Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကယ်လိုရီလောင်ကျွမ်းစေမယ့် နည်းမှန်၊ လမ်းမှန် စားသောက်နည်းများ

Unicode

ကယ်လိုရီလောင်ကျွမ်းစေမယ့် နည်းမှန်၊ လမ်းမှန် စားသောက်နည်းများ


တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီထက်ပိုပြီး များများစားမိ၊ စုမိလာရင်တော့ မကြာခင်မှာ သင်ဟာ ဝလာပါလိမ့်မယ်။ ဒီလို မဝအောင် ကယ်လိုရီ အပို မရှိဖို့ လိုအပ်ပါတယ်။

 

အကောင်းဆုံးကတော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်နည်း သူတွေ၊ ပျင်းသူတွေအတွက် အစာထဲမှာ ကယ်လိုရီကို လောင်ကျွမ်းစေမယ့် အစာတွေရောပြီး စားပေးမယ် ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် သက်သာစေပါလိမ့်မယ်။

 

Snacks အဆာပြေမုန့်ထုတ်လုပ်ငန်းပေါင်း ၉၄ ခုရှာရန်နှိပ်ပါ။

 

အခါးရွက်တွေကို အစိမ်းလိုက်ရောစားခြင်း

အစိမ်းလိုက်စားရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစိမ်းလိုက် စားဖို့ အဆင်မပြေရင် အစိမ်းရောင် မပျောက်အောင် ကြော်၊ ပြုတ်၊ စားလို့ ရပါတယ်။ ခါးသက်တဲ့ အရွက်တွေကို စားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးရွက်၊ ဂွေးတောက်ရွက်ကအစ အစ ကိုက်လန်လို အနည်းငယ်ပဲ သက်ချင်တဲ့ အရွက်တွေကိုပါ စားပေးနိုင်ပါတယ်။

 

ချိစ်ကို ဒီအတိုင်းစားခြင်း

အမှန်တကယ်တော့ ချိစ်ဟာ ဒီအတိုင်း စားလို့ ရတဲ့ အစာ တစ်ခုပါ။ ဆိုလိုတာကတော့ အပူပေး၊ ပေါင်းခံ၊ ချက် ပြုတ် စားခြင်းမျိုး မဟုတ်ဘဲ ချိစ်ကို အထုပ်လိုက် ဝယ်ပြီးသား အတိုင်း စားသုံးပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

Sunflower Seeds နေကြာစေ့ထုတ်လုပ်ငန်းပေါင်း ၂၀ ကိုရှာရန်နှိပ်ပါ။

 

အုန်းဆီ စားပေးခြင်း

ပြည်တွင်းမှာတော့ အရင်က စားအုန်းဆီတွေ မဝင်ခင်က ဖြည့်စွက်ဆီအဖြစ် အသုံးပြုသူ တချို့ ရှိပါတယ်။ အခုတော့ စားသုံးပုံစံအဖြစ် မစားကြတော့ပါ့ဘူး။ ဒါပေမယ့် အုန်းဆီဟာ အစာချေစနစ်မှာ ခန္ဓာကိုယ်တွင်းကို အဆီအနေနဲ့ မဝင်ဘဲ စွန့် ထုတ်စနစ်ဆီကို အမြန်ရောက်သွားတတ်လို့ အဆီပို မဖြစ်စေဘဲ ဆီစားမယ်ဆိုရင် အုန်းဆီကို စားပေး နိုင်တယ်လို့ လေ့လာချက်အရ သိရတာဖြစ်ပါတယ်။

 

အချဉ်ဖတ် စားပေးခြင်း

အကောင်းဆုံးကတော့ ဂေါ်ဖီချဉ်ပါ၊ ဒါမှမဟုတ် ပြည်တွင်းမှာ အချဉ်မျိုးစုံ ပြုလုပ်စားသုံးသလို မုန်လာဥ၊ အရွက်၊ အစုံကို အချဉ်လုပ်ပြီး စားပေးနိုင်ပါတယ်။ အစာအိမ်တွင်း ချေဖျက် စနစ်ကို ပိုမို ကောင်းမွန်စေပြီး ကယ်လိုရီအပို ဖြစ်စေမှုနည်းစေတယ်လို့ သိရပါတယ်။

 

ပန်သီးနဲ့ ရှာလကာရည် သောက်သုံးခြင်း

ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ မနက် အိပ်ယာထ၊ ညအိပ်ရာဝင် အချိန်တွေမှာ တစ်ရက် တစ်ကြိမ် စားပွဲတင် တစ်ဇွန်းစာပဲ ပုံမှန် သောက်သုံးပေးရင် ရပါတယ်။ အလေးချိန် ကျစေဖို့ အကောင်းဆုံး အကူညီပေးကြောင်း သိရပါတယ်။

 

Read More >>>>>  ဗီတာမင်စီဓာတ်ပါဝင်တဲ့ နာနတ်သီးဟင်းချို

 

#Myanmar Food Industry Directory

 

 

 

 


 


 


 

Snacks အဆာပြေမုန့်ထုတ်လုပ်ငန်းပေါင်း ၉၄ ခုရှာရန်နှိပ်ပါ။

 



 



 

Sunflower Seeds နေကြာစေ့ထုတ်လုပ်ငန်းပေါင်း ၂၀ ကိုရှာရန်နှိပ်ပါ။

 

အုန်းဆီ စားပေးခြင်း


 

အချဉ်ဖတ် စားပေးခြင်း


 



 

Read More >>>>>  ဗီတာမင်စီဓာတ်ပါဝင်တဲ့ နာနတ်သီးဟင်းချို

#Myanmar Food Industry Directory

 

Read times Last modified on Monday, 24 February 2020 16:57
Rate this item
(1 Vote)