Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတု မမှန်မှုကြောင့် ချင်းတောင်ပန်းသီး အထွက်နည်းပြီး အရောင်းအဝယ်အေး

ချင်းပြည်နယ်၌ နှစ်စဉ်အထွက်နှုန်း ကောင်းမွန်ခဲ့သော ချင်းတောင်ထွက် ပန်းသီးများ ယခုနှစ်တွင် ရာသီဥတု မမှန်မှုနှင့် စိုက်ပျိုးမှု နည်းပညာစနစ် အားနည်းမှု တို့ကြောင့် ထွက်ရှိမှု နည်းပါးလာပြီး အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။

 

''အရင်တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ချင်းတောင်ပန်းသီးဆိုရင် အခုတောင်သူတွေ တော်တော် များများ မစိုက်ပျိုး ကြတော့ဘူး။ ကုန်ကျစရိတ်က မြင့်လာပြီး ပြည်ပက တင်သွင်းလာတဲ့ ပန်းသီးတွေရဲ့ အရည်အသွေးရော ဈေးနှုန်းပါ မယှဉ်ပြိုင် နိုင်တော့ဘဲ ထုတ်လုပ်မှုတွေ ကျဆင်း လာတယ်''ဟု တီးတိန်မြို့နယ် ဘွင်ကျေးရွာမှ ပန်းသီးခြံပိုင်ရှင် ဦးဒိုဇနန်က ပြောကြားခဲ့ပါတယ်။

 

 

ပန်းသီးကို ဟားခါး၊ ဖလမ်း၊ တီးတိန်မြို့နယ်တို့၌ စိုက်ပျိုးမှုများ ရှိသော်လည်း တီးတိန်မြို့နယ် ဘွင်၊ ဗန်တဲ့၊ လိုဖေ၊ ဆွောင်ပီး၊ ဒိမ်ပီးနှင့် လေးဒေါ့ကျေးရွာ တို့တွင် အများဆုံး စိုက်ပျိုးမှု ရှိကြကြောင်း၊ တီးတိန်မြို့နယ်ထွက် ပန်းသီးကို ထင်းရှူးသေတ္တာဖြင့် ထည့်၍ တစ်ဖက်နိုင်ငံ မြန်မာ-အိန္ဒိယ နယ်စပ်မီဇိုရမ် ပြည်နယ်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မှတစ်ဆင့် ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တို့သို့ လည်းကောင်း၊ ချင်းတွင်း မြစ်ဖျားဒေသသို့ လည်းကောင်း တင်ပို့ ရောင်းချခဲ့ကြပါတယ်။

 

 

ယခုရက်ပိုင်း တီးတိန်ဒေသထွက် ပန်းသီးဈေးကွက်တွင် အိုင်ဝါသီးနှင့် ရူဘီသီး၊ ကိုရီကိုသီး တို့မှာ အရောင်းအသွက်ဆုံး ဖြစ်ပြီး အိုင်ဝါသီးမှာ တစ်ပိဿာ ငွေကျပ် ၃၅ဝဝ ဖြင့် လည်းကောင်း၊ ရူဘီသီးနှင့် ကိုရီကိုသီးတို့မှာ တစ်ပိဿာ ငွေကျပ် ၂၅ဝဝ မှ ၃ဝဝဝ ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ပြီး ကျန်ပန်းသီး အမျိုးအစားများမှာ တစ်ပိဿာ ငွေကျပ် ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်သာ ဈေးရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:13
Rate this item
(2 votes)