Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သြဇာသီး နှင့် သြဇာပင်၏ အသုံးဝင်ပုံများ

Unicode


သြဇာသီး နှင့် သြဇာပင်၏ အသုံးဝင်ပုံများ


သြဇာပင်ကို ရုက္ခဗေဒ အခေါ်အရ Annona Squamosa လို့ခေါ်ပါတယ်။

 

သြဇာပင်ဟာ အစေ့မှ အပင်ပေါက်နိုင်သလို၊ ကိုင်းကူး ကိုင်းဆက်နည်းဖြင့်လည်း ရှင်သန်နိုင်ပါ တယ်။ အချို့ပြောဆိုချက်အရ အစေ့မှပေါက်သော အပင်ထက် ကိုင်းကူး ကိုင်းဆက် ပေါက်သော အပင် အသီးစောသီးရှိတယ်လို့ ဆိုကြပါတယ်။

 

သြဇာသီးဟာ ချိုမြိတ်တဲ့ အသီးဖြစ်သလို့ နှုတ်မြိန်စေပြီး ၊ အေးမြစေပါတယ်။ ဒါ့အပြင် သွေးအားကို ကောင်းမွန်းစေခြင်း၊ နှလုံးကို အကျိုးပြုခြင်း၊ အားအင်ဖြစ်ပါတယ်။ သြဇာသီးဟာ ပူလောင်ခြင်း ၊ သွေးအန်ခြင်း၊ သွေးကျရောဂါဖြစ်ခြင်း နှင့် လေပူရောဂါများကို ပယ်ပျောက်စေပါတယ်။ သြဇာသီးမှာ သည်းခြေရောဂါဖြစ်ခြင်း နှင့် အော့အန်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးမှာ ကောင်းကျိုးအမျိုးမျိုး ရှိတယ်ဆိုပေမယ့် သြဇာအမြစ်သည် ဝမ်းလျှောစေတတ်ပြီး၊ သြဇာအစေ့သည် မျက်စိနာခြင်းကို ဖြစ်စေတတ်ပါတယ်။ သြဇာအစေ့ဟာ ဖျားနာ ၊ အနာမီးလျှံတာတို့ကို ဖြစ်စေတတ် ပါတယ်။ သြဇာအစေ့သည် ကိုယ်ဝန်ဆောင်များ မစားသုံးမိဖို့အတွက် လိုအပ်ပါတယ်။

 

Honey (18)ပ်ားရည္ရရွိႏုိင္ေသာလုပ္ငန္းမ်ား (၁၈) ခုကိုရွာရန္ႏွိပ္ပါ။

သြဇာအစေ့ဟာ ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့်လည်း သြဇာအစေ့ကို အမှုန့်ပြုလုပ်၍ ခေါင်းတွင် လိမ်းကျံမယ်ဆိုရင် သန်းထခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ အကယ်၍ သြဇာအစေ့ အမှုန့် , အရည်များ မျက်စိအတွင်း ဝင်ပါက အကျိုးယုတ်စေနိုင်ပါတယ်။ ဧကရာဇ်မြစ် နှင့် သပြေခေါက်ကို ရော၍ ဆန်းဆေးရေ နှင့် သွေးပြီးသောက်ပါက အရက်မူးခြင်း နှင့် အမျိုးမျိုးသော မူးဝေးခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ဇကရာဇ်ရွက်ကို ပြုတ်၍ သုပ်စားခြင်း ၊ ကြော်ချက်၍ စားခြင်းဖြင့် မီးယပ်ပုပ်ခြင်း ပျောက်ကင်းစေပြီး မီးယပ်သွေးများ မှန်ကန်ခြင်းကို ဖြစ်စေပါတယ်။

 

Indian Curry Powder Mills (58)အိႏၵိယဟင္းခတ္အေေမႊးအႀကိဳႈင္ထုတ္စက္ရံုမ်ား (၅၈) ခုကိုရွာရန္ႏွိပ္ပါ။

 

 

အနာပိုးသေ ဆေးနည်း

သြဇာရွက်အစို ၊ ဆေးရွက်ကြီး ၊ မဖောက်ထုံး စတဲ့ ၃မျိုးကို ညက်စွာ ကြိတ်ပြီး ပိုးကျနေသော အနာများတွင်လိမ်းပေးပါက အနာရှိပိုးများကို သေစေနိုင်ပါ၏။

 

ဆီးချုပ်ရောဂါ ပျောက်ဆေး

ဆီးချိုရောဂါရှင်များအနေဖြင့် သြဇာမြစ်ကို ဆန်ဆေးရေ နှင့် သွေးပြီး အနည်းငယ်သောက်ပါက ဆီးချုပ်ခြင်းကို ပျောက်ကင်းစေနိုင်၏။

