Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဝမ်းမှန်ချင်ရင် ဒီအစားအစာတွေကိုစားလိုက်ပါ

Unicode


ဝမ်းမှန်ချင်ရင် ဒီအစားအစာတွေကိုစားလိုက်ပါ


အစာခြေအင်္ဂါအဖွဲ့အစည်း ကောင်းကောင်းအလုပ်လုပ်ပြီး ဝမ်းချုပ်တာမဖြစ်စေဖို့ ဝမ်းနုတ်ဆေး၊ ဝမ်းပျော့ဆေး အကူအညီ ယူနေရသူတွေအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ သဘာ၀ ဝမ်းမှန် အစားအစာတွေအကြောင်း သိထားရအောင် မျှဝေချင်ပါတယ်။

 

ဝမ်းမှန်ဖို့အတွက် အဓိကအရေးကြီးဆုံးက နေ့စဉ်ရေများများသောက်ဖို့လိုပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်များတဲ့အ စားအစာတွေ ရွေးချယ်စား သောက်ဖို့ လိုအပ်တာကြောင့် ပုံ မှန်စားပေးသင့်တာလေးတွေကို ဖော်ပြလိုက်ပါတယ်။

 

နှမ်းကြတ်စေ့

အမျှင်ဓာတ်နဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝတာကြောင့် အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ ထောက်ကူပါတယ်။ နှမ်းကြတ်စေ့မှုန့်လက်ဖက်ရည် ဇွန်း ၂ ဇွန်းနဲ့ ရေတစ်ဖန်ခွက်ကို မနက်၊ ညပုံမှန်သောက်ရင် ဝမ်း မှန်စေပါတယ်။

 

Meat Products အသားထုတ္ကုန္ေပါင္း ၂၅ ခုကိုရွာရန္ႏွိပ္ပါ။

 

ဆီးသီးခြောက်

မက်မန်းနဲ့ဆင်တဲ့ ဆီးသီးခြောက်ကို တစ်နေ့ခြောက်လုံး၊ ခုနစ်လုံးစားပေးတာ ဒါမှမဟုတ် မနက်စောစော အစာမစားခင် ဆီးသီးခြောက်ဖျော်ရည်တစ် ခွက်လောက်သောက်နိုင်ပါတယ်။

 

ရှားစောင်းလက်ပတ်

မနက်စောစော အစာမစားခင်မှာ ရှားစောင်းလက်ပတ်ဂျယ်လီကို ခြစ်ယူပြီး ရေ နဲ့သော်လည်းကောင်း၊ အသီး ဖျော်ရည် တစ်ခုခုနဲ့ရောပြီးတော့ သော်လည်းကောင်း သောက်နိုင် ပါတယ်။


ကြက်ဆူဆီ

ကြက်ဆူဆီလက် ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ လိမ္မော် ရည်တစ်ခွက်ရောပြီးသောက်ရင်လည်း ဝမ်းမှန်စေပါတယ်။ တစ်ခု သတိထားရမှာက ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ဓမ္မတာလာချိန်တွေမှာ သောက်ဖို့ မသင့်လျော်ပါဘူး။ အကောင်းဆုံးကတော့ ကြက်ဆူဆီသောက်မယ် စိတ်ကူးရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မှ သောက်သင့်ပါတယ်။

 

Edible Oils & Fats စားသံုးဆီႏွင့္ျပည့္ဝဆီဆိုင္ေပါင္း ၉၈၆ ခုကိုရွာရန္ႏွိပ္ပါ။

 

သင်္ဘောသီး

သင်္ဘောသီးမှည့် ဒါ မှမဟုတ် သင်္ဘောသီးဖျော်ရည်က အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အကောင်းဆုံး ထောက်ကူပေးပြီး ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေရေ ဓာတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။

 

သဖန်းသီး၊ ကတွတ်သီး

အသီး စို၊ အသီးခြောက် ဘာပဲစားစား ဝမ်းမချုပ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

 

