Food & Health
ရေခဲရေသောက်ခြင်း၏ ဆိုးကျိုးများ
ပူလွန်းတဲ့ ရာသီဥတုမျိုးနဲ့ မောပန်းနေတဲ့ အချိန်မျိုးမှာ ရေခဲရေ၊ အအေး စတဲ့ ရေ အေးအေးလေးတွေကို သောက်ချင်တဲ့ ဆန္ဒရှိကြပါတယ်။
ရေခဲရေ သောက်လိုက်ခြင်းဖြင့် စက္ကန့်ပိုင်းအတွင်း အပူတွေကို လျော့ကျသွားစေပါတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ရေခဲရေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာလည်း တွေးထားဖို့ လိုပါတယ်။ ရေခဲရေ သောက်ခြင်းရဲ့ ဆိုးကျိုးများကို ကျန်းမာရေး ဗဟုသုတ ရရှိစေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေ လမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်းအားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။
Read More >>>>>> ကြွက်နားရွက်မှို စားခြင်း၏ အကျိုးကျေးဇူး
(၁) အဆီပိုတွေဖြစ်စေနိုင်ခြင်း
ခန္ဓာကိုယ်ထဲမှာ အပူချိန်လျော့ကျသွားတဲ့အခါ အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေကို ခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။ ဗိုက်မှာ အဆီတွေ သွားစုနိုင်တာကြောင့် ဗိုက်ပူလာနိုင်ပါတယ်။
(၂) ဝမ်းချုပ်စေနိုင်ခြင်း
ရေခဲရေက စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့ ချေဖျက်လိုက်တဲ့ အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ် ပေါ်စေနိုင်ပါတယ်။
(၃) ရေဓာတ်ဖြည့်တင်းမှုကို အဟန့်အတားဖြစ်စေနိုင်ခြင်း
ရေခဲရေသောက်လိုက်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ရေဓာတ်စုပ်ယူမှုကို ပုံမှန်ထက်နှေးကွေးသွားစေပါတယ်။ အပြေးသမားတွေအနေနဲ့ ရေခဲရေ သောက်တာမျိုးကိုလုံးဝရှောင်ရှားသင့်ပါတယ်။ ရေခဲရေက ခန္ဓာကိုယ်ရေဓာတ်ကိုထိန်းသိမ်းရာမှာ ပုံမှန်ထက် ပိုမို နှေးကွေးစေနိုင်ပါတယ်။
(၄) အားအင် ဆုတ်ယုတ်စေနိုင်ခြင်း
ရေခဲရေသောက်သုံးတာက လန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့် ဒါက ခဏတာပဲဖြစ်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါ ခန္ဓာကိုယ်က ရေကို ပျမ်းမျှအနွေးဓာတ်ရရှိအောင်လုပ်ဆောင်ဖို့ ပုံမှန်ထက် စွမ်းအင်ကိုပိုသုံးလိုက်ရတာကြောင့် ခန္ဓကိုယ်ထဲမှာ အားအင်ဆုတ်ယုတ်သလို ခံစားလာရနိုင်ပါတယ်။ ရေရှည်မှာတော့ အားအင်ကုန်ခမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
(၅) အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေခြင်း
ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေက အစာအိမ်ထဲ ရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှု လုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။
(၆) နှလုံးခုန်နှုန်း နှေးစေနိုင်ခြင်း
ရေခဲရေသောက်လိုက်တဲ့ အခါနှလုံးခုန်နှုန်းက နှေးသွားပြီး ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပုံမှန်အပူချိန်ကို ပြန်မရောက်မချင်း နှလုံးခုန်နှုန်း မူမမှန်တာက ဆက်လက်ဖြစ်ပေါ်နေပါတယ်။
(၇) လည်ချောင်းနာခြင်း
ရေခဲရေ သောာက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကို မလိုအပ်ဘဲ တုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေ ဖြစ်စေရာကနေ လည်ချောင်းနာတာတွေကို ခံစားရတာဖြစ်ပါတယ်။
(၈) ခေါင်းကိုက်စေနိုင်ခြင်း
ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံနာဗ်ကြောတွေထဲ ရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှု လုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။
Source: Health



