Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ်အတွင်း ပဲဈေးနှုန်းမှာ မတ်ပဲတစ်ပတ်လျှင် ကျပ်နှစ်သောင်းနီးပါးခန့် ပြန်လည်မြင့်တက်လာပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်

တစ်ပတ်အတွင်း ပဲဈေးနှုန်းမှာ မတ်ပဲတစ်ပတ်လျှင် ကျပ်နှစ်သောင်းနီးပါးခန့် ပြန်လည်မြင့်တက်လာပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက် google.com

တစ်ပတ်အတွင်းပဲဈေးနှုန်းမှာ မတ်ပဲတစ်တန်လျှင် ကျပ်နှစ်သောင်းနီးပါးခန့် ပြန်လည်မြင့်တက်လာပြီး FOB ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လျက် ရှိနေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် ဈေနှုန်းများ အရ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်က ထုတ်ပြန်သည့် ပဲဈေးနှုန်းများအရ ၂၀၁၈ ဖေဖော်ဝါရီ ပထမပတ်တွင် ဖြစ်ပေါ်နေသည့် ပေါက်ဈေးအနေဖြင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၁၀၀၀၀၊ FAQ တစ်တန်လျှင် ၅၅၅၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၃၀၀၀၀ ပေါက်ဈေးဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိပြီး တစ်ပတ်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်နှစ်သောင်းနီးပါးခန့် နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်သုံးသောင်းခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိသည်။

 

“ပဲဈေးနှုန်းက ပဲသစ်ပေါ်တဲ့အချိန်က ထက်စာရင် အကျဘက်မှာပဲရှိသေးတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ မတ်ပဲတစ်တန်ကို နှစ်သောင်းနီးပါးလောက် ပြန်တက်လာပါတယ်။ အိန္ဒိယဘက်က အရင်ဝယ်ယူတဲ့ အတိုင်းပြန်ပြီး ၀ယ်မယ်ဆိုရင်တော့ ပဲဈေးက ပုံမှန်တက်နေကျအတိုင်းပြန်ပြီး တက်လာမှာပါ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။

 

Source: Daily Eleven

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(0 votes)