ပန်းသီး

ဝမ်းမှန်ဖို့အတွက်ဆိုရင် ဖျော်ရည်ရော၊ အသီးရော နှစ်မျိုး စလုံးကူညီပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးနှစ်လုံး၊ လတ်လတ် ဆတ်ဆတ် ပန်းသီးဖျော်ရည်တစ်ခွက် နေ့စဉ် သောက်ပေးသင့်ပါ တယ်။

 

ပန်းသစ်တော်

အရည်လည်းရွှမ်း၊ အမျှင်ဓာတ်လည်း ပြည့်ဝတဲ့ ပန်း သစ်တော်သီးတွေဟာ အူလမ်း ကြောင်းရှင်းစေပြီး ဝမ်းမှန်စေပါ တယ်။ အသီးအတိုင်းသာမက ဖျော်ရည်ကြိုက်ရင်လည်း ပုံမှန် တစ်နေ့တစ်ခွက် သောက်နိုင်ပါ တယ်။

 

ရုံးပတီသီး

တစ်မူထူးတဲ့ စွမ်းရည်သတ္တိတွေရှိတဲ့ ရုံးပတီသီးပုံ မှန်စားပေးရင်လည်း အူလမ်း ကြောင်းရှင်း၊ ဝမ်းချုပ်ခြင်းကင်းပြီး ကျန်းမာစေပါတယ်။


Read More >>>>>    လက္ဖက္စိမ္း ကို ဘယ္လိုေဖ်ာ္မလဲ

Source: 7 day daily

 

 

 

ဝမ္းမွန္ခ်င္ရင္ ဒီအစားအစာေတြကိုစားလိုက္ပါ

 

အစာေျခအဂၤါအဖြဲ႕အစည္း ေကာင္းေကာင္းအလုပ္လုပ္ၿပီး ဝမ္းခ်ဳပ္တာမျဖစ္ေစဖို႔ ဝမ္းႏုတ္ေဆး၊ ဝမ္းေပ်ာ့ေဆး အကူအညီ ယူေနရသူေတြအတြက္ အစာလည္းေဆး၊ ေဆးလည္းအစာျဖစ္တဲ့ သဘာ၀ ဝမ္းမွန္ အစားအစာေတြအေၾကာင္း သိထားရေအာင္ မွ်ေဝခ်င္ပါတယ္။

 

ဝမ္းမွန္ဖို႔အတြက္ အဓိကအေရးႀကီးဆံုးက ေန႔စဥ္ေရမ်ားမ်ားေသာက္ဖုိ႔လိုၿပီး ေရဓာတ္နဲ႔ အမွ်င္ဓာတ္မ်ားတဲ့အ စားအစာေတြ ေရြးခ်ယ္စား ေသာက္ဖို႔ လိုအပ္တာေၾကာင့္ ပံု မွန္စားေပးသင့္တာေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

 

ႏွမ္းၾကတ္ေစ့

အမွ်င္ဓာတ္နဲ႔ အိုမီ ဂါ ၃ ဖက္တီးအက္စစ္ႂကြယ္ဝတာေၾကာင့္ အစာေကာင္းေကာင္း ေခ်ဖ်က္ႏုိင္ဖို႔ ေထာက္ကူပါတယ္။ ႏွမ္းၾကတ္ေစ့မႈန္႔လက္ဖက္ရည္ ဇြန္း ၂ ဇြန္းနဲ႔ ေရတစ္ဖန္ခြက္ကို မနက္၊ ညပံုမွန္ေသာက္ရင္ ၀မ္း မွန္ေစပါတယ္။

 

Meat Products အသားထုတ္ကုန္ေပါင္း ၂၅ ခုကိုရွာရန္ႏွိပ္ပါ။

 

ဆီးသီးေျခာက္

မက္မန္းနဲ႔ဆင္တဲ့ ဆီးသီးေျခာက္ကို တစ္ေန႔ေျခာက္လုံး၊ ခုနစ္လံုးစားေပးတာ ဒါမွမဟုတ္ မနက္ေစာေစာ အစာမစားခင္ ဆီးသီးေျခာက္ေဖ်ာ္ရည္တစ္ ခြက္ေလာက္ေသာက္ႏုိင္ပါတယ္။

 

