Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Johnnie Walker ယမကာ အကြောင်း

Johnnie Walker ဆိုရင် မသိတဲ့ သူ အင်မတန်မှ ရှားပါးပါလိမ့်မယ်။Jonnie Walker ဟာ Red Label ၊ Black Label ၊ Double Black ၊ Swing ၊ Green Label ၊ Gold Label ၊ Platinum Label ၊ Blue Label စတဲ့ နာမည်ကျော် ယမကာ များကို ပရိသတ်များ အနေနှင့် ရင်းနှီးကျွမ်းဝင်နေပါလိမ့်မည်။


Johnnie Walker ဟာ အရောင်တွေခွဲပြီး ထုတ်လုပ်ခဲ့ တာကလည်း ဈေးကွက်မှာ လူတန်းစား အမျိုးမျိုး ကို ဆွဲ ဆောင်နိုင်ဖို့ဆိုရင်လဲ ပို မှန်ပါလိမ့်မယ်။ ဒါကြောင့် Platinum Label နဲ့ Blue Label ကစျေးကြီး​လွန်းနေတာပါ။


တချို့သာမန် လူတန်းစားတွေက ဈေးကြီးအရက် ယမကာ ကိုဝယ်ဖို့ လက်တွန့် ကြပါတယ်။ အခြား အလယ်အလတ်နဲ့ သာမန် ယမကာတွေ နဲ့ ဈေးကွက်မှာထိုးဖောက် ဖို့ အတွက် Red Label နဲ့ Black Label ဆိုရင်တော့ သာမန် လူတန်းစားအတွက် အဆင်ပြေပါတယ်။


Johnnie Walker ရဲ့ Brand ဟာဆိုရင်တော့ ဖြင့် ကမ္ဘာ့ နာမည် အကြီးဆုံး စကော့တလန် ယမကာ Brand ကြီးဖြစ်ပါတယ် အဆိုပါ Johnnie Walker ဟာ ဈေးကွက်မှာ ရပ်တည်နေတာ နှစ် ၂၀၀ ကျော်တိတိ ရှိခဲ့ပါပြီ။


Johnnie Walker စကော့တလန်ဝီစကီ ရဲ့ ထူးခြားချက်က အခြားယမကာတွေလို မုယော စပါး အခြောက်ကို နေလှမ်းပြီး ချက်လုပ်ထားတာ မဟုတ်ပါဘူး အကောင်းမွန်ဆုံးဖြစ်တဲ့ ချက်လုပ်ပြီးသား မုယော ယမကာ အချို့ကို သာ စနစ်တကျ အတိုင်းအတာ ဖြင့် ချက်ထားတယ်လို့ သိရပါတယ်။


ကမ္ဘာ့ ဈေးကွက်တွင် နှစ်တစ်နှစ်လျင် ပုလင်းပေါင်း သန်း ၁၅၀ နီးပါး သောက်သုံး သည်ဟုသိရှိရပါသည်။ Johnnie Walker ရဲ့ Label များမှာ ကွဲပြားခြားနားမှု့ရှိပါသည်။


Red Label ( The Pioneer Blend / စတင်ရောနှောခြင်း )


Red Label ဆိုတာကတော့ Johnnie Walker မိသားစုရဲ့ ပထမ ဦးဆုံး အရက်ချက်လုပ်မှုတစ်ခုပါ။ ၁၈၂၀ ခုနှစ်ထဲက နေ ယမကာဈေးကွက်ကို ထိုးဖောက်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့နာမည် အကြီးဆုံး Brand ဖြစ်နေပြီ ဖြစ်သည်။ ပုံပန်းသဏ္ဍာန်မှာဆို ပျားရည်နှင့် ပယင်းရောင်ရှိသည်။ မုယောစေ့ အခြေတည် ချက်လုပ်ထားသော အရက် ၃၅ မျိုးကို ဗနီလာဖြင့်အနည်းငယ်ရောထည့် ချက်လုပ်ထားသည်။ ရနံ့ အားဖြင့် သစ်သီးရနံ့ပြင်းရှရှ နှင့် လက်ဆက်တဲ့ အရသာကိုပေးစွမ်းနိုင်သည့်ကောင်းမွန်လှတဲ့ စကော့တလန်ရိုးရာ ယမကာ တစ်မျိုးဖြစ်သည်။

