Food & Livestock
တရုတ်ပြည်တွင်းဈေးကွက်မှာ ထိုင်းဒူရင်းသီး ရောင်းပန်းလှနေဆဲ
ကိုဗစ်ကြောင့် ရောင်းရေးဝယ်တာတွေ လျော့ကျနေသော်လည်း ထိုင်းနိုင်ငံမှ ဒူရင်းသီးတွေကို
တရုတ်ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်နေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ၀ န်ကြီးဌာန၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည်အမေရိကန်ဒေါ်လာ ၅၆၇.၂၉ သန်းတန်ဖိုးရှိသည့် ဒူရင်းသီးထုတ်ကုန်များကို တရုတ်နိုင်ငံသို့ ၂၀၂၀ ခုနှစ်၏ ပထမ ၄ လအတွင်းတင်ပို့ခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၇၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ထိုကာလအတွင်း တရုတ်သည် ကမ္ဘာ့ဒူရင်းပို့ကုန်တန်ဖိုး၏ ၇၂.၁% ကို တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၈၇ ဒသမ ၇၂ သန်းရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဒေါ်လာ ၁.၄၆ ဘီလီယံတန်ဖိုးရှိ ဒူရင်းများကို ပင်လယ်ရပ်ခြားစျေးကွက်သို့ တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၅၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်၊ ဟောင်ကောင်နှင့်အာဆီယံနိုင်ငံများသို့ တင်ပို့သည့် ပမာဏစုစုပေါင်းသည် ပို့ကုန်ပမာဏ၏ ၉၈% ရှိသည်။
Trade Negotiations Department ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Auramon Supthaweethum က ပြောကြားရာတွင် နှစ်စဉ်ရိတ်သိမ်းရာသီမစတင်မီ တရုတ်သစ်သီးကုန်သည်များက ကြိုတင်မှာယူမှုများပြုကြသည့် ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ကြိုတင်အမှာစာများကြောင့် တိုးတက်မှုအားကောင်းလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ သစ်သီးဝလံရောင်းဝယ်သူများသည် ထိုင်းဒူရင်းခြံများသို့ သွားရောက်ကြည့်ရှုပြီးအမှာစာများ ချကြသည်။
ပုဂ္ဂလိကကဏ္ဍသည် တရုတ်သို့ ဒူရင်းပို့ကုန်များ တိုးမြှင့်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ နိုင်ငံ၏ အကြီးမားဆုံး လယ်ယာစီးပွားလုပ်ငန်းစုဖြစ်သည့် Charoen Pokphand (CP) သည် ကွယ်လွန်သူဘုရင် Bhumibol Adulyadej ၏ စီးပွားရေးတိုးတက်မှုအမြင်ကို မြှင့်တင်ရန်ရည်ရွယ်သည့် ဖောင်ဒေးရှင်း Pid Thong Lang Phra နှင့် လက်တွဲခဲ့သည်။
CP Group ၏ဒုတိယဥက္ကဋ္ဌ Jomkitti Sirikul က
တစ်နှစ်ကို တန်ချိန် ၉၀၀,၀၀၀ ထုတ်လုပ်ရန် ခန့်မှန်းထားသည်။
