Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နောက်နှစ်အတွက် မူလအတိုင်းရှိမယ့် ပဲဈေးကွက်

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့ မှု ဈေးကွက်အပြောင်းအလဲဟာ အရင်အတိုင်းပဲ ရှိနေပါတယ်။

မတ်ပဲကလည်း ပြီးခဲ့သည့် ၂နှစ် အတွင်း ဈေးအကောင်းဆုံးမှ လျော့ကျပြီး ပဲတီစိမ်းဈေးကွက် သိသာစွာ ကောင်းလာပါတယ်။ အရင်းအနှီးနည်းပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ မတ်ပဲစိုက်ပျိုး ထုတ်လုပ်မှုမှာ လျော့နည်းသွားဦးမည် မဟုတ်ကြောင်း သိရပါတယ်။

မတ်ပဲဈေးကွက်မှာ ခဏဈေးကွက်အေးသွားခဲ့တဲ့အတွက်ကြောင့် ယခုလက်ရှိတွင် မတ်ပဲဈေးမှာ ပြန်လည်ကောင်းမွန်လာနေပြီး တင်ပို့မှုအနေဖြင့်လည်း ယခင်နှစ်အောက်မလျော့နိုင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် ငါးသိန်းဝန်းကျင်ထွက်ရှိကြောင်း  သိရပါတယ်။ ပဲတီစိမ်းက ဈေးကောင်းတဲ့ အတွက်ကြောင့် ဈေးကွက်အရ တောင်သူအများစု စိုက်ပျိုးလာမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ပဲဈေးနှုန်းသည် အိန္ဒိယနိုင်ငံနှင့်ယှဉ်လျှင် ဈေးနှုန်းသက်သာနေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံ အနေဖြင့်လည်း ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို မှီခိုနေရဆဲဖြစ်ပါတယ်။

ပြည်တွင်းတွင် ရောင်းဝယ်မှုစနစ်အလွန် ကြိုရောင်း ကြိုဝယ်စနစ်ကို စတင်အကောင်အထည်ဖော်ပြီး ထိုစနစ်ကြောင့်  ပြည်တွင်း၏ ပဲမျိုးစုံကုန်သွယ်မှုမှာ အခြားသီးနှံဈေးကွက်များထက်  ပိုမိုစွဲဆောင်မှုရှိမည်ဟု ကုန်သည်များက ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source: UMFCCI

Read times Last modified on Wednesday, 19 September 2018 13:49
Rate this item
(1 Vote)