 

Black Label ( ထူးခြားပြောင်မြောက်တဲ့ ရောစပ်မှု)


Johnnie Walker ရဲ့ Black Label ဟာဆိုရင်တော့ ယမကာများကြားထဲတွင် ထင်ပေါ် လွန်းပါတယ်။ပုလင်းပုံ ပန်းသဏ္ဍန် လှပ ရုံတင်မက ပဲ အရသာမှာလဲထူးခြားကောင်းမွန်ပါတယ်။အရသာ ထူးခြားဆို သိုလှောင်သက်တမ်း ၁၂ နှစ်ခန့်ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို ပေါင်းဆက်ချက်လုပ်ထားသည်သိရသည်။ Black Label တစ်လုံးသည် သိုလှောင်ထား ချိန် ၁၂ နှစ်အထက်ရှိသည်။ Black Label သည်အနည်းငယ်ချိုမြိန်တဲ့အရသာ ခံစားနိုင်ပြီး လုံးဝ smooth ဖြစ်လွန်းတယ်လို့ သိရပါတယ်။


Double Black Label ( အပြင်းစားရောစပ်မှု )


Black Label ကိုမှ စပြစ်သီးခြောက် ၊ ပန်းသီး ၊ သစ်တော်သီး ၊ ဗနီလာတို့ရဲ့ အရသာ ကို ပိုမိုထိမိစေသည်။ထို့အပြင် မုယော ခြောက်များကို မီးရှို့ကာ ထို သာမန် Black Label အား ယမကာ အား မှိုင်းတိုက်ထားသည်။ Smoky ဖြစ်သည် ရနံမှာ ရီဝေဝေ ဖြစ်သည်။


Johnnie Walker Swing ( ရနံံ့ မပြင်းသော ရောစက်မှု)


Johnnie Walker Swing စတင်ဖြစ်ပေါ်လာတာကတော့ ၁၉၃၂ နှစ်ကတည်း ဆိုပါတော့ ပြော ရရင်ေတော့ Johnnie Walker ရဲ့ မြေး ဖြစ်သူ Sir Alexander Walker မှ ကမ္ဘာ့လှည့် ခရီးသွား တွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါတဲ့။ ပြောရရင် ရနံံ့ က အင်မတန်မှ ပျော့ပြောင်းပြီး ရေမွှေး နရံ့ ကဲ့သို့မွှေး ပါတယ်။ 


Green Label ( ရှုပ်ထွေးသောရောစက်မှု )


၁၅ နှစ်ခန့်ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို ပေါင်းဆက်ချက်လုပ်ထားသည်သိရသည်။အဆိုပါ မုယောများသည် စကော့တလန်၏ဌာနေ ၄ခု ဖြစ်သော Speyside ၊ High Lands ၊ Lowland နှင့် Islay အရပ်ဒေသမှ ရရှိသည်။ Green Label တစ်လုံးသည် သိုလှောင်ထား ချိန် ၁၅ နှစ်အထက်ရှိသည်။ Linkwood ၊ Cragganmore နှင့် Talisker စသော အနောက်တိုင်းနာမည်ရှိ အရက်ချက် စက်ရုံကြီး များမှ အရက်များကို ရယူကာချက်လုပ်ထားသည်သိရသည်။

 

Gold Label ( ဂုဏ်ပြု ချီးမြှင့် ခြင်း )


