Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီသောက်ခြင်း၏အကျိုးကျေးဇူးများ

Beethoven က ကော်ဖီစေ့ ၆၀လောက်ကိုမှ ကော်ဖီလုပ်သောက်သလို Voltaire က တစ်နေ့ကို ကော်ဖီ အခွက် ၅၀ သောက်ပြီး အသက် ၈၀ ထိနေထိုင်ခဲ့တာဖြစ်ပါတယ်။

ကော်ဖီသောက်တာ ဟုတ်ရောဟုတ်ရဲ့လား ၊ မယုံနိုင်စရာပါပဲ။ ကော်ဖီသောက်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ပါတယ်။

 

 

လန်းဆန်းတက်ကြွမှုရှိခြင်း

ကော်ဖီက တက်ကြွလန်းဆန်းခြင်း ၊ အာရုံစူးစိုက်မှုကောင်းစေခြင်း တို့ကို ဖြစ်စေပါတယ်။ ကော်ဖီမှာ သကြားထည့်သောက်ခြင်းက အချိန်အနည်းငယ် ဥာဏ်ရွှင်စေပြီး

ကော်ဖီနဲ့ ဂလူးဂိုစ့်တိုက ဦးနှောက်ကို စီမံခန့်ခွဲမှုမြှင့်မားစေပါတယ်။သိုပေ့မယ့် ဗိုက်ထဲအစာမရှိဘဲ ကော်ဖီမသောက်ပါနဲ့ ။

 

 

သွေးပေါင်ချိန်မြှင့်တက်စေခြင်း

သွေးပေါင်ကျနေတဲ့ အချိန် ကော်ဖီကို သောက်သုံးသင့်ပါတယ်။ အကြောင်းမှာ ကော်ဖီက သွေးပေါင်ချိန်မြှင့်တက်စေနိုင်လို့ပါပဲ ။

ဒါပေမယ့် Tachycardia ဖြစ်တဲ့လူတွေတော့ သောက်လို့မရပါဘူး။

 

 

ဖျားနာပြီးခါစ

လေ့လာချက်များအရ ကော်ဖီက အရွယ်မတိုင်ခင် သေဆုံးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်လေလေ ၊ ထိခိုက်မှုနည်းလေလေ

ဟုဆိုကာ ကော်ဖီက ဖျားနာပြီးခါစအချိန်သောက်မယ်ဆိုရင် မြန်မြန်ကျန်းမာလန်းဆန်းစေပါတယ်။ အသည်းကို ကောင်းကျိုးပေးပြီး

အစာခြေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သို့ပေမယ့် သဘာဝကော်ဖီမှုန့်စစ်စစ်ကိုသာသောက်ပါ ၊ ရယ်ဒီမိတ်ထုပ်တွေမှာ

ဓာတုပစ္စည်းတွေပါဝင်လို့ ခန္ဓာကိုယ်တွင်း အင်္ဂါရပ်တွေကို ထိခိုက်စေနိုင်ပါတယ်။

 

Read More >>>>>>>>> https://www.foodindustrydirectory.com.mm/articles/item/887-rice-raise.html

ခေါင်းကိုက်ခြင်း

ကော်ဖီမှာပါတဲ့  ကာဖိန်းဓါတ်က ခေါင်းကိုက်ခြင်း နှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။

ဒါပေမယ့် ရောဂါသက်သာစေတဲ့ ဆေးတော့မဟုတ်ပါဘူး ။ နောက်ပိုင်းဆေးတွေမှာလည်း ကဖိန်းဓါတ်ပါဝင်လာတာဖြစ်ပြီး

ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်အောင် စွမ်းဆောင်ထားကြတာဖြစ်ပါတယ်။

 

 

မှတ်ဥာဏ်အားကောင်းစေခြင်း

ကော်ဖီက စိတ်ပိုင်းဆိုင်ရာကိုသာ လန်းဆန်းစေတာမဟုတ်ဘဲ မှတ်ဥာဏ်အားကိုလည်း ကောင်းစေပါတယ်။တဒင်္ဂမှတ်ဥာဏ်အားကို ထောက်ကူပေးပြီး

အလုပ်လုပ်စဉ်နာရီင်္ပေါင်းများစွာ အရေးကြီးတာတွေကို မမေ့လျော့စေရန်ကူညီပေးနိုင်ပါတယ်။

 

Source: Mingalar Morning

Read times Last modified on Tuesday, 18 September 2018 12:46
Rate this item
(3 votes)