Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ မြန်မာ့နှမ်းကို ဈေးကောင်းပေးဝယ်နေ

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့နှမ်းများ ဈေးနှုန်းပိုမို ရရှိနေကြောင်း ကုန်သည်များရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

''နှမ်းက ဈေးကောင်းရတယ်။ စမုန်နှမ်းနက်နဲ့ အဖြူက ပိုပြီး အရောင်းသွက်တယ်။ တရုတ်ဘက်မှာဆိုရင် စားသောက်ကုန်တွေအတွက် အများဆုံး အသုံးပြုလာတယ်'' လို့ မန္တလေး - မူဆယ်ရှိ ကုန်သည် ဦးနေလင်းက ပြောပါတယ်။

 

စမုန်နှမ်းတစ်တန်လျှင် ငွေကျပ် (၂၉) သိန်းကျော်၊ နှမ်းနက်တစ်တန်လျှင် ငွေကျပ် (၁၈) သိန်းကျော်၊ နှမ်းဖြူတစ်တန်လျှင် ငွေကျပ် (၂၁) သိန်းကျော်၊ နှမ်းအခွံချွတ် တစ်တန်လျှင် ငွေကျပ် (၂၅) သိန်းကျော် ပေါက်ဈေးရှိပါတယ်။

 

''အရင်နှစ်က နှမ်းမျိုးစုံထွက်ရှိတဲ့ ပမာဏနည်းတယ်။ ဒီနှစ်လည်း နှမ်းစိုက်ချိန် မိုးခေါင်လို့ နှမ်းပင်တွေ သေတာများပြီး ပြန်စိုက်ရတာတွေ ရှိတယ်။ တရုတ်နိုင်ငံက မြန်မာ့နှမ်းမျိုးစုံကို အကုန်ဝယ်တယ်'' လို့ မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်မိုးက ပြောပါတယ်။

 


Read More >>>>>  မြန်မာ့ငရုတ်သီး တန်ချိန် ( ၄၀၀၀၀ ) ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်း

 


မြန်မာနိုင်ငံမှာ နှမ်းကို မိုးနည်းရပ်ဝန်းဒေသများဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးပြီး နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းညို၊ နှမ်းနက်နဲ့ နှမ်းကျား ဆိုပြီး ခွဲခြားရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Wednesday, 03 July 2019 17:06
Rate this item
(1 Vote)