Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းစားသုံးမှုအတွက် အိုင်အိုဒင်း ဆားလုံလောက်စွာ ထုတ်လုပ်ပေးနိုင်

Unicode


ပြည်တွင်းစားသုံးမှုအတွက် အိုင်အိုဒင်း ဆားလုံလောက်စွာ ထုတ်လုပ်ပေးနိုင်

မြန်မာနိုင်ငံ အနေဖြင့်  ကမ္ဘာပေါ်ရှိ ဆားထုတ်လုပ်သည့် နိုင်ငံပေါင်း ၉၃ နိုင်ငံ အနက် ဆားထုတ်လုပ်နိုင်မှု အဆင့် (၅၁)၌ရှိပြီး အိုင်အိုဒင်းဆားကို ပြည်တွင်းစားသုံး မှုအတွက် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

 

ဘီစကစ္၊ ဘီစကစ္ပြၾကြပ္ႏွင့္ကြတ္ကီးလုပ္ငန္းမ်ား (၆၃) ခုကိုရွာရန္ႏွိပ္ပါ

 

ပြည်တွင်း၌ ပုဂ္ဂလိက နေလှန်းဆားကြမ်းကို အဓိက ထုတ်လုပ်နေသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ငါးခုရှိပြီး ယင်းတို့မှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကာ   ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်   စုစုပေါင်းဆား တန်ချိန် ၁၈၂ဝဝ ကျော်   ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

''မြန်မာနိုင်ငံမှာ  ဆားကိုချက်ပြီး ထုတ်လုပ်နေရာက နေလှန်းဆားကြမ်း ထုတ်လုပ်မှုကို ၁၉၆၃-၁၉၆၄ ခုနှစ်မှာ သံဖြူဇရပ် မြို့နယ်ရှိ ကျိုက္ခမီဆားကွင်းက စထုတ်ခဲ့တာကို တွေ့ရတယ်။  လူတစ်ဦးအဖို့  တစ်ရက် ဆား သုည ဒသမ ၅ ကျပ်သား စားသုံးနိုင်တဲ့အတွက်  လက်ရှိ  ထုတ်နိုင်တဲ့ ဆားတန်ချိန်နဲ့ဆိုရင် အိုင်အိုဒင်းဆား လုံလောက်မှု ရှိပါတယ်'' ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

Read More >>>>>   ဆူးအျပည့္နဲ႔ သစ္သီးဘုရင္

 

လူတစ်ဦး  တစ်ရက်လျှင် ဆား သုည ဒသမ ၅ ကျပ်သားစားသုံးနိုင်သဖြင့် နိုင်ငံ လူဦးရေ ၅ သန်းခန့်အတွက် တစ်နှစ်စာ စားသုံးရန် အိုင်အိုဒင်းဆားချော ၁၆ဝ၉ဝ၃ တန် လိုအပ်ပြီး အဆိုပါဆားချော ရရှိရေး အတွက် နေလှန်းဆားကြမ်းခန့်မှန်းတန် ချိန် ၁၈၅ဝ၃၈ တန်ခန့် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။

 

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အိုင်အိုဒင်း ဆားကြိတ်စက် ၈၄ လုံးမှ အိုင်အိုဒင်းဆားချော ၂ဝရ၃၂၄ တန် ထုတ်လုပ်နိုင်ခဲ့၍ ပြည်တွင်း ပုဂ္ဂလိကဆား ထုတ်လုပ်မှုသည်   စားသုံးမှုအတွက်   လုံလောက်သော အခြေအနေရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ေဆးထိုးၾကက္သားမ်ားရဲ႕ အႏၱရာယ္

 

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း  ပုဂ္ဂလိကဆား ထုတ်လုပ်မှုမှာ ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားကြိတ်စက် ၃၂ လုံးမှ ဆားချောတန်ချိန် ၂၃ဝ၁ဝ၊ ရခိုင်ပြည်နယ်ရှိ ဆားကြိတ်စက် ၂၁ လုံးမှ ဆားချောတန်ချိန် ၁၅၄၃ဝ၊ မွန်ပြည်နယ်ရှိ ဆားကြိတ်စက် ၁၄ လုံးမှ  ဆားချော ၁၁ဝဝ၂ တန်၊  ရန်ကုန်တိုင်း ဒေသကြီးရှိ ဆားကြိတ်စက် ၁၆ လုံးမှ ဆားချောတန် ချိန် ၁၅၇၄ဝဝ နှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆားကြိတ်စက် တစ်လုံးမှ ဆားချော ၄၈၂ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း  သိရပါတယ်။

 

Source: Myawady

 

 

 

 

ျပည္တြင္းစားသံုးမႈအတြက္ အိုင္အိုဒင္း ဆားလုံေလာက္စြာ ထုတ္လုပ္ေပးႏုိင္

 

