Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Covidကာကွယ်ဆေးထိုးပြီး ဖျားနာခဲ့လျှင် စားသင့်သော အစားအစာများ

Covidကာကွယ်ဆေးထိုးပြီး ဖျားနာခဲ့လျှင် စားသင့်သော အစားအစာများ google

အခုချိန်မှာ Covidကာကွယ်ဆေးတွေလည်း မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေလည်း ထိုးခွင့်ရနေပြီဆိုတော့ ကာကွယ်ဆေးထိုးအပြီး ဖျားနာမှုများ ရှိလာခဲ့လျှင် ရွေးချယ်စားသုံးသင့်တဲ့ အစားအစာတွေကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

 

ကြက်သား သို့မဟုတ် အမဲသား Sandwich

Sandwich Recipe: How to make Bombay Grilled Sandwich Recipe at Home |  Homemade Sandwich Recipe - Times Food

ဖျားနာပြီး ကိုယ်တွေလက်တွေကိုက်နေရင် ကျန်းမာရေးနဲ့ ညီညွတ်သော အဆီမပါဝင်တဲ့ အသားကို စားဖို့ လိုအပ်ပါတယ်။ ဖျားလို့အစာစားချင်စိတ် မရှိသော်လည်း ကြက်သား သို့မဟုတ် အမဲသား Sandwichကို စားလိုက်သောအခါ ရောဂါကို တွန်းလှန်နိုင်ဖို့ စွမ်းအင် ရရှိနိုင်ပါတယ်။

 

ဟင်းသီးဟင်းရွက်ဖျော်ရည်

Vegetable juice facts: Read this before having that glass of vegetable juice

အဖျားရှိခါစမှာ ဟင်းရွက်သုပ် စားချင်စိတ်မရှိရင် ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်ပေးပါ။ ဟင်းသီးဟင်းရွက်မှာ ပါဝင်တဲ့ များစွာသော ဓာတ်တိုးပစ္စည်းမျိုးစုံကြောင့် ခုခံအားစနစ် မြင့်တက်လာနိုင်ပါတယ်။

 

ကြက်စွပ်ပြုတ်ရည်

Homemade Chicken Soup Recipe | Serious Eats

ကြက်စွပ်ပြုတ်ရည်ကြောင့် အာဟာရ ရရှိနိုင်သလို အရည်ဓာတ်လည်း ရရှိနိုင်ပါတယ်။ ရောဂါအမြန်ပျောက်ကင်းဖို့လည်း ကူညီနိုင်ပါတယ် ။ ကြက်စွပ်ပြုတ်ရည် ပူပူနွေးနွေးကို သောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ပိုးမွှားတွေကို အမြန်သေစေနိုင်ပါတယ်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ၏ အကျိုးကျေးဇူးများ - Food Directory

ကြက်သွန်ဖြူက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။

 

ချင်း

Ginger Tea - Your Questions Answered - Twinings

ချင်းက ပျို့တာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာကို သက်သာနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလည်း လျော့ကျနိုင်ပါတယ်။

 

လက်ဖက်ရည်ကြမ်းပူပူ

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး by popolay.com

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့ ရေနွေးကြမ်း၊ Oolongလက်ဖက်ရည် တို့ကိုသောက်ပါ။ နှာပိတ်တာ သက်သာအောင် ရေနွေးကြမ်း အငွေ့ကို ရှူပါ။ လည်ချောင်းနာတာ သက်သာအောင် ရေနွေးကြမ်းထဲ ပျားရည်နဲ့ ရှောက်ရည် ထည့်သောက်ပါ။

 

ငှက်ပျောသီး

Bananas: Health Benefits, Risks & Nutrition Facts | Live Science

ငှက်ပျောသီးက အစာကြေလွယ်တဲ့ အစားအစာပါ။ ပျို့တာ၊ အန်တာ နဲ့ ဝမ်းပျက်ဝမ်းလျော ဖြစ်သူတွေ စားသင့်ပါတယ်။

 

ပေါင်မုန့်ကင်

ပူပြင်းတဲ့အသားညှပ်ပေါင်မှပေါင်မုန့်ကင်ရာမီးဖိုကလေး

ဖျားနာတာကို တွန်းလှန်နိုင်ဖို့ဆို ပေါင်မုန့်ကင် သို့မဟုတ် ခရက်ကာ တွေကို စားသုံးသင့်ပါတယ်။ အစာသိပ်မဝင်တဲ့ အချိန်မှာ ဖော်ပြပါအစာတွေကို ကြက်စွပ်ပြုတ်နှင့် အတူတူ စားပါ။

 

အားဖြည့်ဖျော်ရည်များ

Nestle removes Milo's 4.5 Health Star Rating in response to criticism from  public health groups - ABC News

နလန်ပြန်ထခါစမှာ အာဟာရနဲ့ ကယ်လိုရီအပြည့်အ၀ ရရှိရန် Milo, Ovaltine, Ensure တို့ကိုသောက်ရပါမယ်။ ပရိုတင်းအနည်းဆုံး ၆ ဂရမ်ပါပြီး သကြားပါဝင်မှုနည်းသော ဖျော်ရည်မျိုး ဖြစ်ရပါမယ်။

 

ရေခဲချောင်း

ရေခဲချောင်းကို အသီးအနှံတွေနဲ့ အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ် - Shop Life:  A Blog To Complete Your Lifestyle

လည်ချောင်းနာနေရင်၊ ရောင်ရမ်းနေရင် သို့မဟုတ် ခြောက်သွေ့နေရင် ရေခဲချောင်းစားတာက ဒီဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ရေခဲချောင်းစားတာက တုပ်ကွေးရောဂါကို တွန်းလှန်ဖို့ အဓိက အချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝမှုကို ရရှိစေနိုင်ပါတယ်။ ရေများများ ရရှိတာကြောင့် သလိပ်ပျော်ဝင်နိုင်ပြီး နှာပိတ်တာ၊ ရင်ကျပ်တာတွေကို သက်သာစေနိုင်ပါတယ်။ အာဟာရအပြည့်အဝ ရရှိဖို့ သစ်သီး ၁၀၀ % ပါဝင်တဲ့ ရေခဲချောင်းတွေကို အိမ်မှာပြုလုပ်ပြီး စားသုံးသင့်ပါတယ်။ နို့ဖြင့်လုပ်ရသော ရေခဲမုန့်လို အေးခဲစာတွေကိုတော့ ရှောင်ရှားရပါမယ်။

Crd : ဒေါက်တာခင်မိုးမိုး

 

Read times Last modified on Friday, 29 January 2021 10:45
Rate this item
(0 votes)