Food & Livestock
Wednesday, 29 July 2020 17:05
Johnnie Walker ဆိုရင် မသိတဲ့ သူ အင်မတန်မှ ရှားပါးပါလိမ့်မယ်။Jonnie Walker ဟာ Red Label ၊ Black Label ၊ Double Black ၊ Swing ၊ Green Label ၊ Gold Label ၊ Platinum Label ၊ Blue Label စတဲ့ နာမည်ကျော် ယမကာ များကို ပရိသတ်များ အနေနှင့် ရင်းနှီးကျွမ်းဝင်နေပါလိမ့်မည်။
Wednesday, 29 July 2020 12:22
ပြည်ပသို့ ဆန်တင်ပို့သူများထံမှ ပို့ကုန်လိုင်စင်အပေါ် အရေးပေါ်ရိက္ခာဆန် ပေးသွင်းမှုကို ယာယီရပ်ဆိုင်းကြောင်း
Tuesday, 28 July 2020 09:50
မြန်မာနိုင်ငံရှိ ပဲဈေးကွက်အတွင်း COVID-19 ရောဂါ ကာလဖြစ်သော်လည်း အရောင်းအဝယ် ခပ်ဖြည်းဖြည်းနှင့် ပုံမှန်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၄ ရက်တွင်ပြောသည်။
Tuesday, 28 July 2020 09:39
ကိုဗစ်ကြောင့် ရောင်းရေးဝယ်တာတွေ လျော့ကျနေသော်လည်း ထိုင်းနိုင်ငံမှ ဒူရင်းသီးတွေကို
Thursday, 23 July 2020 17:53
အဖျော်ယမာက လုပ်ငန်းကြီး ဖြစ်သော ကိုကာကိုလာက ကာလရှည်ကြာ လုပ်ကိုင်ခဲ့သော အချိုရည် brand ဖြစ်သည့် Odwallaကို အဆုံးသတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။
Thursday, 23 July 2020 09:48
ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အများပြည်သူ အလုပ်ပိတ်ရက် ၄ ရက်ဆက်တိုက် ပိတ်မည်ဖြစ်ရာ ဘဏ်များလည်း ဘဏ်များလည်း ၄ ရက် ဆက်ပိတ်မည် ဖြစ်သည်။
ဩဂုတ်လ ၁ ရက်မှာ ဘက္ကရီအစ်နေ့ ဖြစ်ပြီး စနေနေ့ ရုံးပိတ်ရက်တွင် ကျရောက်နေသဖြင့် အစားထိုးပိတ်ရက်အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့ကို ရုံးပိတ်ရက် သတ်မှတ်သည်။
ဩဂုတ်လ ၂ ရက်သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် ရုံးပိတ်ရက် ဖြစ်သည်။
ဩဂုတ်လ ၃ ရက် တနင်္လာနေ့သည် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်သဖြင့် အလုပ်ပိတ်ရက် ဖြစ်သည်။
သို့ဖြစ်ရာ ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ၄ ရက်ဆက်တိုက် ဘဏ်များ ပိတ်မည် ဖြစ်သည်။
Wednesday, 22 July 2020 09:05
ပဋိပက္ခဘေးဒဏ် ကြုံတွေ့နေရသော ချင်းပြည်နယ် ပလက်ဝမြို့သို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ၏ အရေးပေါ် အထောက်အပံ့များ ထပ်မံရောက်ရှိ
Tuesday, 14 July 2020 11:35
ဂျော်နီဝါးကားအရက်ဟာ ကောက်ရိုးဖြင့် ချက်လုပ်တဲ့ ကောင်းမွန်တဲ့ စကော့တလန် အရက် ဖြစ်ကာ ၎င်းတို့ Brand တည်ရှိနေတာ နှစ်ပေါင်း ၂၀၀ လောက်ရှိပါပြီ အခုဆိုရင်တော့ တစ်မျိုး ဆန်းသစ်တဲ့ အနေနဲ့ ဖန်ပုလင်းအစားထိုး စက္ကူပုလင်းနဲ့ ဂျော်နီဝါးကား အရက်ကို ရောင်းချတော့မှာပါ။Diageo ယမကာလုပ်ငန်းစုလက်အောက်ခံ ဂျော်နီဝါးကား တံဆိပ်ဟာ ၎င်းတို့ အနေနဲ့ နောက်နှစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထုတ်ပိုးမှုပုံစံ ဖြင့် နောက်နှစ်မှာ ဂျော်နီဝါးကား ပုလင်းတွေကို စက္ကူဖြင့်ထုတ်လုပ်တော့မှာပါ။ဂျော်နီဝါးကား ဟာ အစကတည်းက ဖန်ပုလင်းနဲ့ အများစုရောင်းချခဲ့တာပါ သည့်ထက် ၎င်းတို့ ယမကာ လုပ်ငန်းဟာ ပလစ်စတစ်သုံးတာလျော့ချဖို့ စိတ်ကူးရှိဟန်တူပါတယ်။