 

အပူငြိမ်းဆေး

သြဇာသီးအမှည့်ကို ညဦးပိုင်းတွင်ခွဲ၍ လေတိုက်ရာတွင်ထားပါ ။ နံနက်လင်းသောအခါ ၎င်းသြဇာသီးကို စားပါ။ အပူအားကြီးသူများ နှင့် အဖျားတွင် အပူကြီးသောသူများ အပူငြိမ်းစေပါ တယ်။

 

အနာပြည်ပေါက်ရန် တင်ဆေး

သြဇာရွက်အစိုကို ဆားအနည်းငယ်ထည့်ပြီး ကြိတ်၍ ပြည်ပေါက်လိုသော အနာ၊ အဖု၊ အပိမ့်များသို့ စည်းပေးပါက ရင့်သောအနာ ပြည်ပေါက်၏။ ၎င်းအပြင် ထိခိုက်ရှနာသော ဒဏ်ကြောင့် ဖြစ်သည့် အဖု အပိမ့်များကိုလည်း ဤနည်းအတိုင်း ပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

Read More >>>>>  ေန႕တစ္ေန႕ကို ဘာေၾကာင့္ သံပရာရည္နဲ႕ စတင္သင့္သလဲ

 

အကြောတက် ရောဂါပျောက်ဆေးနည်း

အကြောငုပ် အကြောတက် ရောဂါများဖြစ်လျှင် ဩဇာရွက်ကို ကြိတ်ပြီး အပြားပုံစံလေးများ ပြုလုပ်၍ အုံးခြင်း၊ ကပ်ခြင်းဖြင့် အကြောငုပ်ခြင်း၊ တက်ခြင်းများကို ပျောက်ကင်းစေပါတယ်။

 

Ref: ပုံပြဆေးအဘိဓာန်

 

 

 

ၾသဇာသီး ႏွင့္ ၾသဇာပင္၏ အသံုးဝင္ပံုမ်ား

 

ၾသဇာပင္ကို ရုကၡေဗဒ အေခၚအရ Annona Squamosa လုိ႔ေခၚပါတယ္။

 

ၾသဇာပင္ဟာ အေစ့မွ အပင္ေပါက္ႏိုင္သလို၊ ကိုင္းကူး ကိုင္းဆက္နည္းျဖင့္လည္း ရွင္သန္ႏိုင္ပါ တယ္။ အခ်ိဳ႕ေျပာဆိုခ်က္အရ အေစ့မွေပါက္ေသာ အပင္ထက္ ကိုင္းကူး ကိုင္းဆက္ ေပါက္ေသာ အပင္ အသီးေစာသီးရွိတယ္လို႔ ဆိုၾကပါတယ္။

 

ၾသဇာသီးဟာ ခ်ိဳၿမိတ္တဲ့ အသီးျဖစ္သလို႔ ႏႈတ္ၿမိန္ေစၿပီး ၊ ေအးျမေစပါတယ္။ ဒါ့အျပင္ ေသြးအားကို ေကာင္းမြန္းေစျခင္း၊ ႏွလံုးကို အက်ိဳးျပဳျခင္း၊ အားအင္ျဖစ္ပါတယ္။ ၾသဇာသီးဟာ ပူေလာင္ျခင္း ၊ ေသြးအန္ျခင္း၊ ေသြးက်ေရာဂါျဖစ္ျခင္း ႏွင့္ ေလပူေရာဂါမ်ားကို ပယ္ေပ်ာက္ေစပါတယ္။ ၾသဇာသီးမွာ သည္းေျခေရာဂါျဖစ္ျခင္း ႏွင့္ ေအာ့အန္ျခင္းတို႔ကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။ ၾသဇာသီးမွာ ေကာင္းက်ိဳးအမ်ိဳးမ်ိဳး ရွိတယ္ဆိုေပမယ့္ ၾသဇာအျမစ္သည္ ဝမ္းေလ်ွာေစတတ္ၿပီး၊ ၾသဇာအေစ့သည္ မ်က္စိနာျခင္းကို ျဖစ္ေစတတ္ပါတယ္။ ၾသဇာအေစ့ဟာ ဖ်ားနာ ၊ အနာမီးလွ်ံတာတို႔ကို ျဖစ္ေစတတ္ ပါတယ္။ ၾသဇာအေစ့သည္ ကိုယ္ဝန္ေဆာင္မ်ား မစားသံုးမိဖို႔အတြက္ လိုအပ္ပါတယ္။

 

Honey (18)ပ်ားရည္ရရွိႏုိင္ေသာလုပ္ငန္းမ်ား (၁၈) ခုကိုရွာရန္ႏွိပ္ပါ။

 

