Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥဈေးနှုန်း အနည်းငယ်မြှင့်တက်

ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြား ဝင်ရောက်လျက်ရှိရာ အခြေခံစားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီး၊ မိုးဗြဲဘက်မှ အများဆုံး ဝင်ရောက်လျက်ရှိရာ ယခင်ဇူလိုင်လတွင် တောင်ကြီးမှ ကြက်ဥ (၁၀၈၈) ဖာ ဝင်ရောက်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။

ယခုလက်ရှိ ဩဂုတ်လ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ

အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်၊

အလုံးသေးတစ်လုံးလျှင် (၁၈၀) ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး

ယခင်ဇူလိုင် ဒုတိယပတ် ကြက်ဥဈေးနှုန်းမှာ

အလုံးကြီး တစ်လုံးလျှင် (၁၈၀) ကျပ်၊

အလုံးသေး တစ်လုံးလျှင် (၁၇၀) ကျပ် ခန့်ရှိခဲ့ပြီး

ယခင်ဇူလိုင်လ ဒုတိယပတ်နှင့် ယခုဩဂုတ်လ ဒုတိယပတ် နှိုင်းယှဉ်လျှင်

အလုံးကြီးတစ်လုံးလျှင် (၂၀) ကျပ်၊

အလုံးသေး တစ်လုံးလျှင် (၁၀) ကျပ်ခန့်၊ဈေနှုန်းအနည်းငယ် မြှင့်တက်လာကြောင်း ၊

ဈေးနှုန်းအနည်းငယ် မြှင့်တက်လာရခြင်းမှာ ဒေသတွင်း ကြက်ဥထွက်ရှိမှုမှာ အနည်းငယ်မျှသာရှိသဖြင့် ဈေးကွက်လိုအပ်သော ကြက်ဥများကို အခြားဒေသများမှ မှာယူရ၍ သယ်ယူစရိတ်များရှိသဖြင့် ဈေနှုန်းအနည်းငယ် မြှင့်တက်လာ ကြောင်း နောင်ယားဈေး ကြက်ဥရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

DOCA (ကယား)

#Myanmar Food Industry Guide

Read times
Rate this item
(0 votes)