Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွဲ၊ နွားများ ဝယ်ယူစုဆောင်းခွင့်ကန့်သတ်မှု မွေး/ကု ညှိနှိုင်းမည်

စစ်ကိုင်းတိုင်းအတွင်း ပြည်ပတင်ပို့မည့် ကျွဲ၊ နွားများ ဝယ်ယူ/စုဆောင်း/သယ်ဆောင်မှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က

ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စစ်ကိုင်းတိုင်းအစိုးရ၊ ဒေ သခံတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း မွေး/ကုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။

 

ပြည်ပတင်ပို့မည့် ကျွဲ၊ နွားများ ဝယ်ယူမည်ဆိုပါက ကျွဲ၊ နွားပွဲဈေးများတွင် အရောင်းဝယ်ခွန်ပေးဆောင်ပြီးသည့် ပြေစာနှင့် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူရန်၊ ယာယီစုဆောင်းရပ်သို့ ကျွဲ၊ နွားများဝယ်ယူသယ်ဆောင်မည်ဆိုပါက ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ ကျွဲ၊ နွားယာယီ စုဆောင်းမည့် မြေနေရာကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားရန် စသည့်အချက်များကို စစ်ကိုင်းတိုင်းအစိုးရက ကန့်သတ်လိုက်ခြင်းဖြစ်သည်။

 

ကျွဲ၊ နွားအရောင်းအဝယ်က နွားပွဲဈေးမှာပဲ လုပ်ရမယ်ဆိုတဲ့သဘောဆိုတော့ တောင်သူတွေက လုပ်တာကိုင်တာ ခက်ခဲတာ၊ ကုန်ကျစရိတ် ပိုကုန်တာတွေ ဖြစ်မှာပေါ့။ ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရနဲ့ရော ဒေသခံတွေမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘယ်လိုတွေဖြစ်လဲဆိုတာကို ဆွေးနွေးညှိနှိုင်းရမှာပေါ့”ဟု ဒေါက်တာရဲထွန်းဝင်းက ပြောဆိုသည်။

 

ကျွဲ၊ နွားများ ဝယ်ယူ/စုဆောင်း/သယ်ဆောင်ခွင့်ကို ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်၍ မွေး/ကုဦးစီးဌာနက သက် ဆိုင်ရာအစိုးရ၊ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ပြီး ယင်းကန့်သတ်မှုနှင့်ပတ်သက်၍ အစည်းအဝေးတစ်ခု ကိုလည်း မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ထို့ပြင် ပြည်ပသို့ တင်ပို့သယ်ဆောင်ခွင့်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတည် ပြု မိန့်၊ သက်ဆိုင် ရာဝန်ကြီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ စိစစ်တင်ပြချက်၊ သက်ဆိုင်ရာ မွေး/ကု ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ်ပေါင်းချုပ်နှင့်အတူ တိုင်းဒေသကြီး မွေး/ကုဦးစီးဌာနမှ တိုင်းအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရန် စသည့်အချက်များ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းအစိုးရက အောက်တိုဘာလအစောပိုင်းက စာထုတ်ညွှန်ကြားထားခြင်းဖြစ်သည်။

 

တောင်သူတွေရဲ့ လွတ်လပ်စွာ ရောင်းချခွင့်ကို ပိတ်ပင်ပြီး နွားပွဲဈေးမှာပဲ ရောင်းချဖို့ ကန့်သတ်လိုက်တာ နွားပွဲဈေးသမား အကျိုးရှိအောင် လုပ်ပေးလိုက်တဲ့အပြင် ကျွဲ၊ နွားတွေ ဝယ်ယူ၊ သယ်ဆောင်ရင် ပြည်ထောင်စုအစိုးရက တာဝန်မပေးထားတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို ဒီညွှန်ကြားချက်မှာ တာဝန်ပေးထားတာပါ” ဟု ခင်ဦးမြို့မှ တောင်သူ ဦးသောင်းခိုင်က ပြောကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားချက်နှင့်ပတ်သက်၍ ပြည်ပသို့ကျွဲ၊ နွားတင်ပို့သည့် တောင်သူအစုအဖွဲ့များနှင့် မွေးမြူ/ထုတ် လုပ်သူများက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို စစ်ကိုင်းတိုင်းေ ဒသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ သိန်းကမ္ဘာခန်းမတွင် အောက်တိုဘာလ ၂၉ ရက်နေ့၌ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

 

ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ကို တရားမဝင်တင်ပို့မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက် ရှိစေရန်နှင့် မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ဝယ်ယူ/စုဆောင်းခြင်း၊ နယ်ကျော်သယ်ဆောင်ခြင်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မွေး/ကုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

Source: Voice

Read times
Rate this item
(1 Vote)