Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Maskတပ်ထားချိန် အစားစားနည်းကို မျှဝေခဲ့သည့် ဗြိတိသျှမော်ဒယ်လ်တစ်ဦး

Emma Louise Connollyက ဗြိတိသျှမော်ဒယ်လ်တစ်ဦးဖြစ်ပြီး influencerတစ်ဦးလည်း ဖြစ်ပါတယ်။ သူမက Face mask ဖယ်စရာမလိုဘဲ အစားအစာ စားနိုင်တဲ့ ထူးဆန်းတဲ့နည်းလမ်းကို မျှဝေခဲ့ပါတယ်။

 

ရယ်စရာကောင်းပေမယ့် အသုံးဝင်တဲ့ နည်းလမ်းဗီဒီယိုကို Instagram မှာတင်ခဲ့ပါတယ်။ Maskတပ်ဆင်ခြင်းက coronavirusကို ကာကွယ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အခြေခံလမ်းညွှန်ချက်တစ်ခုဖြစ်သည်။

 

လူအများစုက ၎င်းအခြေခံလမ်းညွှန်ချက်တွေကို စိတ်အားထက်သန်စွာ လိုက်နာကြပြီး အချိန်ကြာြမှင့်စွာ lockdownနဲ့ နေထိုင်ခဲ့ကြပါတယ်။ အပြင်ထွက်တဲ့အခါလည်း Social Distanceအရ နေထိုင်ကြရတဲ့အတွက် စိတ်ဖိစီးမှုတွေရှိနေကြပါတယ်။

 

ဗီဒီယိုမှာ Emmaက Maskနှစ်ခုကို အပေါ်တစ်ခု အောက်တစ်ခုဝတ်ထားပြီး ပါးစပ်ဟလိုက်တဲ့အခါ ၎င်းMaskနှစ်ခုက ကွဲသွားပြီး အစားအစာကို အေးအေးဆေးဆေး စားလိုက်ရုံပဲ ဆိုပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

 

Annotation_2020-07-27_143712.png

 

ဗီဒီယိုက မမျှော်လင့်ဘဲ ပျော်ရွှင်စရာကောင်းပြီး ထူးဆန်းတာကြောင့် ဗီဒီယိုအဆုံးမှာ သူမကိုယ်တိုင်ရယ်မောနေပါတယ်။

 

ဗီဒီယိုက ကြည့်ရှုသူ ၃၅၉,၀၀၀ ကျော်နှင့်comment ၂၀၀၀ ကျော် ရရှိပါတယ်။ commentပေးသူတွေက မော်ဒယ်ရဲ့ ထူးဆန်းတဲ့ အတွေးအခေါ်ကို သဘောကျနေကြပြီး comment တော်များများက“ Smart”၊ “Smart and Sweet” စတဲ့ မှတ်ချက်တွေပေးကြပါတယ်။

 

ဗီဒီယိုက စမတ်ကျပြီး ပျော်စရာကောင်းတဲ့ အတွက် လူအများက ကြိုက်နှစ်သက်ကြပါတယ်။ စာဖတ်သူတို့လည်း နည်းလမ်းတစ်ခုအနေနဲ့ ဗဟုသုတတစ်ခု ရသွားမယ်လို့ မျှော်လင့်မိပါတယ်။

 

Source:timesofindia.indiatimes

Read times Last modified on Monday, 27 July 2020 14:39
Rate this item
(1 Vote)