Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Abbott နို့ပစ္စည်း ဘက်တီးရီးယား ပါနေနိုင်တဲ့အတွက် စင်ကာပူမှာ ဒုတိယမြောက်ပြန်လည်သိမ်းဆည်း

Abbott နို့ပစ္စည်း ဘက်တီးရီးယား ပါနေနိုင်တဲ့အတွက် စင်ကာပူမှာ ဒုတိယမြောက်ပြန်လည်သိမ်းဆည်း


Abbott Laboratories မှ ထုတ်လုပ်သော မိခင်နို့သဖွယ် အာနိသင်ပါသည့် ကုန်ပစ္စည်းများ အသုတ်လိုက်ကို Singapore Food Agency (SFA) မှ ပြန်လည် သိမ်းဆည်းစေခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် Abbott နို့ ထုတ်ကုန်များကို ဒုတိယမြောက် ပြန်လည် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

SFA က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်မှာ တင်သွင်းသူAbbott Laboratories ကို Similac Human Milk Fortifier အထုပ်ငယ်များကို အသုတ်များအရ ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားခဲ့သည်။ ယခင် တစ်ကြိမ်က Abbott Alimentum infant formula ကို ပြန်လည်သိမ်းဆည်းစေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နို့ထုတ်ကုန်များတွင် ရောဂါဖြစ်ပွားစေသော ပစ္စည်းများ ဖြစ်သည့် Cronobacter sakazakii နှင့် salmonella Newport ရောဂါပိုး ဘက်တီးရီးယား အမျိုအစားများ ပါဝင်နိုင်ဖွယ် ရှိနေသည်ဟု SFA က ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများကို Abbott's Similac Alimentum powdered infant formula ပါသည့် 400g ဘူးများ သုံးစွဲခြင်း မပြုကြရန် ပြောကြားထားသည်။ ထို့ပြင် Similac Human Milk Fortifier ပါသည့် 0.9g အထုပ်ငယ်များ အသုံးမပြုကြရန် ထပ်မံညွှန်ကြားခဲ့သည်။

အမေရိကန်မှ ပြန်သိမ်းဆည်းခိုင်းသည့် Similac Human Milk Fortifier အသုတ်များမှာ သက်တမ်းကုန်ရက်စွဲ expiration date of April 1, 2022 နှင့် နောက်ပိုင်း ဖြစ်သည့် ပစ္စည်းများ ဖြစ်သည်။

 

274611708_280212897566361_2447043291642902958_n.jpg

ပြန်သိမ်းဆည်းရမည့် ဘူးများပေါ်မှ အုပ်စုကိန်းဂဏန်းများမှာ K8, SH သို့မဟုတ် Z2 ပါဝင်ပြီး ပထမဆုံးဂဏန်းနှစ်လုံးသည် ၂၂ မှ ၃၇ အထိ ဖြစ်သည်။

 


Similac Gain Myanmar က လည်း ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်ကြေညာထားပါသည်။
"အရည်အသွေးမြင့်မားပြီး ဘေးကင်းစိတ်ချရသော ကလေးအာဟာရအတွက် ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချထားသော မိဘများကို ကျွန်ုပ်တို့တန်ဖိုးထားပါသည်။ Abbott သည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်၊ Sturgis တွင် ထုတ်လုပ်သည့် ကလေးဖော်စပ်စာအချို့ကို ဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းမှု စတင်နေပါသည်။
မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချနေသည့် Similac ထုတ်ကုန်များအပါအဝင် Abbott အာဟာရထုတ်ကုန်များသည် ဤပြန်လည်သိမ်းဆည်းမှုတွင် ပါဝင်ခြင်းမရှိပါ။ မိဘများအနေဖြင့် Abbott Nutrition မှ ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ပါသည်။ မေးခွန်းများ မေးမြန်းလိုပါက Abbott Nutrition Careline, 09260356262 ကို ဆက်သွယ်နိုင်ပါသည်။"

Read times
Rate this item
(0 votes)