CP Group သည်လွန်ခဲ့သော သုံးနှစ်က တောင်ပိုင်းပြည်နယ်သုံးခုဖြစ်သော Yala၊ Narathiwat နှင့် Pattani ရှိ သစ်သီးခြံများမှ ဒူရင်းထုတ်လုပ်မှုအားလုံးကို ဝယ်ယူခဲ့သည်။ ဥယျာဉ်ခြံများကို Pid Thong Lang Phra ဖောင်ဒေးရှင်းက ထောက်ပံ့သည်။ စိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ ဓာတ်မြေသြဇာများ ထိရောက်စွာအသုံးပြုခြင်း၊ ရေပေးဝေမှုဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်ကုန်အရည်အသွေးတိုးတက်ခြင်းတို့ဖြင့် သုံးနှစ်တာကာလအတွင်း ၎င်းတို့၏ ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ရန် ဒူရင်းစိုက်ပျိုးသူများအား ထောက်ပံ့ရန် စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် CP Group နှင့် အတူပူးတွဲလုပ်ဆောင်ခဲ့သည်။
ကုမ္ပဏီသည် အဆိုပါ တောင်ပိုင်းပြည်နယ် သုံးခုရှိ စိုက်ပျိုးသူများထံမှ ဒူရင်းများကို စျေးကွက်ပေါက်စျေးထက် ၁၀-၁၅ ရာခိုင်နှုန် းပိုမိုမြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူသည်။ စိုက်ပျိုးသူများ၏ ထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် တာ၀န်ကို Chumphon ရှိ ကုမ္ပဏီ၏ ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ တာဝန်ယူသည်။
ဤပူးတွဲကြိုးပမ်းမှုများသည် တောင်ဘက် အစွန်ဆုံးပြည်နယ်သုံးခု၌ ဆင်းရဲမှုကို ဖြေရှင်းရန်ရည်ရွယ်သည်။
“ တရုတ်နိုင်ငံမှာ ဝယ်လိုအားက တအားကောင်းနေတယ်။ ထိုင်းနိုင်ငံရဲ့ ဒူရင်း တင်ပို့မှုဟာ တရုတ်နိုင်ငံရဲ့လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းဖို့ ဝေးနေသေးတယ်” ဟု CP Group ၏ဒုတိယဥက္ကဋ္ဌ Jomkitti Sirikul က ပြောကြားသည်။
Mr Jomkitti က ထိုင်းနိုင်ငံတွင် စုစုပေါင်း ဒူရင်း ထုတ်လုပ်မှုမှာ တစ်နှစ်တန်ချိန် ၉၀၀၀၀၀ ရှိပြီး ပြည်ပသို့ ၈၅ ရာခိုင်နှုန်း တင်ပို့သည်။
ယခုနှစ်တွင် ကုမ္ပဏီသည် ဖောင်ဒေးရှင်းမှ ထောက်ပံ့သော လယ်သမားများထံမှ စုစုပေါင်းကွန်တိန်နာ အလုံး ၁၀၀ စာဖြစ်သည့် စုစုပေါင်းတန်ချိန် ၁၈၀၀ ၀ ယ်ယူရန် စီစဉ်ထားပြီး ထိုပမာဏသည် ၀င်ငွေစုစုပေါင်း ဘတ် ၁၆၂ သန်းရရှိရန် မျှော်မှန်းထားသည်။ ယမန်နှစ်ကထက် ဘတ်သန်း ၈၀ ပိုများသည်။
ကုမ္ပဏီသည် ယခုနှစ်အတွင်း တရုတ်သို့ ကွန်တိန်နာ ၂၅၀ လုံးစာ ဖြစ်သည့် လတ်ဆတ်သော ဒူရင်း တန် ၄၅၀၀ တင်ပို့ရန် ရည်ရွယ်သည်။
“ တောင်ဘက်အစွန်ဆုံး ပြည်နယ်သုံးခုမှာရှိတဲ့ ဒူရင်းစိုက်ပျိုးသူတွေဟာ ပို့ကုန်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ အရည်အသွေးမြင့် ဒူရင်းများ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းများတွေ့ရပါတယ်” ဟု Mr Jomkitti က ပြောကြားခဲ့သည်။
