Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားက ထောက်ပံ့သော အဆင့်မြင့်ဆန်စက်စီမံကိန်းမှ ဝန်ဆောင်မှုလုပ်ငန်းများ ပေးတော့မည်

Unicode


ကိုရီးယားက ထောက်ပံ့သော အဆင့်မြင့်ဆန်စက်စီမံကိန်းမှ ဝန်ဆောင်မှုလုပ်ငန်းများ ပေးတော့မည်


ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ (၃ ဒသမ ၅) သန်းထောက်ပံ့ကာ နေပြည်တော်၊ ရေဆင်းမှာ တည်ဆောက်ခဲ့တဲ့ အဆင်မြင့်ဆန်စက် တည်ဆောက်ရေးလုပ်ငန်းတွေကနေ စပါးစိုက်ဧရိယာ ဟက်တာ (၃၀၀) မှ ဟက်တာ (၅၀၀) အထိ အထွေထွေဝန်ဆောင်မှုတွေကို လာမယ့် နွေရာသီမှစကာ ပေးနိုင်တော့မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

 


‌ရေဆင်း ဆည်ရေသောက် ဧရိယာအတွင်းရှိ တောင်သူလယ်သမားများနှင့် အခြားဒေသ တောင်သူများ၏ စိုက်ပျိုးထွက်ရှိလာတဲ့ စပါးများကို အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 


Read More >>>>>     အိႏၵိယႏိုင္ငံမွ ေကာလာဟလ သတင္းမ်ားေၾကာင့္ ျပည္တြင္း၌ မတ္ပဲေဈးက်ဆင္း

 


၎င်းအဆင့်မြင့်ဆန်စက်ကို နှစ်နိုင်ငံ ချစ်ကြည်ရေးကို အခြေခံပြီး ကိုရီးယားရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး စပါးအခြောက်ခံတာ သိုလှောင်ကြိတ်ခွဲရေးတွေကို စတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှ သိရပါတယ်။

 


အဆင့်မြင့်ဆန်စက် တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ (၃) နှစ်ကြာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး စပါးအခြောက်ခံစက်၊ သန့်စင်ကြိတ်ခွဲစက်နဲ့ သိုလှောင်ရုံတွေ ပါဝင်တယ်လို့ သိရပါတယ်။


Source: AMIA

 

 

ကုိရီးယားက ေထာက္ပံ့ေသာ အဆင့္ျမင့္ဆန္စက္စီမံကိန္းမွ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေပးေတာ့မည္

 

ကုိရီးယားႏုိင္ငံက အေမရိကန္ေဒၚလာ (၃ ဒသမ ၅) သန္းေထာက္ပံ့ကာ ေနျပည္ေတာ္၊ ေရဆင္းမွာ တည္ေဆာက္ခဲ့တဲ့ အဆင္ျမင့္ဆန္စက္ တည္ေဆာက္ေရးလုပ္ငန္းေတြကေန စပါးစုိက္ဧရိယာ ဟက္တာ (၃၀၀) မွ ဟက္တာ (၅၀၀) အထိ အေထြေထြဝန္ေဆာင္မႈေတြကို လာမယ့္ ေႏြရာသီမွစကာ ေပးႏုိင္ေတာ့မယ္လုိ႔ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရပါတယ္။

 


‌ေရဆင္း ဆည္ေရေသာက္ ဧရိယာအတြင္းရွိ ေတာင္သူလယ္သမားမ်ားႏွင့္ အျခားေဒသ ေတာင္သူမ်ား၏ စိုက္ပ်ိဳးထြက္ရွိလာတဲ့ စပါးမ်ားကို အေျခာက္ခံျခင္း၊ သိုေလွာင္ျခင္း၊ ႀကိတ္ခြဲျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္။

 


Read More >>>>>     အိႏၵိယႏိုင္ငံမွ ေကာလာဟလ သတင္းမ်ားေၾကာင့္ ျပည္တြင္း၌ မတ္ပဲေဈးက်ဆင္း

 


၎အဆင့္ျမင့္ဆန္စက္ကုိ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးကို အေျခခံၿပီး ကိုရီးယားရဲ႕ အကူအညီနဲ႔ တည္ေဆာက္ခဲ့တာျဖစ္ၿပီး စပါးအေျခာက္ခံတာ သိုေလွာင္ႀကိတ္ခြဲေရးေတြကို စတင္ေဆာင္ရြက္ေတာ့မွာျဖစ္ေၾကာင္း ၎ဝန္ႀကီးဌာနမွ သိရပါတယ္။

 


အဆင့္ျမင့္ဆန္စက္ တည္ေဆာက္ေရးစီမံကိန္းကို ၂၀၁၆-၂၀၁၇ ခုႏွစ္မွ ၂၀၁၈-၂၀၁၉ ခုႏွစ္အထိ (၃) ႏွစ္ၾကာ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး စပါးအေျခာက္ခံစက္၊ သန႔္စင္ႀကိတ္ခြဲစက္နဲ႔ သိုေလွာင္႐ုံေတြ ပါ၀င္တယ္လို႔ သိရပါတယ္။

 


Source: AMIA

Read times Last modified on Wednesday, 05 February 2020 15:31
Rate this item
(0 votes)