြက်ဥကြော်half friedက သင်ရဲ့ကျန်းမာရေးအတွက် မကောင်းပါဘူး။ တကယ်တော့ သင်ဟာ ကိုယ်အလေးချိန် ထိန်းသိမ်းနေတယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေထပ်ထည့်ပြီး အာဟာရပြည့်ဝအောင် စားသုံးနိုင်ပါတယ်။

 

Ref:timesofindia.indiatimes

Read times Last modified on Saturday, 25 July 2020 14:11
Rate this item
(1 Vote)