Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ပေါင်ရွက်၏ အကျိုးကျေးဇူးများ

ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန်ဟင်းလျာများအဖြစ် စားလေ့ရှိကြပါတယ်။

 

အသားထူတဲ့ အနီရောင်ချဉ်ပေါင်ဖူးတို့ကို ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်ပါ ချက်စားနိုင်ပါတယ်။

 

 

အချို့ အရပ်ဒေသများမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။

 

 

ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့် ယိုထိုး၍သော်လည်းကောင်း၊ အနောက်နိုင်ငံများတွင် Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံးကြပါတယ်။

 

 

ချဉ်ပေါင်ဖူးယိုက အနံ့ အရသာပိုစူးတာကြောင့် ယင်းကို ဇီးယို ထက်ပို၍ လူကြိုက်များကြပါတယ်။

 

 

ထို့အပြင် အသီးရင့်ရင့်ကို သကြား၊ ဆားအနည်းငယ်တို့ ဖြင့်ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။

 

 


မြန်မာပြည်တွင် ချဉ်ပေါင်ခါးချဉ်ပေါင်ဖြူချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။

 

 


ချဉ်ပေါင်ခါး

ချဉ်၍ အနည်းငယ်ငံသာ ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေအထိမြင့်ပီး၊ နူးညံ့သော ဆူးနှင့်အမွှေး များပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခု အကွဲ များရှိပီး အစိပ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များ ပါရှိပါတယ်။ အပွင့်ကါ၍ အစေ့မည်းပါတယ်။

 

 


ချဉ်ပေါင်ဖြူ

အပူဓာတ်ရှိ၍ အချဉ်ပေါ့သော ချဉ်ပေါင်ဖြူပင် က နှစ်ပေ မှ သုံးပေအထိမြင့်ပီး အရွက်မှာ အစွန်း သုံးခု(သို့ မဟုတ်)ငါးခုစီ ပါရှိနေပါတယ်။ အပွင့်မှာ အဖြူရောင်ဖြစ်ပီး တစ်ပင်လုံးဖြူဖွေးသော အမွှေးနုများပါရှိပါတယ်။

 

 


ချဉ်ပေါင်နီလက်ချား

ချဉ်၍အပူဓာတ်ရှိသော ချဉ်ပေါင် နီလက်ချားပင်က တစ်မိုက်သာသာ ခန့် မြင့်ပီး၊ အရွက်မှာ ဥသဏ္ဍာန်ရှိ၍ အဖျားချွန်းကာ အရွက်ပါးလျပါတယ်။ အပွင့်က၀ိုင်း၍ဖြူပါတယ်။ အသီးမှာ ဆီးသီးအလတ် စား အရွယ်ခန့် ရှိကာ နစဉ်အစိမ်းရောင်ဖြစ်ပီး၊ မှည့်လျှင်ဝါသွားတတ်ပါတယ်။

 

သတိပြုရမှာကတော့  သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ ချဉ်ပေါင်က သွေးပေါင်ချိန်တက် နိုင်ပါတယ်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည် များနှင့်လည်းမသင့်တော်ပါ။

 

Read 5189 times Last modified on Tuesday, 18 September 2018 10:14
Rate this item
(2 votes)