Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းလက်ကျန်နည်းနေ၍ ကြက်သွန်နီ ဈေးတက်

ပြည်တွင်းတွင်  ကြက်သွန်နီလက်ကျန် နည်းပါးနေခြင်းကြောင့် နှစ်လအတွင်း ကြက်သွန်နီဈေးနှုန်း ၅၀

ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

 

ပြီးခဲ့သည့်နှစ် ကြက်သွန်နီ စတင်စိုက်ပျိုးချိန်က ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထားသည့် ကြက်သွန်နီစုစုပေါင်း ပမာဏ၏ လေးပုံတစ်ပုံခန့်ပျက်စီးခဲ့သည်ဟု တောင်တွင်းကြီးမြို့နယ် မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။ ထို့ကြောင့် မိုးကြက်သွန်နီအသစ်ပေါ်ရန် နှစ်လခန့်လိုသေးသော အချိန်တွင် ပြည်တွင်းလက်ကျန်နည်းပါးနေသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဦးခင်ဟန်ကပြောသည်။

 

လက်ရှိတွင်ပြည်တွင်း ကြက်သွန်နီဈေးနှုန်းသည် ဘုရင့်နောင်ကုန်စည်ဒိုင်၌ တစ်ပိဿာလျှင် ၂,၁၀၀ ကျပ်ခန့်အမြင့်ဆုံးဈေးရှိပြီး ဇူလိုင်လလယ်က တစ် ပိဿာလျှင် ကျပ် ၁,၄၀၀ ခန့်ရှိခဲ့ သဖြင့် နှစ်လအတွင်း တစ်ပိဿာလျှင် ကျပ် ၇၀၀ ခန့်ဈေးတက်လာသည်။

 

ပြည်တွင်း၌ ကြက်သွန်နီ လက်ကျန်သည် ပိဿာချိန် သိန်း ၁၀၀ ခန့်သာကျန်ရှိပြီး မြန်မာနိုင်ငံအတွက် တစ်လစာ စားသုံးမှု လုံလောက်သည်ဟု ကြက်သွန်ကုန်သည်အချို့က ခန့်မှန်းသည်။

 

ကြက်သွန်နီဈေး ကောင်းနေသဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် အသစ်ပေါ်မည့် မိုးကြက်သွန်စိုက်တောင်သူများက ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ကြက်သွန်နီကုန်သည်အချို့က ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:23
Rate this item
(1 Vote)