Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သွားရည်စာမှာ အရသာအပြင် အာဟာရကိုပါ ထည့်စဉ်းစားလာ

အစားအစာ နည်းပညာ ပလက်ဖောင်း Ai Palette နှင့် သုတေသနကုမ္ပဏီ Frost နှင့် Sullivan တို့၏အဆိုအရ

ကိုဗစ်ရောဂါကူးစက်ခြင်း မတိုင်မီက စားသုံးသူများသည် အစာစားခြင်းကိုသက်သောင့်သက်သာရှိစေရန် နှစ်သိမ့်သောအစာအဖြစ် ရှုမြင်ကြသည်။ Covid-19 ကြောင့် ကန်းမာရေးကို ထည့်စဉ်းစားလာကြသောအခါ ကျန်းမာရေးအထောက််အကူပြုရန် ရွေးချယ်စားသောက်လာကြခြင်းများ ရှိလာသည်။

ဓာတုပစ္စည်းများ၊ ပစ္စည်းများနှင့် အစားအစာဆိုင်ရာ လေ့လာသုံးသပ်သူ Nadiah Ghazalli က " Covid-19 မတိုင်မီက သွားရည်စာ ဟာ ကျွန်တော်တို့ကို အစာတစ်နပ်နဲ့ တစ်နပ်အကြား အဆောပြေအဖြစ် စားခဲ့ကြတယ်။ အလုပ်များတဲ့သူတွေက နေ့လည်စာ မစားဖြစ်တော့ဘဲ မုန့်ပဲသရေစာနဲ့ပဲ ပြီးလိုက်ကြတယ်။ အခုလည်း သွားရည်စာကို အာဟာရအဖြစ် ရည်ရွယ်ခြင်း မရှိဘဲ စားနေကြသူတွေ ရှိနေပါတယ်။ ကျန်းမာရေးအတွက် အာဟာရအဖြစ် စားသုံးသူတွေလည်း ရှိလာပါတယ်"
ဟုပြောကြားခဲ့သည်။
သွားရည်စာကို ရွေးချယ်ပုံသည် ကျန်းမာရေး အထူးသဖြင့် ကိုယ်ခံအား ကောင်းစေရန် ရည်ရွဉ်ချက်ထားရှိပြီး စားသုံးကြခြင်းများ ရှိလာသည်။ ရောဂါကူးစက်မှုကို ခုခံကာကွယ် နိုင်ဖို့ သည် ခန္ဓာကိုယ်အတွက် မည်မျှအရေးကြီးသည်ကို အထူးသဖြင့်ကိုယ်ခံစွမ်းအားစနစ်အတွက် အရေးပါသည်ကို ထည့်သွင်းစဉ်းစားလာကြသည်. ဗဟုသုတများကိုလည်း လေ့လာစူးစမ်းလာကြသည်ဟု Ghazalli က ဖြည့်စွက်ပြောကြားသည်။

အချိုဓာတ် Sweetener ရောင်းချသူ SweeGen က" စားသုံးသူတွေက သွားရည်စာတွေကို ဆိုင်မှာ ဝယ်စားကြတဲ့အပြင် အိမ်မှာလည်း သွားရည်စာကို ချက်ပြုတ်လုပ်ကိုင်လာကြတယ်။ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ပြီး ပြန်ရောင်းတာတွေအထိ ရှိလာတယ်။ အိမ်မှာ အနေများလို့ ကိုယ်အလေးချိန်တက်လာတဲ့လူတွေဟာ သွားရည်စာကို အရသာအရဖြစ်စေ၊ အပျင်းပြေဖြစ်စေ စားသောက်တာအစား ကျန်းမာရေးအတွက် အာဟာရအဖြစ် ရွေးချယ် စားသောက်လာကြတယ်"
ဟု ပြောကြားသည်။

သွားရည်စာ ထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ဖြစ်သော Kerry APMEA မှ အရောင်းမြှင့်တင်ရေးမန်နေဂျာ Olive Bai က “ ဒီနေ့စားသုံးသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ အပါအ ၀ င်ပိုမိုကောင်းမွန်တဲ့ အစားအစာရွေးချယ်မှုတွေကို တောင်းဆိုနေကြတယ်" ဟု သုံးသပ်ပြသည်။
Kerry မှ စစ်တမ်းကောက်ယူခဲ့ရာတွင် သွားရည်စာ စားသုံးသူတို့တွင် ရွေးချယ်မှု ပြုသည့်အခါ အရသာကို အရင်ဆုံးစဉ်းစားပြီး ဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဒုတိယအဖြစ် စဉ်းစားကြသည်။


ကျန်းမာရေးကို အဓိကအာရုံစိုက်နေသဖြင့် လူများသည် ခုခံအားကျဆင်းစေသည့် ပါဝင်ပစ္စည်းများ ပါဝင်သော သွားရည်စာများကို စားသုံးမှု လျော့နည်းလာသည်။ ပရိုတင်း သို့မဟုတ်ဗီတာမင်များ ပါဝင်သော သွားရည်စာများကို ရွေးချယ်လာကြသည်။ သို့တိုင် အရသာကိုကျန်းမာရေးအကြောင်းပြချက်ဖြင့် မလျှော့ချနိုင်သေးဘဲ ရွေးချယ်မှုအတွက် အရင်ဆုံး စဉ်းစားနေကြဆဲဖြစ်သည်။
သို့ဖြစ်ရာ သွားရည်စာထုတ်လုပ်သည့် လုပ်ငန်းများသည် အရသာကို ဆက်ထိန်းထားရင်း ဗီတာမင်ကဲ့သို့သော အားအင်ဖြစ်ထွန်းပြီဂ ကိုယ်ခံစွမ်းအား အထောက်အကူပြုသည့် ပစ္စည်းများ ထည့်သွင်းပေးခြင်းဖြင့် ရောင်းအားကို ဆက်ထိန်းထားနိုင်မည် ဖြစ်သည်။

Read times
Rate this item
(0 votes)