ျမန္မာႏုိင္ငံ အေနျဖင့္  ကမၻာေပၚရွိ ဆားထုတ္လုပ္သည့္ ႏုိင္ငံေပါင္း ၉၃ ႏုိင္ငံ အနက္ ဆားထုတ္လုပ္ႏုိင္မႈ အဆင့္ (၅၁)၌ရွိၿပီး အိုင္အိုဒင္းဆားကို ျပည္တြင္းစားသံုး မႈအတြက္ လုံေလာက္စြာ ထုတ္လုပ္ေပးႏုိင္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ  တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရပါတယ္။

 

ဘီစကစ္၊ ဘီစကစ္ပြၾကြပ္ႏွင့္ကြတ္ကီးလုပ္ငန္းမ်ား (၆၃) ခုကိုရွာရန္ႏွိပ္ပါ 

 

ျပည္တြင္း၌ ပုဂၢလိက ေနလွန္းဆားၾကမ္းကို အဓိက ထုတ္လုပ္ေနသည့္ တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္ငါးခုရွိၿပီး ယင္းတုိ႔မွာ ရန္ကုန္တုိင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္း ေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔ျဖစ္ကာ   ၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္တြင္   စုစုေပါင္းဆား တန္ခ်ိန္ ၁၈၂ဝဝ ေက်ာ္   ထုတ္လုပ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

 

''ျမန္မာႏုိင္ငံမွာ  ဆားကိုခ်က္ၿပီး ထုတ္လုပ္ေနရာက ေနလွန္းဆားၾကမ္း ထုတ္လုပ္မႈကို ၁၉၆၃-၁၉၆၄ ခုႏွစ္မွာ သံျဖဴဇရပ္ ၿမိဳ႕နယ္ရွိ က်ဳိကၡမီဆားကြင္းက စထုတ္ခဲ့တာကို ေတြ႕ရတယ္။  လူတစ္ဦးအဖုိ႔  တစ္ရက္ ဆား သုည ဒသမ ၅ က်ပ္သား စားသုံးႏုိင္တဲ့အတြက္  လက္ရွိ  ထုတ္ႏုိင္တဲ့ ဆားတန္ခ်ိန္နဲ႔ဆိုရင္ အိုင္အိုဒင္းဆား လုံေလာက္မႈ ရွိပါတယ္'' ဟု ၎ကေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>   ဆူးအျပည့္နဲ႔ သစ္သီးဘုရင္

 

လူတစ္ဦး  တစ္ရက္လွ်င္ ဆား သုည ဒသမ ၅ က်ပ္သားစားသုံးႏုိင္သျဖင့္ ႏုိင္ငံ လူဦးေရ ၅ သန္းခန္႔အတြက္ တစ္ႏွစ္စာ စားသုံးရန္ အိုင္အိုဒင္းဆားေခ်ာ ၁၆ဝ၉ဝ၃ တန္ လိုအပ္ၿပီး အဆိုပါဆားေခ်ာ ရရွိေရး အတြက္ ေနလွန္းဆားၾကမ္းခန္႔မွန္းတန္ ခ်ိန္ ၁၈၅ဝ၃၈ တန္ခန္႔ ထုတ္လုပ္ရမွာ ျဖစ္ပါတယ္။

 

၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္အတြင္း အိုင္အိုဒင္း ဆားႀကိတ္စက္ ၈၄ လုံးမွ အိုင္အိုဒင္းဆားေခ်ာ ၂ဝ၇၃၂၄ တန္ ထုတ္လုပ္ႏုိင္ခဲ့၍ ျပည္တြင္း ပုဂၢလိကဆား ထုတ္လုပ္မႈသည္   စားသုံးမႈအတြက္   လုံေလာက္ေသာ အေျခအေနရွိေၾကာင္း သိရပါတယ္။

 

Read More >>>>>   ေဆးထိုးၾကက္သားမ်ားရဲ႕ အႏၱရာယ္

 

၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္အတြင္း ျပည္တြင္း  ပုဂၢလိကဆား ထုတ္လုပ္မႈမွာ ဧရာဝတီတိုင္း ေဒသႀကီးရွိ ဆားႀကိတ္စက္ ၃၂ လုံးမွ ဆားေခ်ာတန္ခ်ိန္ ၂၃ဝ၁ဝ၊ ရခိုင္ျပည္နယ္ရွိ ဆားႀကိတ္စက္ ၂၁ လုံးမွ ဆားေခ်ာတန္ခ်ိန္ ၁၅၄၃ဝ၊ မြန္ျပည္နယ္ရွိ ဆားႀကိတ္စက္ ၁၄ လုံးမွ  ဆားေခ်ာ ၁၁ဝဝ၂ တန္၊  ရန္ကုန္တိုင္း ေဒသႀကီးရွိ ဆားႀကိတ္စက္ ၁၆ လုံးမွ ဆားေခ်ာတန္ ခ်ိန္ ၁၅၇၄ဝဝ ႏွင့္ တနသၤာရီတိုင္း ေဒသႀကီးရွိ ဆားႀကိတ္စက္ တစ္လုံးမွ ဆားေခ်ာ ၄၈၂ တန္ ထုတ္လုပ္ႏုိင္ခဲ့ေၾကာင္း  သိရပါတယ္။

 

Source: Myawady

 

 

Read times Last modified on Friday, 14 February 2020 15:54
Rate this item
(0 votes)