Yala ပြည်နယ်အုပ်ချုပ်ရေးမှူး Chaisit Phanichphong က ပြောကြားရာတွင် ပြည်နယ်သုံးခုသည် ဒူရင်းစိုက်ပျိုးရန် သင့်လျော်သော ရာသီဥတုရှိပြီး မြေဆီလွှာမှာ ကောင်းမွန်သော အရသာရှိရန် အရည်အသွေးကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့် လယ်သမားများသည် ဒူရင်းအပင်များကို သဘာဝအလျောက် ထားရှိပြီး ဆွတ်ခူးကြရာ အရည်အသွေးနိမ့်သော ထုတ်လုပ်မှုမျိုးကိုသာ ရရှိသဖြင့် လယ်သမားများအတွက် ဝင်ငွေနည်းပါးနေရသည်။
Pid Thong Lang Phra နှင့် Charoen Pokphand Group တို့သည် လယ်သမားများအနေဖြင့် ပို့ကုန်ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ၀င်ငွေတိုးပွားစေမည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် ပတ်သက်၍ အကြံဉာဏ်များပေးရန် လက်တွဲခဲ့ကြသည်ဟု Mr Chaisit မှ ပြောကြားခဲ့သည်။ ယခုနှစ် လယ်သမားများသည် ဒူရင်းသီးကို တစ်ကီလိုလျှင် ၁၀၀ ဘတ်ဖြင့်ရောင်းချနိုင်ပြီး စျေးကွက်ပေါက်စျေးထက် ၁၀-၁၅ ရာခိုင်နှုန်း ပိုမိုများပြားသည်။
Yala ၌ ဒူရင်းထုတ်လုပ်မှုသည် ယမန်နှစ်က တန်ချိန် ၄၂၀၀၀ ရှိရာမှ ယခုနှစ်တွင် ၅၃၀၃၁ တန်ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လယ်သမားများက ၀ ယ်လိုအားမြင့်မားခြင်းနှင့် ပိုမိုကောင်းမွန်သောရောင်းစျေးနှုန်းများ ရရှိခြင်းတို့ကြောင့် ဒူရင်းခြံများ တိုးချဲ့စိုက်ပျိုးခဲ့ကြခြင်းကြောင့် ဖြစ်သည်။
Pid Thong Lang Phra စီမံကိန်းတွင် လယ်သမားများ ပိုမိုများပြားစွာ ရောင်းဝယ်ဖောက်ကားမှုမှ ရရှိသော ဝင်ငွေတိုးပွားလာခြင်းကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် Pid Thong Lang Phra စီမံကိန်းတွင် လယ်သမားများ ပိုမိုပါဝင်လာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း Chaisit က ပြောကြားခဲ့သည်။
Pid Thong Lang Phra တွင် တောင်ပိုင်းပြည်နယ် ၃ ခုမှ လယ်သမား ၆၂၅ ဦး ပါဝင်ပြီး အပင် စုစုပေါင်း ၂၉၂၀၁ ထံမှ ယခုနှစ် တန်ချိန် ၁၈၀၀ ထွက်ရှိမည်ဟု မျှော်လင့်ရသည်။
Pid Thong Lang Phra Foundation ၏ ညွှန်ကြားရေးမှူးချုပ် Karan Supakitvilekakarn က Yala ရှိ စမ်းသပ်စီမံကိန်းတွင် ပူးပေါင်းပါဝင်သော လယ်သမား ၁၈ ဦး ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၃၃.၄ တန်ချိန်ရှိသော ဒူရင်းများထံမှ ဘတ် ၂.၃ သန်း ရရှိခဲ့ကြကြောင်း ပြောပြသည်။
လက်ရှိတွင် တောင်ပိုင်းပြည်နယ် (၃) ခုရှိခရိုင် (၁၄) ခုတွင် အပင် ၂၉,၂၀၁ ရှိသည့် တောင်သူ ၆၂၅ ယောက်တို့ အစီအစဉ်တွင် ပါ၀င်နေသည်။
လာမည့်နှစ်တွင် စီမံကိန်းမှာ ပါ၀င်သည့် ဒူရင်းစိုက်ပျိုးသူ အရေအတွက် နှစ်ဆတိုးရန် ဖောင်ဒေးရှင်းက မျှော်လင့်ထားသည်။
Source bangkokpost.com