Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံက တိုင်ဝမ် ဘီစကွတ် ၊အသီးနှင့် ငါး တင်သွင်းမှု ပိတ်ပင်

ဗုဒ္ဓဟူးနေ့(ဩဂုတ် ၃ရက်) မှာ တရုတ်နိုင်ငံက တိုင်ဝမ်မှ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများနှင့် ငါးအမျိုးအစားတစ်မျိုးတို့ တရုတ်ပြည်သို့ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ခဲ့တာအတွက် လက်တုံ့ပြန်တာလို့ ယူဆရပါတယ်။ နန်စီပလိုစီ တိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့ လာရောက်မယ်လို့ ဆိုကတည်းက တရုတ်နိုင်ငံ အ‌ကောက်ခွန်ဌာနက တနင်္လာနေ့မှာ တိုင်ဝမ်မှ တရုတ်ပြည်သို့ တင်ပို့နေကျ ဘီစကွတ်နှင့် မုန့် ပို့ကုန်လုပ်ငန်း ၃၅ ခုကို ပိတ်ပင်ခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီမှ ဇွန်လအတွင်း ထိုင်ဝမ်ထံမှ တရုတ်နိုင်ငံ တင်သွင်းတဲ့တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ ဘီလီယံ ရှိပါတယ်။

Day 337 / 365 - Fox's Biscuits

တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများ၊ အအေးပေး ငါးတံခွန်၊ အေးခဲငါးမြင်းခွာတို့ တင်သွင်းခြင်းကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းထားလိုက်ပါတယ်။ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများမှာ ပိုးသတ်ဆေး အကြွင်းအကျန် ရှိနေတယ်လို့ သံသယရှိလို့ တင်သွင်းမှု ရပ်ထားတယ်လို့ ဆိုပါတယ်။ အေးခဲငါးတွေရဲ့ အထုပ်အပိုးတချို့ပေါ်မှာ ဇွန်လတုန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ တင်သွင်းမှု ရပ်ထားတာလို့ ဆိုပါတယ်။

 

ထိုင်ဝမ်မှ တရုတ်နိုင်ငံက အများဆုံး တင်သွင်းတဲ့ စားသောက်ကုန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များမှာ ပင်လယ်စာ၊ ကော်ဖီ၊ နို့ထွက်ပစ္စည်း၊ အဖျော်ယမကာနှင့် ရှာလကာရည်တို့ ဖြစ်ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ငါးနှင့် အခြားရေနေ ကျောရိုးမဲ့ သတ္တဝါများ ယွမ် ၃၉၉ သန်းဖိုး တရုတ်နိုင်ငံက တိုင်ဝမ်မှ တင်သွင်းခဲ့ပါတယ်။

 

Myanmar Food Guide

Read times Last modified on Friday, 05 August 2022 10:12
Rate this item
(0 votes)