ရွားေစာင္းလက္ပတ္

မနက္ေစာေစာ အစာမစားခင္မွာ ရွားေစာင္းလက္ပတ္ဂ်ယ္လီကို ျခစ္ယူၿပီး ေရ နဲ႔ေသာ္လည္းေကာင္း၊ အသီး ေဖ်ာ္ရည္ တစ္ခုခုနဲ႔ေရာၿပီးေတာ့ ေသာ္လည္းေကာင္း ေသာက္ႏိုင္ ပါတယ္။


ၾကက္ဆူဆီ

ၾကက္ဆူဆီလက္ ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ လိေမၼာ္ ရည္တစ္ခြက္ေရာၿပီးေသာက္ရင္လည္း ဝမ္းမွန္ေစပါတယ္။ တစ္ခု သတိထားရမွာက ကိုယ္၀န္ေဆာင္ေတြ၊ ႏို႔တိုက္မိခင္ေတြနဲ႔ ဓမၼတာလာခ်ိန္ေတြမွာ ေသာက္ဖို႔ မသင့္ေလ်ာ္ပါဘူး။ အေကာင္းဆံုးကေတာ့ ၾကက္ဆူဆီေသာက္မယ္ စိတ္ကူးရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး မွ ေသာက္သင့္ပါတယ္။

 

Edible Oils & Fats စားသံုးဆီႏွင့္ျပည့္ဝဆီဆိုင္ေပါင္း ၉၈၆ ခုကိုရွာရန္ႏွိပ္ပါ။

 

သေဘၤာသီး

သေဘၤာသီးမွည့္ ဒါ မွမဟုတ္ သေဘၤာသီးေဖ်ာ္ရည္က အစာေခ်ဖ်က္မႈလုပ္ငန္းစဥ္ကို အေကာင္းဆံုး ေထာက္ကူေပးၿပီး ဗီတာမင္ေတြ၊ အမွ်င္ဓာတ္ေတြေရ ဓာတ္ေတြ အျပည့္အဝ ပါဝင္ပါတယ္။

 

သဖန္းသီး၊ ကတြတ္သီး

အသီး စို၊ အသီးေျခာက္ ဘာပဲစားစား ၀မ္းမခ်ဳပ္ေအာင္ ကာကြယ္ေပး ႏုိင္ပါတယ္။

 

ပန္းသီး

ဝမ္းမွန္ဖို႔အတြက္ဆိုရင္ ေဖ်ာ္ရည္ေရာ၊ အသီးေရာ ႏွစ္မ်ိဳး စလံုးကူညီေပးႏိုင္ပါတယ္။ တစ္ေန႔ကို ပန္းသီးႏွစ္လံုး၊ လတ္လတ္ ဆတ္ဆတ္ ပန္းသီးေဖ်ာ္ရည္တစ္ခြက္ ေန႔စဥ္ ေသာက္ေပးသင့္ပါ တယ္။

 

ပန္းသစ္ေတာ္

အရည္လည္းရႊမ္း၊ အမွ်င္ဓာတ္လည္း ျပည့္၀တဲ့ ပန္း သစ္ေတာ္သီးေတြဟာ အူလမ္း ေၾကာင္းရွင္းေစၿပီး ၀မ္းမွန္ေစပါ တယ္။ အသီးအတုိင္းသာမက ေဖ်ာ္ရည္ႀကိဳက္ရင္လည္း ပံုမွန္ တစ္ေန႔တစ္ခြက္ ေသာက္ႏုိင္ပါ တယ္။

 

႐ံုးပတီသီး

တစ္မူထူးတဲ့ စြမ္းရည္သတၱိေတြရွိတဲ့ ႐ံုးပတီသီးပံု မွန္စားေပးရင္လည္း အူလမ္း ေၾကာင္းရွင္း၊ ဝမ္းခ်ဳပ္ျခင္းကင္းၿပီး က်န္းမာေစပါတယ္။

 


Read More >>>>>    လက္ဖက္စိမ္း ကို ဘယ္လိုေဖ်ာ္မလဲ

 

Source: 7 day daily

Read times Last modified on Tuesday, 25 February 2020 16:46
Rate this item
(1 Vote)