Gold Label ကတော့ ယမကာကို ရောစပ်တဲ့ သူကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့တဲ့ ယမကာ တစ်မျိုးပါ။ Master Distiller Jim Beveridge ရဲ့ ကောင်းမွန်သော ရောချက်မှုဖြစ်ပြီး ဌာနေ ၄ ခုမှ မုယော ဝီစကီ ၁၅ မျိုးကို ရောစပ်ချက်လုပ်ထားသည်။ အလွန် Smooth ဖြစ်ပြီး အရသာမှ Classic ဆန်ပြီး အင်မတန်မှ အဝင်ကောင်းသည်ဟုသိရပါတယ်။


Platinum Label ( သီးသန့် ရော စပ်မှု )


Platinum Label ကတော့ လုံးဝ ဇိမ်ခံ အဆင့်မြင့် ယမကာ ၁၈ မျိုးကို ရောစပ်ချက်လုပ်ထားတာပါ။ ထိုယမကာများမှာ သက်တန်းအားဖြင့် ၁၈ နှစ်ရှိပြီ ဖြစ်သောကြောင့် Platinum Label တစ်လုံးသည် သိုလှောင်ချိန် သက်တမ်း ၁၈ နှစ်ကျော်ပြီဟု သိရသည်။ ထို့ပြင် Johnnie Walker Label များထဲ တွင်ဆုများစွာရရှိထားသော ယမကာပင်ဖြစ်သည်။ ဈေးနှုန်းများသည် အရာခံ လူတန်း စားအတွက် ရည်ရွယ်ပါသည်။


Blue Label ( ရှားပါး ရောစပ်မှု )


Blue Label က Johnnie Walker ယမကာ တွေထဲမှာ အရှားပါးဆုံးပါပဲ။ Blue Label ဟာ ၁၈၆၇ ခုနှစ် Alexander Walker ရဲ့ ‘Old Highland Whisky အရသာကို မှ မှီငြမ်း ထုတ်လုပ် ထားတာပါ။ သစ်ဥသစ်ဖု အရသာနှင့် နှင်းဆီ ပွင့်ဖတ်တို့ကို ဆေးရွက်ကြီး ၊ ချောကလက် အခါး စသည်တို့ နှင့်ပေါင်းစပ် ချက်လုပ်ထားသည်။ Blue Label သည် သက်တမ်းအားဖြင့် ၂၅ နှစ်ရှိနေပြီ ဟု သိရသည်။ သူ့ရဲ့ အရသာ က Classic ဆန်သည်။ ဈေးနှုန်းမှာ Johnnie Walker အရက်များထဲတွင် စျေးအကြီးဆုံးဖြစ်သည်။ အရာခံ လူတန်း စားအတွက် ရည်ရွယ်သည် လူကြီးလူကောင်းများအားတန်ဖိုးကြီးလက်ဆောင်အဖြစ်ပေးနိုင်သည်။


Johnny Walker ရဲ့ Logo အကြောင်း


Johnnie Walker Logo ကိုဆွဲ ထား သူသည် ၁၉ ရာစုရဲ့ ကာတွန်းဆရာ Tom Browne ဖြစ်သည်။ George Paterson နဲ့Alexander Walker တို့ နှစ်ဦးမှာ ပန်းချီဆရာတွေကို ခေါ်ပြိုင်ပွဲဝင်ခိုင်းခဲ့သည်သို့သော် Red Label ၊ Black Label တို့ နှင့်ကိုက်ညီသော Logo ပုံ ကို မည်သည့် ပန်းချီဆရာမှ မဆွဲနိုင်ကျပဲ ကာတွန်းဆရာလေး Tom Browne ကသာ လမ်းလျှောက်နေတဲ့ လူပုံ လေးကို ဆွဲနိုင်ခဲ့ သည်။ ထိုကစ Johnnie Walker ဖြစ်လာခြင်းဖြစ်သည်။

 

Source:Freya

Read times
Rate this item
(0 votes)