Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဘေဘီဖော်မြူလာ ရရှိ‌စေရေး အမေရိကန်သမ္မတ ကြိုးပမ်း၊ ပစ္စည်းပြတ်လပ်မှုအတွက် Abbott စီအီးအို တောင်းပန်

ဘေဘီဖော်မြူလာ ရရှိ‌စေရေး အမေရိကန်သမ္မတ ကြိုးပမ်း၊ ပစ္စည်းပြတ်လပ်မှုအတွက် Abbott စီအီးအို တောင်းပန် 

 

အမေရိကန်တွင် ကလေးအဟာရ baby formula ပြတ်လပ်နေသဖြင့် သမ္မတဂျိုးဘိုင်ဒင်က ပါဝင်ကိုင်တွယ်ပေးခဲ့ရာ ကာကွယ်ရေးထုတ်ကုန်အက်ဥပဒေအရ Operation Fly Formula မစ်ရှင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၂၀၂၂ မေလ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဘေဘီဖော်မြူလာ ထုတ်လုပ်တဲ့ လုပ်ငန်း Abbott ရဲ့ စီအီးအို Robert Ford က ဝါရှင်တန်ပို့စ် သတင်းမီဒီယာမှာ ပစ္စည်းပြတ်လပ်မှုအတွက် တောင်းပန်စာ ဖော်ပြပါတယ်။

 

 

281399212_5172563642781853_6888232387382879626_n.jpg

 

 

စစချင်းမှာ ပစ္စည်းပေးသွင်းကွင်းဆက် ပိတ်ဆို့မှုများကြောင့် ဈေးကွက်ထဲ ဘေဘီဖော်မြူလာ အဝင်လျော့ကျနေခဲ့ပါတယ်။

ထုတ်လုပ်မှုအပိုင်းမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် လုပ်သား မလုံလောက်တဲ့ အခက်အခဲ ရှိနေခဲ့ပါတယ်။ 

အခြေအနေ ပိုဆိုးသွားစေတာက ၂၀၂၂ ဖေဖော်ဝါရီလမှာ မွေးကင်းစဘကလေးငယ်နှစ်ဦး ဘေဘီဖော်မြူလာ သောက်သုံးရာမှ မမာမကျန်း ဖြစ်ပြီး သေဆုံးသွားပါတယ်။ 

Abbott က မိမိဆန္ဒအလျောက် အရေးယူ ဆောင်ရွက်ချက်အဖြစ် ဘေဘီဖော်မြူလာကို ဈေးကွက်ထဲမှ ပြန်သိမ်းလိုက်ပါတယ်။ မီချီဂန်ရှိ ဘေဘီဖော်မြူလာ ထုတ်လုပ်တဲ့ စက်ရုံကိုလည်း ပိတ်ထားလိုက်ပါတယ်။ 

ဘေဘီဖော်မြူလာ ပစ္စည်းပြတ်တဲ့ ပြဿနာ ကြီးထွားသွားပြီး သမ္မတကို ပြစ်တင်ဝေဖန်ကြပြီး ပါဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။ 

Abbott က အိုင်ယာလန်နိုင်ငံရှိ စက်ရုံမှ ထုတ်လုပ်တဲ့ ဘေဘီဖော်မြုလာများကို လေကြောင်းဖြင့် တင်သွင်းပြီး အမေရိကန်ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိပေမဲ့ အလျဉ်မမီတဲ့အတွက် သမ္မတဂျိုးဘိုင်ဒင်က Operation Fly Formula မစ်ရှင်ဖြင့် ပါဝင်ကူညီပါတယ်။

မီချီဂန်ရှိ Abbott ရဲ့ စက်ရုံ ထုတ်လုပ်မှု ပြန်လည်စတင်ဖို့ US Food and Drug Administration (FDA) က သဘောတူ ခွင့်ပြုပေးထားပြီ ဖြစ်ပါတယ်။ 

 

283605829_5172699622768255_4878559265231062786_n.jpg

 

သမ္မတ ဂျိုးဘိုင်ဒင်က လူမှုကွန်ရက် ပလက်ဖောင်း Twitter ပေါ်မှ အိမ်ဖြူတော် အကောင့်မှတစ်ဆင့်  Nestle brand ဘေဘီဖော်မြူလာ ပထမအသုတ် လေကြောင်းဖြင့် ဆိုက်ရောက်ပါကြောင်း အသိပေးပါတယ်။ 

 

 

 

 

 

 

 

Read times Last modified on Sunday, 22 May 2022 10:40
Rate this item
(0 votes)