Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ အဝယ်လျှော့ခြင်းကြောင့် မတ်ပဲ ဈေးကျသော်လည်း ပဲစင်းငုံဈေးငြိမ်

အိန္ဒိယနိုင်ငံက ဝယ်လို အားလျှော့ချခြင်းကြောင့် ပြည် တွင်း၌ မတ်ပဲဈေးကျနေသော် လည်း

ပဲစင်းငုံဈေးငြိမ်နေသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ဇွန်လက စ၍ သုံးလအတွင်း တင်သွင်းရန် စီစဉ်ခဲ့သော်လည်း နှစ်လကျော်ကြာမြင့်ချိန်တွင် တန်ချိန်တစ်သိန်း ကျော် တင်သွင်းပြီးဖြစ်သော ကြောင့် မြန်မာနိုင်ငံမှ မတ်ပဲဝယ်လိုအားကို လျှော့ချခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲ တစ်တန် လျှင် ကျပ်နှစ်သောင်းခန့် ကျဆင်း ကြောင်း ဆိုသည်။

 

‘‘သူတို့တင်သွင်းမယ့် တန် ချိန်ပြည့်ပြီဆိုတော့ အဝယ်လျော့ လာတယ်။ ဈေးကလည်း ကျလာ တယ်’’ဟု ဦးမင်းကိုဦးက ပြော သည်။  အိန္ဒိယက အဝယ်နည်းခြင်း ကြောင့် မတ်ပဲဈေးကျသော်လည်း  ပဲစင်းငုံဈေးနှုန်း ပြည်တွင်းဈေး ကွက်တွင် တည်ငြိမ်နေသည်။ အိန္ဒိယက ပြည်ပမှ ပဲစင်းငုံတန် ချိန် နှစ်သိန်းတင်သွင်းရန် စီစဉ်ထား ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ ဝယ်လိုအားပုံမှန်ရှိကြောင်း ဦးမင်းကို ဦးက ရှင်းပြသည်။

 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ်လေးသိန်းနှစ်သောင်းခွဲဈေးဖွင့်ပြီး ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသိန်းရှစ်သောင်း ဈေးဖွင့်ကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ပြည် ပသို့ ပဲတင်ပို့နေသည့် ကုန်သည် တစ်ဦးက ပြောသည်။

 

အိန္ဒိယက အဝယ်လျှော့ချ ခြင်းကြောင့် ပြည်တွင်း၌ မတ်ပဲ လက်ကျန် တန်ချိန် နှစ်သိန်းကျော် ရှိသော်လည်း ပဲစင်းငုံသည် ယခု နှစ်ထွက်သည့် ပဲအသစ်တန်ချိန် အချို့သာ  ကျန်ရှိကြောင်း ၎င်းက ပြောသည်။


Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:34
Rate this item
(1 Vote)