Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Bubble Tea နှင့် Ketchup ပေါင်းစပ်ထားတဲ့ ဖျော်ရည် စားသောက်ကုန်အသစ်

Bubble Tea နှင့် Ketchup  ပေါင်းစပ်ထားတဲ့ ဖျော်ရည် စားသောက်ကုန်အသစ်

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

တာရှည်ခံ ခရမ်းချဉ်သီးအနှစ် ပုလင်းသွပ် ထုတ်လုပ်တဲ့ Heinz နှင့် bubble tea ထုတ်လုပ်တဲ့  Gong Cha တို့ ပူးပေါင်းပြီး ခရမ်းချဉ်အရသာ bubble tea နှစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ 

ပေါင်းစပ်ပြီး စားသောက်ကုန် ထုတ်လုပ်ဖို့ မအပ်စပ်ဘူးလို့ အများက ထင်မြင်ယူဆကြတဲ့ စားသောက်ကုန် လုပ်ငန်းနှစ်ခုစလုံးက နာမည်ကြီးတွေ ဖြစ်ကြလို့ ဖျော်ရည်အသစ် နှစ်မျိုးစလုံး အရည်အသွေး ပြည့်မီကြပါတယ်။ ဖျော်ရည်တစ်မျိုးကို Pomato Bomb လို့ အမည်ပေးထားပြီး ကျန်တစ်မျိုးကို Berry Mary လို့ အမည်ပေးထားပါတယ်။ 

စင်ကာပူဈေးကွက်အတွက် ဖြန့်ချိတာမှာ တစ်ဘူးလျှင် စင်ဒေါ်လာ ၇.၈၀ ဖြင့် ရောင်းချပါတယ်။ အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ 

 

Pomato Bomb မှာ ခရမ်းချဉ်သီး၊ သစ်တော်သီးနှင့်သလဲသီးတို့ ထည့်ပေးထားပါတယ်။

 

Heinz_x_Gong_Cha_Spore3.jpg

 

အရသာက နို့စတော်ဘယ်ရီ ဆန်ဆန်ဖြစ်ပြီး ခရမ်းချဉ် အရသာ စူးစူးလေး ဖြစ်ပါတယ်။ 

 နို့စတော်ဘယ်ရီလို မအီမစိမ့်ဘဲ နည်းနည်းလေး ချဉ်ပြီး အအီအစိမ့် ပေါ့ပါတယ်။ ခရမ်းချဉ်သီး အဖတ် အစအနလေးတွေ ပါဝင်ပါတယ်။

 

Berry Mary က ခရမ်းချဉ်သီးနှင့် ရတ်စ်ဘယ်ရီသီး အရသာဖြစ်ပါတယ်။ အနံ့က Heinz ခရမ်းချဉ်အနှစ် အနံ့ ဖြစ်ပါတယ်။ 

 

 Heinz_x_Gong_Cha_Spor7.jpg

 

လက်ဖက်ရည်ကြမ်းနှင့် ခရမ်းချဉ်သီး တွဲစပ်ထားတဲ့ ဖျော်ရည်နှစ်မျိုးကို ယှဉ်လိုက်ရင် Berry Mary က ပိုချိုပါတယ်။ 

Source Gong Cha

#MyanmarFoodIndustryGuide

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

Read times Last modified on Monday, 03 October 2022 08:54
Rate this item
(0 votes)