Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဆန်တင်ပို့သည့် ဆိပ်ကမ်းများ တိုးချဲ့နိုင်ရန် စီစဉ်

ပြည်ပဆန်တင်ပို့နိုင်သည့် ဆိပ်ကမ်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဟု

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်သုံးသန်းကျော်အထိ တင်ပို့နိုင်ခဲ့ပြီးနှစ် ၇၀ အတွင်း အမြင့်ဆုံးစံချိန်တင်တင်ပို့နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံမှ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အနောက်အာဖရိကနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့သို့ တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။

 

လက်ရှိတွင် ရန်ကုန်နှင့်မူဆယ်ဆိပ်ကမ်းများမှ တင်ပို့နေရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် သက်သာစေရန် ဆန်ထွက်သည့်နေရာများမှတစ်ဆင့် ဆိပ်ကမ်းများသို့ တိုက်ရိုက်တင်ပို့သည့် စနစ်မျိုး ရှိရန် လိုအပ်ကြောင်း ဆန်စပါးပညာရှင်၏ သုံးသပ်ချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:33
Rate this item
(1 Vote)