ၾသဇာအေစ့ဟာ ေၾကာက္ဖို႔ေကာင္းတယ္ဆိုေပမယ့္လည္း ၾသဇာအေစ့ကို အမႈန္႔ျပဳလုပ္၍ ေခါင္းတြင္ လိမ္းက်ံမယ္ဆိုရင္ သန္းထျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။ အကယ္၍ ၾသဇာအေစ့ အမႈန္႔ , အရည္မ်ား မ်က္စိအတြင္း ဝင္ပါက အက်ိဳးယုတ္ေစႏိုင္ပါတယ္။ ဧကရာဇ္ျမစ္ ႏွင့္ သေျပေခါက္ကို ေရာ၍ ဆန္းေဆးေရ ႏွင့္ ေသြးၿပီးေသာက္ပါက အရက္မူးျခင္း ႏွင့္ အမ်ိဳးမ်ိဳးေသာ မူးေဝးျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစပါတယ္။ ဇကရာဇ္ရြက္ကို ျပဳတ္၍ သုပ္စားျခင္း ၊ ေၾကာ္ခ်က္၍ စားျခင္းျဖင့္ မီးယပ္ပုပ္ျခင္း ေပ်ာက္ကင္းေစၿပီး မီးယပ္ေသြးမ်ား မွန္ကန္ျခင္းကို ျဖစ္ေစပါတယ္။

 

Indian Curry Powder Mills (58)အိႏၵိယဟင္းခတ္အေေမႊးအႀကိဳႈင္ထုတ္စက္ရံုမ်ား (၅၈) ခုကိုရွာရန္ႏွိပ္ပါ။

 

အနာပိုးေသ ေဆးနည္း

ၾသဇာရြက္အစို ၊ ေဆးရြက္ၾကီး ၊ မေဖာက္ထံုး စတဲ့ ၃မ်ိဳးကို ညက္စြာ ႀကိတ္ၿပီး ပိုးက်ေနေသာ အနာမ်ားတြင္လိမ္းေပးပါက အနာရွိပိုးမ်ားကို ေသေစႏိုင္ပါ၏။

 

ဆီးခ်ဳပ္ေရာဂါ ေပ်ာက္ေဆး

ဆီးခ်ိဳေရာဂါရွင္မ်ားအေနျဖင့္ ၾသဇာျမစ္ကို ဆန္ေဆးေရ ႏွင့္ ေသြးၿပီး အနည္းငယ္ေသာက္ပါက ဆီးခ်ဳပ္ျခင္းကို ေပ်ာက္ကင္းေစႏိုင္၏။

 

အပူၿငိမ္းေဆး

ၾသဇာသီးအမွည့္ကို ညဦးပိုင္းတြင္ခြဲ၍ ေလတိုက္ရာတြင္ထားပါ ။ နံနက္လင္းေသာအခါ ၎ၾသဇာသီးကို စားပါ။ အပူအားႀကီးသူမ်ား ႏွင့္ အဖ်ားတြင္ အပူႀကီးေသာသူမ်ား အပူၿငိမ္းေစပါ တယ္။

 

အနာျပည္ေပါက္ရန္ တင္ေဆး

ၾသဇာရြက္အစိုကို ဆားအနည္းငယ္ထည့္ၿပီး ႀကိတ္၍ ျပည္ေပါက္လိုေသာ အနာ၊ အဖု၊ အပိမ့္မ်ားသို႔ စည္းေပးပါက ရင့္ေသာအနာ ျပည္ေပါက္၏။ ၎အျပင္ ထိခိုက္ရွနာေသာ ဒဏ္ေၾကာင့္ ျဖစ္သည့္ အဖု အပိမ့္မ်ားကိုလည္း ဤနည္းအတိုင္း ျပဳလုပ္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

 

Read More >>>>>  ေန႕တစ္ေန႕ကို ဘာေၾကာင့္ သံပရာရည္နဲ႕ စတင္သင့္သလဲ

 

အေၾကာတက္ ေရာဂါေပ်ာက္ေဆးနည္း

အေၾကာငုပ္ အေၾကာတက္ ေရာဂါမ်ားျဖစ္လွ်င္ ဩဇာရြက္ကို ႀကိတ္ၿပီး အျပားပံုစံေလးမ်ား ျပဳလုပ္၍ အံုးျခင္း၊ ကပ္ျခင္းျဖင့္ အေၾကာငုပ္ျခင္း၊ တက္ျခင္းမ်ားကို ေပ်ာက္ကင္းေစပါတယ္။

 

Ref: ပံုျပေဆးအဘိဓာန္

Read times Last modified on Saturday, 22 February 2020 14:20
Rate this item
(1 Vote)