Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စီးပွားရေးလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန် ဥရောပနိုင်ငံ ကုန်သည်များ အသင်းနှင့် လက်မှတ်ရေးထိုးမည်

ဥရောပနိုင်ငံများမှ  စီးပွားရေးလုပ်ငန်းများ မန္တလေးတိုင်းဒေသကြီး၌ ပိုမိုဝင်ရောက် ရင်းနှီးမြှုပ်နှံစေရန်နှင့် စီးပွားရေး လုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတိုးမြင့် စေရန်ြ

သဂုတ်  ၃ဝ ရက်တွင်  မန္တလေးတိုင်း ဒေသကြီး  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ဥရောပနိုင်ငံ ကုန်သည်များအသင်းတို့    သဘောတူညီမှု လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး  ကုန်သည်များနှင့်  စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း  အတွင်း ရေးမှူး ဒေါက်တာမောင်မောင်ထံမှ   သိရပါတယ်။

 

အဆိုပါသဘောတူညီမှုစာချွန်လွှာတွင် ဥရောပနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများသည် အနာဂတ်တွင် မန္တလေးတိုင်း ဒေသကြီး၌ ကာလရှည်လုပ်ငန်းများဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်လုပ်ငန်းများကို  ဥရောပနိုင်ငံ များရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းမှ လုပ်ငန်းများ  ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်များကိုဆောင်ရွက်ရန်  အခြေခံ သဘောတူညီချက်များ ပါဝင်မှာဖြစ်ပါတယ်။

 

ယင်း လက်မှတ်ရေးထိုးမှုကို မန္တလေး မြို့    ရတနာပုံ စူပါစင်တာ   လေးလွှာရှိ   မန္တလေးတိုင်း ဒေသကြီး   ကုန် သည် များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးခန်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

''လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ နှစ်ဖက် အဖွဲ့အစည်းတွေပူးပေါင်းပြီး  လုပ်ဆောင်မယ့်လုပ်ငန်းစဉ် အကြောင်းတွေ ကို အချိန်နဲ့ တစ်ပြေးညီ  အသေးစိတ်ထုတ်ပြန်ကြေညာမှာပါ။ လက်မှတ်ရေးထိုးပြီးရင် ဥရောပနိုင်ငံ က စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမယ့် ပမာဏက အရင်ကထက် ထက်ဝက်လောက် မြင့်တက်လာမယ်လို့     မှန်းထားပါတယ်။ 

 

လက်မှတ်ရေးထိုးတာကြောင့်  နှစ်ဦးနှစ်ဖက် အဖွဲ့အစည်းတွေအကျိုးရှိသလို မန္တလေးတိုင်း ဒေ သကြီး က အလုပ်လိုအပ်ချက် ရှိသူတွေ အတွက်  အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမှာပါ''    ဟု   ဒေါက်တာ မောင်မောင် ကပြောကြားခဲ့ပါတယ်။

 လက်ရှိတွင်  မန္တလေးတိုင်းဒေသကြီး အတွင်း ဥရောပမှ  ပြင်သစ်၊ ဂျာမနီ၊ အီတလီ စသည့်နိုင်ငံတို့ရှိ ကုန်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများက   အဓိကဝင်ရောက်ရင်းနှီး မြှုပ်နှံလျက်ရှိပြီး  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်  ဆောင်ရွက်နေ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း   ၆၂  ခုရှိကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:13
Rate this item
(2 votes)