Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လူကြီးတွေဘာလို့ ပဲစားသင့်တာလဲ

Unicode >>>>>

လူကြီးတွေဘာလို့ ပဲစားသင့်တာလဲ   


အသက်အရွယ်ရလာတာနှင့်အမျှ လူကြီးတွေမှာ သွေးတိုး၊ ဆီးချို၊ သွေးတွင်း ကိုလက်စထရော တက်တာတွေ အဖြစ်များလာကြပါတယ်။


အဓိကကတော့ အစားအသောက်တွေ ပုံစံမမှန်တော့လို့ပါ။  ဒါကြောင့် အာဟာရပြည့်ပြည့်ဝဝ စားဖို့အတွက်ဆိုရင် ပဲအမျိုးမျိုးကလည်း မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။


Beans & Pulse Warehouses ပဲမျိုးစုံသိုလှောင်ရုံများ (၅၀၅) ခုကိုရှာရန်နှိပ်ပါ။


ပဲစားခြင်းဖြင့်  -


သွေးတွင်းကိုလက်စထရော ကျစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သွေးတွင်း ကိုလက်စထရောကျစေပြီး အခြားသော နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။


ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဆီလီယမ်ဓာတ်ပါဝင်တဲ့အတွက်ကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီလီယမ်ဓာတ်က အစားအစာတိုင်းမှာပါလေ့မရှိပါဘူး။ ဒါပေမယ့်လည်း ပဲအမျိုးမျီုးမှာတော့ ကြွယ်ဝစွာ ပါဝင်ပါတယ်။


အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ကြောင့် လူကြီးတွေမှာအဖြစ်များတဲ့ ဝမ်းချုပ်တာကိုလည်း သက်သာစေပြီး အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း ကျဆင်းစေပါတယ်။


Read More >>>>>  အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နိုင်ဖွယ်မရှိ


သက်ကြီးရွယ်အိုအများစုက ဝါးရတာအဆင်မပြောတာရယ်၊ အနံ့မခံနိုင်တာရယ်ကြောင့် အသား၊ ငါး၊ သိပ်မစားဖြစ်တတ်ကြပါဘူး။ ဒါကြောင့် အသားဓာတ်တွေလည်း ချို့တဲ့လာတတ်ပါတယ်။ ဒီလိုမျိုး အသားဓာတ်ချို ့တဲ့တာမျိုး မဖြစ်ရအောင် ပဲအမျိုးမျိုးစားပေးသင့်ပါတယ်။


၎င်းအပြင် ဗီတာမင်ဘီကြွယ်ဝတဲ့ အတွက်ကြောင့် ဉာဏ်စွမ်းအားချို့တဲ့ခြင်းတို့ကိုလည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးပါတယ်။


ပဲတွေမှာ သံဓာတ်ကြွယ်ဝတဲ့အတွက် လူကြီးတွေမှာ ဖြစ်တတ်တဲ့ သံဓာတ်နည်းပြီး သွေးအားနည်းတာကိုလည်း တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးပါတယ်။


#MFID

 

 

Home Page Food

Zawgyi >>>>>

 


 


 


 


 

ပဲစားခြင်းဖြင့်  -

 


 


 


 


 


 

၎င်းအပြင် ဗီတာမင်ဘီကြွယ်ဝတဲ့ အတွက်ကြောင့် ဥာဏ်စွမ်းအားချို့တဲ့ခြင်းတို့ကိုလည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးပါတယ်။

 


 

#MFID

Read times Last modified on Tuesday, 17 March 2020 16:25
Rate this item
(0 votes)