Food & Livestock
ဂျော်နီဝါးကားအရက် ဖန်ပုလင်းများအစား စက္ကူ ပုလင်းဖြင့်ရောင်းချမည်
ဂျော်နီဝါးကားအရက်ဟာ ကောက်ရိုးဖြင့် ချက်လုပ်တဲ့ ကောင်းမွန်တဲ့ စကော့တလန် အရက် ဖြစ်ကာ ၎င်းတို့ Brand တည်ရှိနေတာ နှစ်ပေါင်း ၂၀၀ လောက်ရှိပါပြီ အခုဆိုရင်တော့ တစ်မျိုး ဆန်းသစ်တဲ့ အနေနဲ့ ဖန်ပုလင်းအစားထိုး စက္ကူပုလင်းနဲ့ ဂျော်နီဝါးကား အရက်ကို ရောင်းချတော့မှာပါ။
Diageo ယမကာလုပ်ငန်းစုလက်အောက်ခံ ဂျော်နီဝါးကား တံဆိပ်ဟာ ၎င်းတို့ အနေနဲ့ နောက်နှစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထုတ်ပိုးမှုပုံစံ ဖြင့် နောက်နှစ်မှာ ဂျော်နီဝါးကား ပုလင်းတွေကို စက္ကူဖြင့်ထုတ်လုပ်တော့မှာပါ။ဂျော်နီဝါးကား ဟာ အစကတည်းက ဖန်ပုလင်းနဲ့ အများစုရောင်းချခဲ့တာပါ သည့်ထက် ၎င်းတို့ ယမကာ လုပ်ငန်းဟာ ပလစ်စတစ်သုံးတာလျော့ချဖို့ စိတ်ကူးရှိဟန်တူပါတယ်။
အရက်ပုလင်းများကို ဖန်ပုလင်းဖြင့်ပြုလုပ်မည်ဆိုပါက လူအား ကုန်စေသည် သည့်ထက် သဘာဝပတ်ဝန်းကျင်အတွက် ကာဗွန်ဖောင်းကြွမှုဖြစ်စေတယ်သိရပါတယ်။ထိုကဲ့သို့ ပုလင်းလုပ်ရန်အတွက် Diago အနေနဲ့ Pulpex နဲ့ ပူးပေါင်းခဲ့တယ်သိရပြီး အဆိုပါ Pulpex လုပ်ငန်းစုက Unilever နဲ့ PepsiCo တို့မှ လည်း ပုလင်းခွံ ပူးပေါင်းလုပ်ဆောင်တယ်သိရပါတယ်။
ယခု စက္ကူ ပုလင်းခွံကို ၂၀၂၁ နွေဦးကာလမှာ စတင်ဖြန့်ချီမယ်သိရပြီး ပုလင်းအစို့ကို သစ်သားစို့နှင့်ပြုလုပ်ထားကာ ပုလင်းတစ်ခုလုံး ပြန်လည် recycle လုပ်လို့ ရမယ်လို့ သိရပါတယ်။
၎င်းတို့ အနေနဲ့ အသုံးပြုသူတွေကို recycling အမှိုက်ပုံးထဲကို လွင့်ပြစ်နိုင်အောင်ပါတဲ့။ပလက်စတစ်တွေကို အများဆုံးရေသန့်ဘူးတွေမှာ ရှာတွေ့နိုင်တယ်။ကိုကာကိုလာရဲ့ ပြောဆိုချက်အရဆို လူတွေအနေနဲ့ ပလက်စတစ်ဘူးတွေကို သုံးနေကျသုံးပဲတဲ့။
ဖျော်ရည် ယမကာ လုပ်ငန်းတွေအနေနဲ့ စက္ကူပုလင်းတွေ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး သူတို့ရဲ့ ထုတ်ကုန်ကို သဘာဝပတ်ဝန်းကျင် အကျိုးပြု ထုတ်မယ်လို့သိရပါတယ်။
အခုဆိုရင် Carlsberg ဘီယာမှ စက္ကူဖြင့် ပြုလုပ်တဲ့ ဘီယာဗူးကို လုပ်ဆောင်နေတယ်သိရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ Frugalpac မှထုတ်လုပ်တဲ့ စက္ကူ ဝိုင်ပုလင်းတွေဟာဆိုရင် စွန့်ပြစ်စက္ကူတွေကို အသုံးပြုထုတ်လုပ်ထားတာဖြစ်ပြီး အစားအသောက်ထုတ်ပိုးပစ္စည်းအရည်အသွေးနှင့်ပြည့်မှီတယ်သိရပါတယ်။သို့ပေမယ်ပြီးခဲ့တဲ့ ဇန်နဝါရီလက ကိုကာကိုလာပြောကြားချက်ကတော့ စားသုံးသူတွေအနေနဲ့ ကိုကာကိုလာ ပလက်စတစ်ပုလင်းတွေကို အလိုရှိနေကျတုန်းပါပဲဆိုကာပြောကြားခဲ့ပါတယ်။ပလက်စတစ်ကင်းလွတ်ခြင်း ဂျော်နီဝါးကားရဲ့ မိခင်လုပ်ငန်းစုကြီးမှ ပြောကြားချက်ကတော့ ပုလင်းပုံစံ မိုလ် ထဲကို လောင်းထည့်ကာအပူပေးပြီးလုပ်မှာပါ။ထို့အပြင် အပေါ်ယံ ကုတ်တင် ထက် တင်အုံးမှာပါ။ထိုကုတ်တင်ကတော့ ပလက်စတစ်ကုတ်တင်ဖြစ်ပြီး ထိုအပေါ်ယံမရှိပါက စက္ကူပုလင်းတွေက ရည်ယိုစိမ့်မှာပါ။၎င်းတို့အနေနဲ့ ၅ ရာခိုင်နှုန်း ပလက်စတစ်ကို အသုံးပြုထားတယ်သိရပါတယ်။ဒါဟာ ယခင် ဖန်ပုလင်းတုန်းက သဘာဝဓာတ်ငွေ့ကို သုံးပြီး သဲ ၊ စကျင်ကျောက်စတဲ့ ကုန်ကြမ်းတွေကို အပူတိုက်ပြုလုပ်ရတာထက်စာရင် အများကြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး စွမ်းအင်ချွေတာရာရောက်တယ်သိရပါတယ်။