အရက်ပုလင်းများကို ဖန်ပုလင်းဖြင့်ပြုလုပ်မည်ဆိုပါက လူအား ကုန်စေသည် သည့်ထက် သဘာဝပတ်ဝန်းကျင်အတွက် ကာဗွန်ဖောင်းကြွမှုဖြစ်စေတယ်သိရပါတယ်။ထိုကဲ့သို့ ပုလင်းလုပ်ရန်အတွက် Diago အနေနဲ့ Pulpex နဲ့ ပူးပေါင်းခဲ့တယ်သိရပြီး အဆိုပါ Pulpex လုပ်ငန်းစုက Unilever နဲ့ PepsiCo တို့မှ လည်း ပုလင်းခွံ ပူးပေါင်းလုပ်ဆောင်တယ်သိရပါတယ်။
ယခု စက္ကူ ပုလင်းခွံကို ၂၀၂၁ နွေဦးကာလမှာ စတင်ဖြန့်ချီမယ်သိရပြီး ပုလင်းအစို့ကို သစ်သားစို့နှင့်ပြုလုပ်ထားကာ ပုလင်းတစ်ခုလုံး ပြန်လည် recycle လုပ်လို့ ရမယ်လို့ သိရပါတယ်။၎င်းတို့ အနေနဲ့ အသုံးပြုသူတွေကို recycling အမှိုက်ပုံးထဲကို လွင့်ပြစ်နိုင်အောင်ပါတဲ့။ပလက်စတစ်တွေကို အများဆုံးရေသန့်ဘူးတွေမှာ ရှာတွေ့နိုင်တယ်။ကိုကာကိုလာရဲ့ ပြောဆိုချက်အရဆို လူတွေအနေနဲ့ ပလက်စတစ်ဘူးတွေကို သုံးနေကျသုံးပဲတဲ့။ဖျော်ရည် ယမကာ လုပ်ငန်းတွေအနေနဲ့ စက္ကူပုလင်းတွေ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး သူတို့ရဲ့ ထုတ်ကုန်ကို သဘာဝပတ်ဝန်းကျင် အကျိုးပြု ထုတ်မယ်လို့သိရပါတယ်။အခုဆိုရင် Carlsberg ဘီယာမှ စက္ကူဖြင့် ပြုလုပ်တဲ့ ဘီယာဗူးကို လုပ်ဆောင်နေတယ်သိရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ Frugalpac မှထုတ်လုပ်တဲ့ စက္ကူ ဝိုင်ပုလင်းတွေဟာဆိုရင် စွန့်ပြစ်စက္ကူတွေကို အသုံးပြုထုတ်လုပ်ထားတာဖြစ်ပြီး အစားအသောက်ထုတ်ပိုးပစ္စည်းအရည်အသွေးနှင့်ပြည့်မှီတယ်သိရပါတယ်။သို့ပေမယ်ပြီးခဲ့တဲ့ ဇန်နဝါရီလက ကိုကာကိုလာပြောကြားချက်ကတော့ စားသုံးသူတွေအနေနဲ့ ကိုကာကိုလာ ပလက်စတစ်ပုလင်းတွေကို အလိုရှိနေကျတုန်းပါပဲဆိုကာပြောကြားခဲ့ပါတယ်။ပလက်စတစ်ကင်းလွတ်ခြင်း ဂျော်နီဝါးကားရဲ့ မိခင်လုပ်ငန်းစုကြီးမှ ပြောကြားချက်ကတော့ ပုလင်းပုံစံ မိုလ် ထဲကို လောင်းထည့်ကာအပူပေးပြီးလုပ်မှာပါ။ထို့အပြင် အပေါ်ယံ ကုတ်တင် ထက် တင်အုံးမှာပါ။ထိုကုတ်တင်ကတော့ ပလက်စတစ်ကုတ်တင်ဖြစ်ပြီး ထိုအပေါ်ယံမရှိပါက စက္ကူပုလင်းတွေက ရည်ယိုစိမ့်မှာပါ။၎င်းတို့အနေနဲ့ ၅ ရာခိုင်နှုန်း ပလက်စတစ်ကို အသုံးပြုထားတယ်သိရပါတယ်။ဒါဟာ ယခင် ဖန်ပုလင်းတုန်းက သဘာဝဓာတ်ငွေ့ကို သုံးပြီး သဲ ၊ စကျင်ကျောက်စတဲ့ ကုန်ကြမ်းတွေကို အပူတိုက်ပြုလုပ်ရတာထက်စာရင် အများကြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး စွမ်းအင်ချွေတာရာရောက်တယ်သိရပါတယ်။
Monday, 13 July 2020 09:44
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၃ ခု နှင့် ပြည်နယ် ၃ ခု တို့တွင် ကော်ဖီနှံကောင်များ ကျရောက်လျက်ရှိသော်လည်း တောင်သူများ စိုးရိမ်စိတ်မလွန်ကဲကြရန်


